လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဆယ်ကျော်သက်အရွယ် ပြဿနာများ

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလိုပဲ လူငယ်ဆိုတာ နောင်အနာဂါတ်ရဲ့ တိုင်းပြည်ခေါင်းဆောင်တွေဖြစ်ကြပါတယ်။ လူငယ်ဘ၀ဆိုတာ တက်ကြွမှုတွေ၊ ပျော်ရွှင်မှုတွေ၊ အင်အားတွေနဲ့ ပြည့်စုံနေတဲ့အခြေအနေတစ်ခုပါ။ ဒီလိုပြည့်စုံပျော်ရွှင်ဖို့ ကောင်းသလိုပဲ ဆယ်ကျော်သက်လူငယ်ဆိုတာ အခက်အခဲတွေကြုံနဲ့ ရင်ဆိုင်ကြုံတွေ့ရဆုံး အသက်အရွယ်တစ်ခုလည်းဖြစ်ပါတယ်။ အသက်ကြီးမှပြန်စဉ်းစားကြည့်ရင် ဘာမှအရေးမပါတဲ့အရာတွေလို့ ထင်ရပေမယ့်လည်း ဆယ်ကျော်သက်ဘ၀မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေဟာ သူ့အသက်အပိုင်းခြားမှာတော့ တကယ်ကို ခက်ခဲပြီး ဖြေရှင်းရခက်တဲ့ ပြဿနာမျိုးတွေ၊ ၀မ်းနည်းကြေကွဲရတဲ့ အခက်အခဲတွေဖြစ်နေတတ်တဲ့အတွက် အလေးထားစရာမလိုတဲ့ ပြဿနာတွေတော့ မဟုတ်ပါဘူး။

၁။ ခန္ဓာကိုယ်ပြောင်းလဲမှုများ
ဆယ်ကျော်သက်ဘ၀မှာ ပထမဆုံးစတင်ရင်ဆိုင်ရတဲ့အခက်အခဲကတော့ လူပျိုဖော် အပျိုဖော်ဝခင်ချိန် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ လိင်အင်္ဂါများဖွံ့ဖြိုးလာခြင်း၊ အမွေးအမှင်များ ပေါများလာခြင်း၊ ခန္ဓာကိုယ်အရွယ်အစားပြောင်းလဲမှုနဲ့ အသံပြောင်းလဲလာခြင်းများ၊ မိန်းကလေးများမှာ ရာသီသွေးစတင်ပေါ်လာခြင်းများ တို့ဖြစ်ကြပါတယ်။ လူတိုင်းကြုံတွေ့ရတဲ့အရာတွေဆိုပေမယ့် လူပျို အပျိုဖော်ဝင်ချိန်အရွယ်တွေအတွက်တော့ ထိတ်လန့်စရာတွေဖြစ်နေတတ်တယ်။ ဒီလိုအချိန်တွေ၊ အနေအထားတွေဟာ လူတိုင်းမလွဲမသွေကြုံတွေ့ရတဲ့ အခက်အခဲတွေဆိုတာကို နားလည်လာအောင် ဆွေးနွေးပေးရမယ်၊ အားပေးကူညီရမယ်။ ၀က်ခြံထွက်တာ ခန္ဓာကိုယ်အနံ့အသက်ထွက်တာတွေဟာ ဆယ်ကျော်သက်တွေအတွက်တော့ ရင်ဆိုင်ရတဲ့အဆိုးဆုံးအခက်အခဲတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်အနံ့အသက်ထွက်လာတာတော့ အထူးသဖြင့်ယောကျာ်းလေးတွေမှာ ပိုဖြစ်တတ်ပြီး ၀က်ခြံကတော့ မိန်းကလေးရော ယောက်ျားလေးရော ခံစားရတတ်ပါတယ်။ အရွယ်ရောက်ချိန်မှာ အင်ဒရိုဂျင်ဟော်မုန်းကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားတွေကို နားလည်အောင်မရှင်းပြထားဘူး၊ အကူအညီမပေးဘူးဆိုရင် အားငယ်စိတ်တွေ၊ ရှက်ရွံ့မှုတွေခံစားရတာကြောင့် လူတောထဲမတိုးရဲအောင်ဖြစ်တတ်ပါတယ်။

၂။ မူးယစ်စေတတ်သော အရာများ
လူငယ်တွေဟာ စူးစမ်းချင်တယ်၊ လေ့လာချင်တယ်။ မမြင်ဖူးရင်ကြည့်ချင်တယ်၊ မလုပ်ဖူးရင် စမ်းကြည့်ချင်တယ်။ ဒီစိတ်ဓါတ်ဟာ အောင်မြင်မှုတွေအတွက် တက်လမ်းတွေအတွက် အရေးကြီးတဲ့ စိတ်ဓါတ်ဆိုပေမယ့်လည်း စူးစမ်းတတ်တဲ့ဒီစိတ်ဓါတ်ကပဲ မူးယစ်သားကောင်တွေအဖြစ်ရောက်ရှိသွားစေနိုင်တယ်။ လူငယ်တွေဟာ ကိုယ့်ကိုကိုယ်စိတ်ဓါတ်ခိုင်မာတဲ့သူလို့ ထင်ကြတဲ့အတွက် ဒီလောက်လေးနဲ့တော့ မစွဲတတ်ပါဘူး။ ငါ့စိတ်ငါနိုင်ပတယ်ဆိုတဲ့အတွေးတွေနဲ့ပဲ မူးယစ်ဆေးရဲ့ကျေးကျွန်တွေဖြစ်သွားတတ်တာကြောင့် ဒီအရာတွေကိုတော့ မစခင်ကတည်းက ဝေေ၀းရှောင်ကျဉ်သင့်ပါတယ်။

၃။ လိင်မှုကိစ္စ
ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါမှာ ဆန့်ကျင်ဘက်လိင်တွေကို စိတ်ဝင်စားမှုဖြစ်ပေါ်လာတယ်။ ဒီအခါမှာ လိင်မှုကိစ္စတွေအတွက် လက်တွေ့စမ်းသပ်ချင်တဲ့စိတ်တွေဖြစ်လာတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ လိင်မှုကိစ္စ ပညာပေးတာမျိုးနည်းပါးတဲ့အတွက်ကြောင့် မဖြစ်သင့်တဲ့ပြဿနာတွေဖြစ်ပေါ်စေတယ်။ လူငယ်ဘ၀မှာ လိင်မှုကိစ္စတွေသိချင်လာတာဟာ ရှက်စရာအလေ့အထတစ်ခုအဖြစ် မမှတ်ယူထားဖို့ အရေးကြီးတယ်။ လူငယ်တွေအနေနဲ့ မိမိသိချင်တာတွေ မေးမြန်းချင်တာတွေကို မိဘများ၊ ဆရာများနဲ့ ပွင့်ပွင့်လင်းလင်းမေးမြန်းတိုင်ပင်ပါ။ တခဏတာ ပျော်ပါးမှုအတွက် နောင်တမရနေအောင် အခကြေးငွေနဲ့ပျော်ပါးတာတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပါ။ တစ်ကိုယ်ရေအာသာဖြေခြင်းနဲ့ ကိုယ်ဝန်တားနည်းများအကြောင်းကို နားလည်လာအောင်လုပ်ပါ။ တကိုယ်ရေအာသာဖြေခြင်းဟာ လူငယ်များရဲ့ လိင်မှုစိတ်တင်းအားကိုလျော့ပါးစေတဲ့ ဘေးအန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကို နားလည်ပါ။ တကိုယ်ရေအာသာဖြေခြင်းနဲ့ပတ်သက်ပြီး ကျန်းမာရေးထိခိုက်တယ်၊ လိင်စိတ်ပြင်းထန်တယ်၊ ခန္ဓာကိုယ်မဖွံ့ဖြိုးစေဘူး အစရှိတဲ့လွဲမှားတဲ့ အယူအဆတွေကို လျစ်လျူရှုပါ။

၎။ စိတ်ခံစားချက်များ
သစ်ရွက်ကြွေတာတောင် ရယ်ချင်တယ်ဆိုတဲ့အရွယ်ဟာ ဆယ်ကျော်သက်အရွယ်ဖြစ်ပါတယ်။ စိတ်ခံစားမှုအပြောင်းအလဲများပြီး လူကြီးတွေကိုအန်တုချင်တဲ့စိတ်တွေဖြစ်နေတယ်၊ စိတ်တိုလွယ်တယ်၊ ၀မ်းနည်းလွယ်တယ်၊ စိတ်ဓါတ်ကျတယ်။ ကိုယ်တစ်ယောက်တည်းဖြစ်နေတယ်လို့တော့ မထင်ပါနဲ့။ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဆယ်ကျော်သက်အရွယ်မှာ လူတိုင်းကြုံတွေ့နေရတဲ့ အခြေအနေတစ်ခုပါ။ အလွန်အကျွံမဖြစ်အောင်ပဲထိန်းချုပ်ပါ။ လုံးဝ မဖြစ်အောင် ကိုယ့်ကိုကိုယ်ခုခံမနေပါနဲ့။ အတုယူစရာပုဂ္ဂိုလ်တစ်ယောက်ကို စံအဖြစ်ထားပါ။ လူကြီးများနဲ့ နားလည်မှုယူနိုင်အောင်လုပ်ပါ။ လက်သင့်ခံလောက်နိုင်တဲ့ အခြေအနေတွေကိုလက်ခံပြီး ကိုယ့်အခက်အခဲတွေရှင်းပြပါ။

ဒီမှာဖော်ပြထားတဲ့ ပြဿနာတွေဟာ တွေ့ရအများဆုံးပြဿနာတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆယ်ကျော်သက်တွေမှာ အခြားပြဿနာများစွာလည်း ရှိနေနိုင်သေးတယ်။ တစ်ခုသိထားရမှာက ဘယ်လိုအခက်အခဲပြဿနာမျိုးပဲဖြစ်ဖြစ် ဖြေရှင်းလို့မရတဲ့အရာဆိုတာ မရှိဘူးဆိုတာကို နားလည်ထားပြီး ဒါတွေဟာလူတိုင်းကြုံတွေ့ရတဲ့အခက်အခဲဆိုတာကို ဆယ်ကျော်သက်များလက်သင့်ခံထားရပါလိမ့်မယ်။
by- FB

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>