လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မြစမ်းမျက်ရည်

 
Aye Chan Mon
---------------------------
ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ် ၊ မိခင်မြတ်တည့်။
မည်မျှ ကြီးမြင့် ၊ မည်မျှ တင့်လည်း
မပွင့် နေခြည် ၊ အုံ့မှိုင်းသည်သို့
မကြည်မွေ့ချေ ၊ သူ့ရပ်မြေတည့်။
သူတို့ စကား ၊ သူတို့ကြား၌
ပျားသို့ မချို ၊ မှိုသို့ မလန်း
ပန်းသို့ မရွှင် ၊ ကိုယ့်မိခင်ကို
တမြင်မြင်တမ်း ၊ အစဉ်လွမ်းခဲ့။
ရေချမ်းစင်က ၊ ရေကြည်မြကို
သောက်ရပေဖူး ၊ သူ့ကျေးဇူးကို
အထူးသိလည်း
ဇာတိလွမ်းနာ ၊ မဖြေသာခဲ့။
သူ့မြေမှာမူ
သာယာဘိခြင်း ၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား ၊ အသိသားပင်
တရားလက်ကိုင် ၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း ၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။
တင်မိုး
၁၁၊၅၊၂၀၀၁
Artist-Saw Hlaing
ခရီး သည်ကြီး
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>