လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အမျိုးသားတို့ အတွက် စားရမဲ့ အစားအစာ


အမျိုးသားတွေ ကျန်းမာကြံ့ခိုင်မှု ရှိစေဖို့ စားသင့်တဲ့ အာဟာရတွေအနက် လေ့ကျင့်ခန်းလုပ်ပြီး နာကျင် နေချိန်မှာ ဘာကိုစားသင့်သလဲ၊ ကြွက်သား သန်စွမ်းအောင် ဘာကိုပိုစားသင့်သလဲ စတဲ့ အချက်တွေကို သိထားရင် ပိုမိုအကျိုးရှိရှိ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
ကြွက်သား တည်ဆောက်မှုကောင်းအောင် အဆီနည်း အနီရောင် အသားစားပါ
အနီရောင် အသားတွေကို များများစားတာက ကျန်းမာရေးအတွက် မကောင်းဘူး ဆိုပေမယ့် အဆီနည်းတဲ့ အနီရောင် အသားမှာတော့ ပရိုတင်းဓာတ် ပါဝင်မှုများပြီး အဆီပါဝင်မှု နည်းတာကြောင့် စားပေးသင့် ပါတယ်။ အနီရောင် အသားမှာ လူစင်းဆိုတဲ့ အမိုင်နို အက်စစ်တစ်မျိုး ပါဝင်တာကြောင့် ကြွက်သားတွေ သန်စွမ်းအောင် တည်ဆောက်ပေးနိုင်ပါတယ်။
သွေးလှည့်ပတ်မှု ကောင်းမွန်အောင် အမည်းရောင် ချောကလက် စားပါ
ချောကလက်ကို သင့်တင့်တဲ့ ပမာဏ စားပေးရင် သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေ အရ အမည်းရောင် ချောကလက်မှာပါတဲ့ ဖလေဗနောဟာ မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျ စေတာ၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာနဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေတာ စတဲ့ ကောင်း ကျိုးတွေ ပေးနိုင်ကြောင်း သိရပါတယ်။ သွေးစီးဆင်းမှု အားနည်းတဲ့ အမျိုးသားတွေဟာ ပန်းသေ ပန်းညှိုး ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမဲ့ ချောကလက်ကို အများကြီးစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင် တာကြောင့် တစ်နေ့ တစ်ကွက်စာ ပမာဏကိုပဲ စားသင့်ပါတယ်။
မျိုးဆက်ပွားအင်္ဂါ အားကောင်းအောင် အခွံမာ ပင်လယ်စာ စားပါ
အခွံမာတဲ့ ပင်လယ်စာတွေမှာ ဇင့် (သွပ်) ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် နှလုံး၊ ကြွက်သားနဲ့ မျိုးဆက်ပွား စနစ်အတွက် ကောင်းကျိုး ပေးပါတယ်။ လေ့လာမှုအရ အမျိုးသားတွေမှာ ဇင့်(သွပ်)ဓာတ် ချို့တဲ့ တာကြောင့် သုက်ကောင် အရည်အသွေး ကျဆင်းမှုနဲ့ မျိုးအောင်နိုင်စွမ်း လျော့ကျမှုတို့ ဖြစ်နိုင်ကြောင်း သိရပါတယ်။
သွေးတွင်းကောင်းသော အဆီတိုးအောင် ထောပတ်သီး စားပါ
ထောပတ်သီးမှာ အဆီဓာတ် ပါဝင်မှု များပေမယ့် ကောင်းတဲ့ အဆီတွေပါ။ ထောပတ်သီးမှာ ပါတဲ့ မပြည့်ဝဆီတွေက မကောင်းတဲ့ ကိုလက်စထရောနဲ့ Total ကိုလက်စထရော အမျိုးအစားတွေကို လျော့ ကျစေပါတယ်။
နှလုံးရောဂါ ကင်းဝေးအောင် အဆီပါသော ငါးစားပါ
ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတို့လို အဆီများတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်လို့ခေါ်တဲ့ ကျန်းမာရေး အကျိုးပြု အဆီတွေ ပါဝင်ပါတယ်။ ဒီအဆီတွေက နှလုံးရောဂါ၊ ကင်ဆာရောဂါ တချို့နဲ့ အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်မှာ အဆီများတဲ့ ငါးဟင်းကို နှစ်ကြိမ် စားပေးရင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေကြောင်း သိရပါတယ်။
လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် နာကျင်မှု မဖြစ်အောင် ချင်း(ဂျင်း) စားပါ
ချင်း (ဂျင်း) မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်။ လေ့လာမှုတွေအရ ချင်း(ဂျင်း)ကို ပုံမှန်စားပေး တာက လေ့ကျင့်ခန်း လုပ်တာကြောင့်ဖြစ်တဲ့ ကြွက်သားနာကျင်မှုဒဏ်ကို လျော့ကျစေနိုင်ကြောင်း သိရပါ တယ်။
ကြွက်သား သန်စွမ်းအောင် နွားနို့နှင့် ဒိန်ချဉ်သောက်ပါ
နွားနို့နဲ့ ဒိန်ချဉ်မှာ ကြွက်သားတွေကို သန်စွမ်းစေတဲ့ အမိုင်နိုအက်စစ် လူစင်းဓာတ် ပါဝင်ပါတယ်။ ဒါကြောင့် အလေးမ လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသားတွေ အနေနဲ့ ကြွက်သားသန်စွမ်းစေဖို့ နွားနို့နဲ့ ဒိန်ချဉ်ကို သောက်သင့် ပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယားလည်း ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကျန်းမာ စေပါတယ်။
ကြွက်သားကျုံ့အားကောင်းအောင် ငှက်ပျောသီး စားပါ
ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ် ဓာတ်ဟာ ကြွက်သားတွေကို ကျုံ့နိုင်စွမ်း ကောင်းစေသလို အရိုးကိုလည်း ကျန်းမာ စေပါတယ်။ ပိုတက်စီယမ် အလုံအလောက် မှီဝဲတာကြောင့် သွေးဖိအားကို ထိန်းပေးနိုင်တာ ကိုလည်း တွေ့ရပါတယ်။
မြ၀တီ

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>