လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ခွင့်လွှတ်ကြပါလေ


....ခွင့်လွှတ်ကြပါလေ......
အကယ်၍ငြား ၊ တို့များသေရင်
တို့ကိုခင်ကြ ၊ မိတ်သင်္ဂဟတို့
လိုက်ပါပို့ဆောင်ကြမယ်လေ ။
လိုက်ပါပို့ကြ ၊ မိတ်သင်္ဂဟတို့
တို့များလုပ်ရပ် ၊ မကျေနပ်တာ
ရှိခဲ့ပါလည်း ၊ တစ်ခါတစ်ဘဝ
တွေ့ကြတာမို့ ၊ ကြည်သာရွှင်လန်း
ဝမ်းပန်တသာ ၊ ခွင့်လွှတ်ကြပါလေ ။
တို့စိတ်ဆန္ဒ ၊ ပြောပြရသော်
ဘ၀စဆုံး ၊ သဲနှလုံးက
အားလုံးကိုလေ ၊ မေတ္တာခြွေ၍
ပြစ်တွေစွန်းငြိ ၊ စိုးတစ်စိမျှ
မရှိပေကြောင်း ၊ စကားကောင်းဖြင့်
ထပ်လောင်းပြောခဲ့ပါရစေ ။
တကယ်လို့များ ၊ တို့၏အမှား
ရှိခဲ့ငြားလည်း ၊ တို့အားညှာတာ
ခွင့်လွှတ်ပါဟု ၊ ချိန်ခါနောက်ဆုံး
အားလုံးကိုလေ ၊ တောင်းပန်ခြွေသည်
နေရခဏ ၊ တစ်ဘ၀တာ
ကျေအေးစွာဖြင့် ခွင့်လွှတ်ကြပါလေ ။
........မောင်ငြိမ်းအေး(မြစ်ခြေ)
....ခွင့်လွှတ်ကြပါလေ......
အကယ်၍ငြား ၊ တို့များသေရင်
တို့ကိုခင်ကြ ၊ မိတ်သင်္ဂဟတို့
လိုက်ပါပို့ဆောင်ကြမယ်လေ ။

လိုက်ပါပို့ကြ ၊ မိတ်သင်္ဂဟတို့
တို့များလုပ်ရပ် ၊ မကျေနပ်တာ
ရှိခဲ့ပါလည်း ၊ တစ်ခါတစ်ဘဝ
တွေ့ကြတာမို့ ၊ ကြည်သာရွှင်လန်း
ဝမ်းပန်တသာ ၊ ခွင့်လွှတ်ကြပါလေ ။
တို့စိတ်ဆန္ဒ ၊ ပြောပြရသော်
ဘ၀စဆုံး ၊ သဲနှလုံးက
အားလုံးကိုလေ ၊ မေတ္တာခြွေ၍
ပြစ်တွေစွန်းငြိ ၊ စိုးတစ်စိမျှ
မရှိပေကြောင်း ၊ စကားကောင်းဖြင့်
ထပ်လောင်းပြောခဲ့ပါရစေ ။
တကယ်လို့များ ၊ တို့၏အမှား
ရှိခဲ့ငြားလည်း ၊ တို့အားညှာတာ
ခွင့်လွှတ်ပါဟု ၊ ချိန်ခါနောက်ဆုံး
အားလုံးကိုလေ ၊ တောင်းပန်ခြွေသည်
နေရခဏ ၊ တစ်ဘ၀တာ
ကျေအေးစွာဖြင့် ခွင့်လွှတ်ကြပါလေ ။

........မောင်ငြိမ်းအေး(မြစ်ခြေ)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>