လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဗုဒ္ဓဝင် အကျဉ်း



ဗုဒ္ဓဘာသာဝင် လူကြီး လူငယ် လူလတ် အပေါင်းတို့ ဘာသာခြားများက စမ်းသပ်မေးမြန်းလာခဲ့ကြလျှင် မထစ်မငေါ့ဘဲနဲ့ တန်းနေအောင်ဖြေနိုင်ဖို့အတွက် သိထားတတ်ထားသင့်တဲ့ဗုဒ္ဓဝင်အကျဉ်းလေးကို မျှဝေလိုက်ရခြင်းဖြစ်ပါတယ် သိအောင်လုပ်ဖို့က ဘယ်သူ့တာဝန်လဲ ……………
နောက်တစ်ခါဘာသာခြားတွေကမေးလာရင် ဒီ လိုရင်းလေးတွေတော့ဖြေနိုင်တာပဲကြားချင်တယ် ဗုဒ္ဓဘာသာဝင်တွေကို ငအ ကြီးတွေလို့ပြောခံရတယ်လို့ မကြားချင်ဘူးနော် …………


၁။ ဗျာဒိတ်ခံယူသောဘဝ -သုမေဓာရှင်ရသေ့ဘဝ
၂။ဗျာဒိတ်ခံယူသောနေ့ -ကဆုန်လပြည့်နေ့
၃။ဗျာဒိတ်ပေးသောဘုရား -ဒီပင်္ကရာဘုရား
၎။ပါရမီဖြည့်ဖက် -သုမိတ္တာအမျိုးသမီး
၅။ပါရမီဖြည့်ရာကာလ -လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း (သုမေဓာရသေ့ဘဝမှဝေန္တဿ     ရာဘဝအထိ)
၆။ဖြည့်ခဲ့သောပါရမီ -ဒါနစသောပါရမီ(၁၀)ပါး
၇။ပါရမီဖြည့်ရခြင်းရည်ရွယ်ချက် -သတ္တဝါများ၏အကျိုးကိုဆောင်ရွက်ရန်
၈။နောက်ဆုံးစံခဲ့သောနတ်ပြည် -တုသိတာနတ်ပြည်
၉။နတ်သားအမည် -သေတကေတုမည်တဲ့နတ်သား
၁၀။ဘုရားဖြစ်ရန်တောင်းပန်သူ -နတ်ဗြဟ္မာများ
၁၁။ကြည့်ခြင်းငါးပါးဖြင့်ကြည့်တယ်လူ့ပြည့်ကို
     ကြည့်ခြင်းငါးပါးဆိုတာ
     ကာလ လူ့သက်တမ်း
     ဒီပ ဘုရားဖြစ်ရန်ဇမ္ဗူဒီပကျွန်း
     ဒေသ ဘုရားဖြစ်ရန်အရပ်
     ကုလ ဘုရားဖြစ်ရာမျိုးနွယ်
     မာတုအာယုပရိစ္ဆေဒ မိခင်ရဲ့အသက်အပိုင်းခြား
၁၂။မယ်တော်ရဲ့အိပ်မက်                       နတ်များကအနောဝတတ်အိုင်သို့သယ်ပြီးရေချိုးပေးတယ်တဲ့ ကျောက်ဖြာ၌အိပ်ရတယ်    ဆင်ဖြူတော်ဝင်သည်ဟု အိပ်မက်မက်တယ်
၁၃။ ပဋိသန္ဓေယူသောနေ့ -မဟာသက္ကရာဇ်(၆၇)ဝါဆိုလပြည့် ကြာသပတေးနေ့
၁၄။ မိဘအမည် -သုဒ္ဓေါဓန နှင့် မာယာဒေဝီ
၁၅။ နေပြည်တော်-ကပိလဝတ်ပြည်(သက္ကတိုင်း)
၁၆။ အမျိုးအနွယ် -သာကီဝင်မင်းမျိုး
၁၇။ ဖွားသောနေ့ -မဟာသက္ကရာဇ်(၆၈)ကဆုန်လပြည့် သောကြာနေ့
၁၈။ ဖွားရာဒေသ -လုမ္ဗိနီဥယျာဉ် (ကပိလဝတ်နှင့်ဒေဝဒယဟပြည်တို့အကြားရှိ)
၁၉။ ဘုရားဖြစ်မည်ဟုဧကန်ဟောသူ -ကောဏ္ဍညပုဏ္ဏား
၂၀။ မိထွေးတော် -ဂေါတမီ
၂၁။ မင်းသားအမည် - သိဒထ္ထ
၂၂။ ဖွားဖက်တော်များ -အာနန္ဒာမင်းသား ဗောဓိပင် ကာဠုဒါယီအမက် ယသော်ဓရာမင်းသမီး ဆန္ဒအမက် ရွှေအိုးကြီးလေးလုံး ကဏ္ဍကမြင်း တို့ဖြစ်ပါတယ် (ဆောင် )အာ ဗော ကာ ယ ဆန် ရွှေ ကဏ်
၂၃။ ကြင်ယာတော် -ယသော်ဓရာ(ဘဒ္ဒကဉ္စနာ)
၂၄။ ရင်သွေးတော် -ရာဟုလာ
၂၅။ ယောက်ဖတော် -ဒေဝဒတ်
၂၆။ နန်းစံသောနှစ် -၁၃နှစ်(၁၆မှ၂၉နှစ်ထိ)
၂၇။ မြင်သောနိမိတ် -သူအို သူနာ သူသေ ရဟန်း
၂၈။ တောထွက်သောအသက် -၂၉နှစ်အရွယ်
၂၉။ တောထွက်သောနေ့ -မဟာသက္ကရာဇ် ၉၇ ဝါဆိုလပြည့်
၃၀။ တောထွက်ချိန်ပါတဲ့သူ -ကဏ္ဍကမြင်းနှင့်ဆန္ဒအမက်ကြိး
၃၁။ ဖြတ်ကူးသောမြစ် -အနော်မာမြစ်
၃၂။ ပယ်သောအရာ -ဆံတော်နှင့်အဝတ်
၃၃။ ဆံတော်တည်ရာစေတီ -တာဝတိံသာနတ်ပြည်ရှိစူဠာမဏိစေတီတော်
၃၄။ အဝတ်စေတီ -ဗြဟ္မာပြည်ရှိ ဒုဿ      စေတီ
၃၅။ သင်္ကန်းပရိက္ခရာလှူသူ -ကဋိကာရဗြဟ္မာ
၃၆။ ဒုက္ကရစရိယကျင့်ရာဌာန -ဥရုဝေဠတော
၃၇။ ဒုက္ကရစရိယကျင့်ရသောနှစ် -၆ နှစ် ကျင့်
၃၈။ ဘုရားဖြစ်သောနှစ် -မဟာသက္ကရာဇ် (၁၀၃)ခုကဆုန်လပြည့်နေ့
၃၉။ ဘုရားဖြစ်တဲ့အချိန်အသက် - ၃၅ နှစ်
၄၀။ ဘုရားဖြစ်ချိန်လူတို့သက်တမ်း -(၁၀၀)
၄၁။ ဒုက္ကရစရိယကျင့်ချိန်အလုပ်အကျွေးပြုသူများ ပဉ္စဝဂ္ဂီ ငါးဦး (ကောဏ္ဍည ဘဒ္ဒိယ ဝပ္ပ မဟာနန် အဿ     ဇိ   )တို့ဖြစ်ပါတယ်
၄၂။ ဘုရားရဲ့ဘွဲ့တော် -ဂေါတမ
၄၃။ နို့ဃနာဆွမ်းကပ်လှူသူ -သုဇာတာအမျိုးသမီး
၄၄။ ရွှေခွက်မျှောသောမြစ် -နေရဉ္ဇရာမြစ်
၄၅။ ဗောဓိပင်အသွား မြက်လှူသူ -သောတ္ထိယ(သုဒ္ဓိယငဇင်)မြက်ရိတ်သမား
၄၆။ မြတ်ရှစ်စုပ်ကိုကြဲလိုက်တဲ့အခါ -ရတနာ (၇)ပါးဖြင့်ပြီးသာပလ္လင်ဖြစ်လာတယ်
၄၇။ ပလ္လင်လာလုသူ - ဝဿ     ဝတီနတ်ပြည်ကမာရ်နတ်ကြီး
၄၈။ ဘုရားဘက်မှသက်သေပြုသူ -ဝသုနြေ္ဒမြေစောင့်နတ်
၄၉။ ဘုရားဦးစွာရသောဥာဏ်များ -ပထမယာမ်မှာပုဗ္ဗေနိဝါသဥာဏ် မဇ္ဈိမယာမ် သန်းခေါင်ချိန်မှာ       ဒိဗ္ဗစက္ခုဥာဏ် ပစ္ဆိမယာမ်မှာအာသဝက္ခယဥာဏ် တို့ကိုရတယ်
၅၀။ ဓမ္မစင်္ကြာဟောတဲ့နေရာ -မိဂဒါဝုန်တော
၅၁။ ဓမ္မစင်္ကြာဟောတဲ့နေ့ -မဟာသက္ကရာဇ် (၁၀၃)ခုဝါဆိုလပြည့် စနေနေ့
၅၂။ ပထမဦးဆုံးရဟန္တာဖြစ်သူ -အရှင်ကောဏ္ဍည
၅၃။ တရားဦးဟောတဲ့နေရာ -ဗာရာဏသီပြည် မိဂဒါဝုန်တော
၅၄။ ပထမဆုံးသာဝက -ပဉ္စဝဂ္ဂီ (၅)ဦး
၅၅။ နောက်ဆုံးကျွတ်တဲ့သာဝက -သုဘဒ္ဒပရိဗိုဇ်
၅၆။ လက်ယာရံအဂ္ဂသာဝက -အရှင်သာရိပုတ္တရာ
၅၇။ လက်ဝဲရံအဂ္ဂသာဝက -အရှင်မဟာမောဂ္ဂလာန်
၅၈။ အဆုံးအမ -ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ
၅၉။ ကျင့်စဉ်သိက္ခာ သီလ သမာဓိ ပညာ
၆၀။ နောက်ဆုံးဆွမ်းလှူသူ -စုန္န
၆၁။ နောက်ဆုံးကျွတ်တဲ့သူ-သုဘဒ္ဒပရိဗိုဇ်
၆၂။ ပရိနိဗ္ဗာန်ပြုတဲ့အချိန်အသက်-(၈၀)နှစ်
ပရိနိဗ္ဗာန်စံသောနေ့ -မဟာသက္ကရာဇ် (၁၄၈)ခုကဆုန်လပြည့်နေ့ အင်္ဂါနေ့

ဗုဒ္ဓဝင်အကျဉ်းချုပ်ပြီးပါပြီ

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ အသိပညာတွေအတတ်ပညာတွေတိုးတက်ပြီး မိမိအကျိုး မိသားစုအကျိုး အမျိုးဘာသာသာသနာအကျိုး နိုင်ငံအကျိုးတွေကို အတူတကွလက်တွဲကာဖြင့် ပြည်မြန်မာကြီးနှင့် ဗုဒ္ဓသာသနာကြီး အနှစ် ၅၀၀၀ မကတည်တန့်ဖို့ ဒို့တွေအတူလက်တွဲမဖြုတ်ဘဲ ကျိုးစားကြစို့လားဗျာ
စာကိုပြီးဆုံးသည်အထိ ဖတ်ပေးကြတဲ့ သူငယ်ချင်းအားလုံးကို လေးစားဂုဏ်ပြုလျှက် အမှားပါခဲ့လျှင်လည်း ပြင်၍ဖတ်ပေးကြပါ
အရှင်ပညိန္ဒ ဒီပဲယင်း
မော်လမြိုင်မြို့
ချမ်းသာရပရိယတ္တိစာသင်တိုက်
from - FB

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>