ပညာရှင်တွေခွဲခြားတဲ့အနမ်းအမျိုးအစားများ
၁။နတ်သမီးအနမ်း
ချိုမြိန်ပြီးသက်သောင့်သက်သာရှိစေတဲ့အနမ်းလို့အချစ်ကျမ်းဆရာတွေကအဓိပ္ပာယ်ဖွင့်ကြပါတယ်။ဒီအနမ်းကကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကိုဖွဖွလေးနမ်းတာပါတဲ့။ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့မျက်ဝန်းလေးတွေကိုယုယုယယနမ်းတာကိုခေါ်တာပါတဲ့။
၂။ပါးပြင်အနမ်း
နေရာတကာတွေ့နိုင်တဲ့အနမ်းတစ်ခုပါ။မိဘတွေကလဲသားသမီးတွေကိုနမ်းတဲ့အခါမှာလည်းတွေ့နိုင်ပါတယ်။အဓိပ္ပာယ်ကတော့နူးနူးညံ့ညံ့မြတ်နိုးတယ်လို့ကိုယ်အမူအရာနဲ့ဖော်ပြတာပါ။ချစ်သူချင်းဆိုရင်မင်းကိုတကယ်ချစ်တာပါလို့ပါးစပ်ကမပြောဘဲအနမ်းနဲ့အသိပေးတာဆိုလည်းမမှားပါဘူး။
၃။လိပ်ပြာအနမ်း
မျက်နှာနှစ်ခုနီးကပ်နေမယ်နောက်ကောင်လေးရောကောင်မလေးပါမျက်လုံးလေးတွေမှိတ်ပြီးအရိပ်နှစ်ခုပူးကပ်သွားတြဲ့အနမ်းပါ။ဘာလို့လိပ်ပြာအနမ်းလို့ခေါ်တာရှင်းပြမထားပေမယ့်ဒီအနမ်းလေးကစိတ်ကိုအလွန်ကြည်နူးစေပါသတဲ့။
၎။အက်စကီးမိုးအနမ်း
ဒါကတော့အက်စကီးမိုးလူမျိုးတွေရဲ့ရိုးရာအနမ်းတစ်မျိုးပါ။မျက်နှာချင်းဆိုင်ပြီးနှာခေါင်းလေးတွေထိရုံပဲထိတဲ့အနမ်းမျိုးပါ။ချစ်သူတွေအတွက်တော့နူးညံ့တဲ့ခံစားမှုကိုပေးစွမ်းပါသတဲ့။
၅။နားရွက်အနမ်း
ချစ်သူရဲ့နားရွက်ကိုတစ်ခုခုပြောမယ်ဟန်ဆောင်ပြီးရွရွလေးနမ်းတဲ့အနမ်းပါ။သေချာတာကတော့ချစ်သူဆီကမျက်စောင်းလှလှလေးရမှာမလွဲပါဘူး။
၆။လည်ပင်းအနမ်း
ခံစားလွယ်ပြီးနူးညံ့ကျေနပ်စရာအနမ်းမျိုးပါတဲ့။အနောက်တိုင်းအထက်တန်းလွှာတွေကျင်းသုံးတာကစပါတယ်။ဒီအနမ်းဟာတစ်သက်လုံးမခွဲအတူနေမယ်ဆိုတဲ့သဘောပါတဲ့။
၇။လက်ရုံးအနမ်း
မိန်းကလေးများကိုယ့်ချစ်သူကိုနမ်းတဲ့အနမ်းပါ။အားကိုးတာယုံကြည်လေးစားတာကိုအဓိပ္ပာယ်သတ်မှတ်ပါတယ်။
ရှေးခေတ်ခရူးဆိတ်စစ်သည်တွေစစ်ထွက်ခါနီးရင်သူတို့ဇနီးတွေချစ်သူတွေကသူတို့ရဲ့ညာလက်မောင်းကိုနမ်းပါတယ်။ဒါဟာမျှော်လင်းခြင်း ကံကောင်းခြင်းကိုဖော်ဆောင်ပြီးချစ်သူရဲ့ရဲစွမ်းကိုလေးစားတဲ့သဘောပါတဲ့။
သတင်းချစ်သူ - ဝေဟင်
No comments:
Post a Comment