လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

Windows 7/8/XP/Vista မှာ Website တွေကို ဆော့ဝဲလ်မသုံးပဲ Block မယ်


မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးတဲ့နည်းလမ်းလေးကိုတို့ မိမိတို့ ကွန်ပျူတာမှ မကြည့်စေချင်တဲ့ website တွေကို ဘာဆော့ဝဲလ်မှ မသုံးပဲ block ထားလို့ရမဲ့နည်းလမ်းလေးဖြစ်ပါတယ် အသုံးပြုကြည့်တဲ့ သူငယ်ချင်းများနဲ့ အသုံးတည့်မဲ့ သူငယ်ချင်းများ အောက်မှာ ဆက်လက် လေ့လာကြည့်လိုက်ပါ ခင်ဗျာ။ ကျွန်တော် လည်း တွေ့မိတာလေး ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။
အရင်ဆုံး my computer ကိုဖွင့်လိုက်ပါ။
အပေါ်ဆုံးက bar မှာ
C:\WINDOWS\SYSTEM32\DRIVERS\ETC\ ရိုက်ထည့်လိုက်ပါ။ အောက်က ပုံလေးအတိုင်းမြင်ရမှာဖြစ်ပါတယ်ခင်ဗျာ။
ပြီးရင် အပေါ်ဆုံးက hosts ကို right click ထဲက open လိုက်ပါ။ box တစ်ခုကျလာပါလိမ့်မယ် အဲဒီထဲက notepad နဲ့ဖွင့်လိုက်ပါခင်ဗျာ။
ပွင့်လာတဲ့အထဲက 127.0.0.1 localhost ဆိုတာလေးရဲ့ အောက်မှာ မိမိ block လုပ်ချင်တဲ့ website ရဲ့ နာမည်ကို ရိုက်ပေးလိုက်ပါ။ ပုံလေးထဲမှာကြည့်လိုက်ပါခင်ဗျာ။
block ထားချင်တဲ့ website ကို ထည့်ပြီးသွားရင်တော့ Notepad ကို save လိုက်ပါ။
 ပြီးရင်တော့ ကွန်ပျူတာကို restart ချပေးလိုက်ပါခင်ဗျာ။ ပြန်တတ်လာရင်တော့ block ထားတဲ့ web တွေ ကြည့်လို့ရတော့မှာ မဟုတ်တော့ပါဘူး ကြည့်ချင်တယ်ဆိုရင် တော့ အဲဒီနေရာသွားပြီး ပြန်ဖျက်ပစ်လိုက်ပေါ့နော်။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>