ကျောင်းသား ဘဝ
ကျွန်တော်၏
မိခင် ဘခင် နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏
ဘခင်သည် ရှေ့နေ စာမေးပွဲတွင် ဗမာတပြည်လုံး တတိယ စွဲခဲ့လေသည်။ ကျွန်တော်တို့
ညီအကို အားလုံးလည်း ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယ အကို ကြီးကား စာသင်
အထူး ပျင်းလှ၍ အခြားညီအကိုများ ကဲ့သို့ ပေါက်ပေါက် ရောက်ရောက် ပညာ မတတ်ပေ။
ကျွန်တော်၏ အစ်ကိုများ ဝမ်းကွဲညီ၊ အစ်ကိုများ ဦးလေးများမှာ မိမိတို့
ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကငျကျ အောင်မြင်ကြသူချည်း
ဖြစ်လေသည်။ ကျွန်တော်တို့ မိဘများသည် ပညာကိုလည်းအထူးလိုလားသည်။ ကျွန်တော်၏
အစ်ကိုများကို ငါးနှစ်သား အရွယ်မှစ၍ ကျောင်းထားခဲ့လေသည်၊ ကျွန်တော်တယောက်သာ
အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာ ထားသဖြင့် အသက် ဂ - နှစ်ရောက်မှသာလျှင် ကျေင်း စ
နေရပေသည်၊ ကျွန်တော် ကျောင်းနေလာရင်း ပြေားပြရဦးမည်။ ကျွန်တော်၏ အထက်
အစ်ကို ကိုအောင်သန်းအား အသက် ၁၁-နှစ်ခန့်တွင် ရှင်ပြုလေသည်၊ ထိုအခါ
ကိုအောင်သန်းမှာ မြန်မာ ၆-တန်းတွင်ရှိသည်၊ ကျွန်တော်မှာ အသက် ဂ-နှစ်ထဲ
ရောက်သော်လည်း ကျောင်းတွင် မနေရသေးချေ။ ရှင်ပြု အခမ်းနားအနားဖြင့်
ကိုအောင်သန်းကို ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း
ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား အပူဆာသေးသည်၊ ထိုအခါ မိခင်က
ရှင်လောင်းလုပ်တဲ့လူသည် စာတတ်မှထြစ်သည်ဟု ပြေားသဖြင့် ကျောင်းနေပါတော့မည်ဟု
ဂတိပေးကာ၊ ထိုတွင်မှကျောင်းစနေ ဖြစ်လေသည်၊၊ တန်းကျော် တက်ခဲ့ရသဖြင့်၊
လေးနှစ်နှင့် ၁၀-တန်းအောင်မြင်သည်၊ အင်္ဂလိပ် မြန်မာ သတ္တမတန်း စာမေးပွဲတွင်
ဗမာတပြည်လုံးတွင် နဝမစွဲခဲ့၍ အထက်တန်း စကောလား ရှစ်ရခဲ့သည်၊
ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပဌမ စွဲခဲ့၍ ဦးရွှေခိုဆုကို
ရရှိခဲ့သည်နောက်၊ရန်ကုန် တက္ကသိုလ်တွင်
၆-နှစ်ခွဲမျှနေခဲ့သည်။နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို
မလေ့ကျက်သဖြင့် (ဘီ-အေ) အတန်းထိ အောင်ရုံသာ အောင်ခဲသည်။ (ဘီ-အေ)
ထက်တန်းနှစ်တွင် ကျောင်းသား သပိတ်မောက် ခေါင်းဆောင်တဦးဖြစ်၍
အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တနှစ်မဖြေဘဲ နေခဲ့ရသည်။ နောက်
(ဘီ-အယ်လ်)အတန်းကိုတက်ခဲ့သည်၊ အတန်လည်း မှန်မှန် မတက် စာအုပ်လည်း အရှိ
မှတ်စုလည်း မထား စာလည်း မကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ
လိုက်စားသဖြင့် (ဘီ-အယ်လ်) ပဌမ နှစ့်တွင် စာမေးပွဲ ကျရှုံးလေသည်။ ဤကား
ကျွန်တော့ တသက်တွင် စာမေးပွဲ ပဌမဆုံးနှင့် နောက်ဆုံး ကျရှုံခြင်းပေတည်း။
ကျရှုံသော်လည်း ဥပဒေရာဇဝင်ဖြစ်သေား ပဌမ မေးခွန်းစာတွင် ကျွန်တော် ပဌမ
ရခဲ့သည်။ ဒုတိယ (ဘီ-အယ်လ်) နှစ့်တွင်နှစ့်စေ့အောင် ကျွန်တော်မနေတော့ပေ။
ဥရောပတိုက် မြူးနစ် စာချုပ်မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့်
ဗမာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည်အတွက် ကိုယ်ထိ
လက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သခင်
ဘဝသို့ပြောင်းခဲ့သည်၊ မြန်မာစာသင် ဘုန်းကြီးကျောင် နေရစဉ်က ကျွန်တော် အထူး
မပျော်ပိုက်သည့် အချက်တချက် ရှိလေသည်။ ထိုအချက်မှာ ကစား ခုန်စားခြင်း
ကလေးဘာဝ သစ်ပင်တက် ရေကူး အလုပ်မျိုး ပိတ်ပင်ခြင်းပင် ဖြစ်လေသည်။ ဤ
အချက်တွင် ကျွန်တော်တို့ မိဘများလည်း တ သ ဘော တည်း လောက်ပင် ရှိလေသည်။
ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း ရေကူးခြင်း စသော ကိုယ်လက် ကျန်းမာ
ကျင်လည်မှုကို လေ့လာခွင့်မရ၊ သစ်ပင်တက်သည်ကိုမြင်လျှင် အဆို အမြည်ခံရသည်၊၊
ရေကူး သည်ကို သိလျှင် အရိုက်ခံရသည်၊ ထိုကြောင့် ယနေအထိ ကျွန်တော်မှာဥာဏ်
ပညာဘက်မှ အခွင့် အလမ်း ရခဲ့၍ ပေါက်မြောက်ခဲ့သလောက်၊ ကိုယ်လက် ကျန်းမာ
ကျင်လည်ရေးတွင် အခွင် အလမ်း မရခဲ့၍၊ များစွာ ချို့ယွင်း နေပေသည်။
ရေနံချောင်း အမျိုးသားကျောင်း နေစဉ်ကလည်း အခွင့် အလမ်း မရခဲ့၊ မရခဲ့သည်မှာ
အမျိုးသားကျောင်းဖြစ်သည်အတိုင်း၊ ဆင်းရဲသဖြင့် ကစားခုန်စား လေ့ကျင့်ရာ နေရာ
ကိရိယာ တန်ဆာပလာများ မထားနိုင်၍ပင်ဖြစ်သည်။ ဗမာပြည်ထွင် ဘုန်ကြီးများနှင့်
ရှေးလူကြီးများ၏ အချိုး အယူ အဆ များကိုခေတ်နှင့်လျော်အောင်
ပြုပြင်သင်လေသည်။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည်
တိုးသင့် သလောက်တိုးတက်မည်မဟုတ်ချေ။
ပညာဆိုသည်မှာ စာအုပ်စာတန်းဘတ်၍ စာသိမှုကို ပညာဟု မဆိုပေ၊ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်၊ ကမ္ဘာရှိ စာအုပ်အားလုံး ပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး ၌ ကျွနုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေ ကြစေသည်။ ထို့ကြောင့် ပညာ သင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ၊ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း မိမိဥာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ် တို့ကို၎င်း (Emotion of the Education) ပြုပြင် ပြုစု စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီအေ- ပင် အောင်စေကာမူ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ ပဋ္ဌမကျော်ကြီးပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ၊ ပညာဆိုသော သဘာဝ အဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ် နားလည်ခြင်း မရှိခဲ့သော် တကယ် အရာမရောက် အသုံးမဝင်နိုင်ပေ။ ပညာသည် စာအုပ်များထဲတွင်သာ ရှိသည်မဟုတ် စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ် စေရမည်၊ ရာဇဝင်သိရုံသာ မဟုတ် ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓါတ် ပညာကို သိရုံသာ မဟုတ်၊ လောကဓါတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပဋ္ဌမ ပညာကို သိရုံမျှသာ မဟုတ်၊ မြေသစ် ရေသစ် တော တောင် တို့ကို ရှာဖွေ စုံစမ်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။ ပညာသည် ကာလ ဒေသ ပရောဂ နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာ လည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်၊ ဥာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှ ပိုမို ဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ၊ လောကဓါတ် ပညာကို မတတ် မသိဘဲ လောကဓါတ် ပညာဥာဏ် ကိုသာရလျှင် လောကဓါတ် ပညာ၏ တန်ဘိုးကို ဒင်ပြည့် မသုံးနိုင်ပေ။ တိုင်ပြည် အခြေအနေ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတယောက်၏ သက်တမ်းတွင် အစ ပဋ္ဌမက သိမြင်လာသော စိတ်နေ စိတ်ထား ဝါဒ တို့သည် အမှန်ချည်း မဟုတ် ပြုပြင် ပြောင်းလဲ ရမည်သာတည်း။
ယနေ့ အယူအဆနှင့် နက်ဖြန် အယူအဆတို့မှာ တူချင်မှ တူပေမည်။ အမှန်ကား လူတဦး၏ တဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲ ဖေါက်ပြန် ဖြစ်ခြင်းပေတည်း။ ဝါဒ ပြောင်းလဲ မှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်းပေတည်း။
အမှန်အားဖြင့် သမာဓိဆိုသော စကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့မှာ သမာဓိ လက်ကိုင်ရကြသူ ရှားပေသည်။ သမာဓိဆိုသည်မှာ လောက၏ အကောင်း အဆိုး အကျိုးအပြသ် သနစ်စုံကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း ချမ်းသာလည်း ဝမ်းမသာ ပကတိ စိတ်ထား ဥာဏ် အမြင်အရ လူချီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ် မလန့် တသမတ်တည်း တည်ညိမ်စွာ ရှိခြင်းကို ဆိုလေသည်။ ဘုရားအစရှိသောသူတော် ကောင်းတို့၏စိတ်တည် နေပုံမျိုးတည်။ သို့ဖြစ်ရာ-သာမန် ကိုယ်ကျင့် အမူအရာ အပြောအဆို ဘမ်းပြတည်ငြိမ်မှုကို လူအပေါင်း တို့က သမာဓိဟု သာမညပြောစမှတ်ပြုကြလေသည်။ အမှန်စင်စစ်ကား ထိုဘမ်းပြတည်ငြိမ်မှုနောက်တွင် မည်မျှအတွင်း ဖေါက်လွှဲ ဖေါက်ပြန်မှုများ တိုးပွား များသည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် ဣနြေ္ဒကြီး၍ မျက်နှာထား အလွန်တည်သူတယောက်ဟု အသိမှတ်ပြုခံရလေသည်။ ကျွန်တော်၏ ကိုယ်အမူရာ စိတ်ထား သရုပ်တို့သည် ဖေါက်လွှဲဖေါက်ပြန် သဘောကို မပြပေ။ သို့သော်-အကယ်ပင် ကျွန်တော်သည် သမာဓိရှိ၏။မည်မျှ သမာဓိတရားကို ပိုင်ဆိုင်ပေသနည်း။ ကျွန်တော်သာလျှင် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ကို ဘတ်ရင်းဘတ်ရင်း တွေ့မြင်ရပေလိမ့်မည်။
အသိဆုံးဖြစ်ပေသည့် ကျွန်တော်၏ အတွင်း လှုပ်ရှားမှုများကား သမာဓိတရား ကို လုံးဝ မပိုင်ဆိုင်သေးခြင်း၏ အမှတ် လက္ခဏာ ပင်တည်း။ ယခုလည်း ကျွန်တော် သမာဓိတရားကို ပိုင်ဆိုင်ပြီလော၊ လုံးဝ မပိုင်ဆိုင်သေးပေ။ ထို့ကြောင့် လူတိုင်း ပိုင်ဆိုင်ခြင်းမရှိသေးသော သမာဓိတရာကို စကားလုပ်၍ မဆိုကြပါနှင့်ဦး။ လူတယောက်၏ ဥာဏ်အမြင် လှုပ်ရှားပြောင်းလဲမှု ဝါဒပြောင်းလဲမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက် မစောသင့်ကြပေ။ ဥပမာအားဖြင့် လွန်ခဲ့သော နှစ်များက အရှင် အာဒိစ္စဝံသ ဆိုသော ကိုယ်တော်အား သာသနာတော်တွင် ဘိက္ခူနီမများ ရှိသင့်သည်ဟု စာအုပ် တအုပ် ရေးသားမှုကြောင့် ဝိုင်းပယ်ကြ၏၊ သပိတ်မှောက်ကြ၏။ အမှန်ကား သူ၏ ပြောင်းလဲမှုသည် မှားခြင်လည်း မှားပေမည်။ သို့သောလည်း ပုထုဇန် တို့၏ ဂတိအလားဖြင့် အမှားမရှိသူသူ မရှိ။ အမှားသိမှ အမှန်မြင်လေသည်။ အမှားတခါ လုပ်မိလျှင် အမှားနှစ်ခါ လုပ်မိသောအခါ မှန်လာပေလိမ့်မည်။
သို့သော်လည်း မှားပင်မှားစေကာမူ။ မိမိဥာဏ် အမြင်လျောက် ပြောင်းလဲမှုမှာရှိအပ်သည်သာတည်။ လှေနံဓါးထစ်ဆိုသော အလုပ် အပြေား အတွေးတို့မှာ ပညာ၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။
ဗုဒ္ဓဂေါတမသည် သဗ္ဗညုတရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှား အမျိုးမျိုးကိုကျော်ကာ ရှာဖွေ တွေ့ရှိလေသည်။ ထို ဥာဏ်တော် ရှာဖွေရန် စိတ်ပိုင်းဖြတ်သောအစ၌ သိဒ္ဓတ္ထ မင်းသားသည် မိမိဥာဏ် အမြင်အရ၊ အနုမာန မျက်ရန်းဆ၍ မောင်းမမိဿံ ခြွေရံ ပရိတ်သတ်တို့နှင့် တကွ၊ နန်းသုံးဆောင်ဝယ် မင်စည်းစိမ်ကိုစွန့်ပယ်၍ သောင်မမြင် ကမ်းမမြင် ရသေ့ ရဟန်း အသွင်၊ လျှော်တေသင်္ကန်းကို ဝတ်ဆင်၍ ဘိက္ခူန သီလော ယာစန သိလောတိ ဘိက္ခူ ဟူသည်နှင့် အညီ၊ သူတောင်းစားဘဝမျိုးသို့ ပြောင်းလဲမှုသည် သာမန်ပဂတိ မျက်စိအားဖြင့် ကြည်လျှင် ရူးသည် မိုက်သည်ဟု ဆိုရပေမည်။ မိမိ၏ မင်းစိတ် မင်းဝါဒကို ဆန့်ကျင်သော လောကစိတ် လောကဝါဒအား ဤသို့ ပြောင်းလွှဲခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးသည်
@-
No comments:
Post a Comment