လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အချစ်မှ ပေါက်ဖွားသော စိုးရိမ်မှု သံသရာ


အချစ်ကို လူတိုင်း သိကြ ပါသည်။ ထို့အတူ အချစ်သည် လူတိုင်းနှင့် ရင်းနှီး ကြပါသည်။ ဤလောကတွင် အချစ် မသိသူ၊ အချစ်မရှိသူ ဟူ၍လည်း ရှိမည် မထင်ပေ။ ကမ္ဘာရှိလျှင် အချစ်ရှိနေ ပါမည်။ ထိုအချစ်မှသည် လိုအင် တို့ပေါက်ဖွားကာ စိုးရိမ်မှု သံသရာ အတွင်း ဇွတ်သွင်းကြင်လည်ရ ပေသည်။ စိတ်ပညာရှင် မာစလိုး (Maslow)၏ အဆိုအရ လူတို့တွင် အခြေခံတဲ့ လိုအင် ငါးချက် ရှိပေသည်။ ထိုလိုအင် ငါးချက် အတွင်း တွင် အချစ် လိုအပ်သည်လည်း တစ်ခု အပါအဝင် ဖြစ်ပေသည်။ အချစ်နှင့် သိကျွမ်းဖူးသူများသည် စိုးရိမ်ခြင်း အပြုအမူ၊ စိုးရိမ်ပူဆွေး အတွေးနှင့် စိုးရိမ်သည့် အပြော အဆိုတို့ကို အလိုလို တတ်ကျွမ်း လာတတ်ပေသည်။
ရင်ခုန်မှုများကို လူတိုင်းကြုံဖူး ကြပေလိမ့်မည်။ ရင်ခုန်မှု၏ နောက်ကွယ်တွင် ကြောက်ရွံ့စိတ် စိုးရိမ်စိတ်တို့ ရှိနေတတ် ပေသည်။ ထိုစိတ်များ၏ ပြင်းထန်မှု ပမာဏ အလိုက်ခံစားမှု အတိမ်အနက်ကွဲ ပြားတတ်ကြ ပေသည်။ အောင် ကျော်ထွန်းသည် ငယ်စဉ်မှ စ၍ ဆင်းရဲစွာ ရုန်းကန်၍ ပညာသင် ကြားခဲ့ရ ပေသည်။ ဘဝ၏ ဖိနှိပ်မှု အရ အချစ်ကိစ္စကို ဦးစားမပေးရဲ ရင်မဖွင့်ရဲဘဲ ကျိတ်ပိုး ဘဝဖြင့် အချစ်စိတ်ကို မြိုသိပ်ရင်း မိဘ မောင်နှမများကိုသာ ရိုးသားစွာ လုပ်ကိုင်ကျွေးမွေးနေခဲ့ပေသည်။ အောင်ကျော်ထွန်း၏ ရင်ထဲတွင် အသည်းနှင့်ထပ်တူချစ်မိနေသော သူရှိနေပေသည်။
သို့ရာတွင် အောင်ကျော်ထွန်းသည် သူချစ် မိနေသောမိန်းကလေးကို ချစ် ခွင့်မပန်ရဲပေ။ သူချစ်သောသူက သူ့ကိုငြင်းမှာ စိုးရိမ်သလို၊ မပြည့် စုံသောဘဝအတွင်းတွင် ဒုက္ခ ရောက်မည်ကိုလည်း စိုးရိမ်နေ ပေသည်။ ထို့အပြင် သူ၏ မိသားစု နှင့် ကျန်ရှိသည့် မောင်နှမများ၊ စားဝတ်နေရေးကို တွေး၍စိုးရိမ် ကာ၊ အချစ်မရှိသူ ပမာမြိုသိပ်ရင်း မသိစိတ်အတွင်းနှင့် စိတ်ကူးကမ္ဘာ ထဲတွင် အချစ်ဘုံနန်း တစ်ခုကို စိတ်ကူးနှင့် တည်ဆောက်နေသော လူပျိုကြီးအဖြစ်နှင့် စိုးရိမ်ခြင်းတို့ ကိုဆုပ်ကိုင်ထားသူ အဖြစ်နေထိုင် သွားလေသည်။ ကျွန်ုပ်တို့သည် အချစ်ကိုအမျိုးမျိုး ခွဲခြားတတ်ပေ သည်။
ကာမ၊ ရာဂကို အခြေခံ သောအချစ်၊ မိဘမောင်နှမများ အပေါ်ထားသော အချစ်နှင့် သူငယ် ချင်းမိတ်ဆွေ များအပေါ်ထားသော အချစ်ဟူ၍ ခွဲခြားထားတတ်ပေ သည်။အချစ်ဟူသည်စွဲလမ်းခြင်း၊ ကျောခြင်း ကပ်သောမျက်နှာပြင် ဖြစ်ပေသည်။ စွဲလမ်းလေလေ ခံစားရလေလေပင်ဖြစ်သည်။ထို စွဲလမ်းခြင်းတွင် ချစ်သည့်စိတ်နှင့် သံသရာတစ်ခု ကပ်ပါလာပါက မပြေလည်မှုဖြစ်ပေါ်၍လျှင်မြန်စွာ ပေါက်ကွဲလာ တတ်သည်။
မာမာဝင်းနှင့် ကိုအေးလွင်တို့ သည် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသူများ ဖြစ်ပေသည်။ ကိုအေးလွင် သည် သစ်အချော ထည်စက်ရုံတွင် မိန်းကလေးများ နှင့်အတူ အလုပ်လုပ်ရပေသည်။ ထို့ကြောင့် အလုပ်ပြန်ချိန်တွင် မိန်းကလေးများနှင့်အတူပြန်လေ့ ရှိပေသည်။ မာမာဝင်းသည်ငယ် ရွယ်၍ မရင့်ကျက် သည့် အပြင် ကိုအေးလွင်ကို အလွန်ချစ်မြတ် နိုးပေသည်။ ထိုစိတ်မှပင် သံသယ စိတ်သို့ကူးပြောင်း သွားကာအမြဲ တမ်းစိုးရိမ်နေတတ် ပေသည်။ကို အေးလွင် အကြောင်းကို ဘေးပတ် ဝန်းကျင်မှနောက်ပြန် လျှင် အဟုတ် ထင်၍ မကြာခဏ စကားများကြ ပေသည်။ နောက်တွင် သံသယစိတ်၊စိုးရိမ်စိတ်တို့ကြီးစိုးကာ ကို အေးလွင် အလုပ်နောက်ကျရင် တစ်ကိုယ်တည်းစိုးရိမ်စိတ်တို့ဖြင့် တွေးချင်ရာတွေး၊ထင်ချင်ရာထင်၊ ပျာယာခတ်၊ ပူလောင်တတ်သော လင်မယားခြင်းစကားများကြသည် အထိ ဖြစ်သွားတတ်ပေသည်။ အမှန် မှာ ကိုအေးလွင် ရိုးသား သော်လည်း မာမာဝင်း၏ အချစ် ကြီးရာမှပေါက်ဖွားလာသောစိုးရိမ် စိတ်သည်သာ သူတို့၏ သာယာ သောအိမ်ထောင်ရေးကိုဖျက်ဆီး သလိုဖြစ်သွားစေပါသည်။
လူတို့သည် မိမိအတွက်စိုး ရိမ်ခြင်းထက် မိမိနှင့် ရင်းနှီးစွာ ပက်သက်သူအပေါ်အလွယ်တကူ စိုးရိမ် တတ်ကြပေသည်။ ထိုစိုးရိမ် တတ်မှုမှရင်တုန်ခြင်း၊အလုံးစို့ခြင်း နှင့်မူးနောက်သွားသည်အထိခံ စားကာရောဂါရစေ တတ်ပါသည်။ ထို့အတူပင်သားသမီးများဖျားနာ လျှင်ဂရုစိုက်သည့်အပြင်သားသမီး များအတွက်အလွန် စိုးရိမ်တတ် ပေသည်။ သားသမီးများအလုပ် သွား၍ အိမ်ပြန်နောက်ကျလျှင် အပြင်ထွက်၍စောင့်ခြင်း၊မျှော်ခြင်း များဖြင့်ရင်မောနေပေသည်။လမ်း တွင်တစ်ခုခုဖြစ်နေသလားဟူသော စိုးရိမ်စိတ်ဖြင့် ရင်မောနေတတ် ပေသည်။ သားသမီးများ အိမ်ပြန် ရောက်မှသာလျှင်စိတ်အေးတတ် ပေသည်။
ထိုစိုးရိမ်စိတ်သည် တဖြည်း ဖြည်းကြီးရင့်ကာ အထိတ်တလန့် ဖြစ်သည်နှင့် ရင်တုန် ရင်မောကာ သာနေနေရ ပေသည်။ ချစ်ခြင်းမှ သည် စိုးရိမ်သော ဝေဒနာတစ်ခု အဖြစ် ခံစားတတ် ပေသည်။အ ချစ်ဟူသော အရာသည် စွဲလမ်းမှု တစ်ခုဖြစ်သည့် အတွက် မိမိကို ချစ်သောသူ၊ မိမိတို့ချစ်သော ပစ္စည်း နှင့်မိမိတို့ ချစ်သော အလုပ်အကိုင် တို့ကို ရုတ်တရက် ပျက်စီးသွား သည့်အခါ စိုးရိမ်ကြီးစွာ ခံစားတတ် ပေသည်။ ထိုခံစားမှုနှင့်အတူ ပေါက်ကွဲတတ် ကြပေသည်။ကို ဝင်းဇော်ဦးသည် ကုမ္ပဏီတစ်ခုမှ အလုပ်သမား တစ်ဦးဖြစ်သည်။ ထိုအလုပ်လုပ်ကိုင်နေသည့် အတွက် သူ၏ မိသားစု ပြေလည်စွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ပေသည်။ ကိုဝင်းဇော်ဦးသည် ထိုအလုပ်၌ ကျင့်သားရကာ ထိုအလုပ်ကိုချစ်ခင် စွဲလမ်းသွား ပေတော့သည်။
တစ်နေ့တွင် ကိုဝင်းဇော်ဦး၏ သေးငယ်သောအမှားတစ်ခု့် အလုပ်မှထုတ်ပယ်ခြင်းခံရပေ သည်။ ထိုအလုပ်ကို ချစ်နေသော ကိုဝင်းဇော်ဦး၏ကမ္ဘာသည် ရုတ် တရက်ပေါက်ကွဲကာဒေါသဖြစ် ခြင်း၊ရှက်ခြင်း၊ဝမ်းနည်းခြင်းတို့ကို ခံစားရပြီးရင်ဖွင့်ကာပေါက်ကွဲခြင်း၊ အရက်သောက်ခြင်းတို့ဖြင့်ချစ်ခင် စွဲလမ်းခြင်းကြောင့် ယာယီခံစား ရူးသွပ်သွားလေသည်။ သူ၏ပတ် ဝန်းကျင်တွင်အခြား အလုပ်ပေါင်း ထောင်ချီရှိနေသည်ကိုပင် ရုတ် တရက်မစဉ်းစားမိသည် အထိစိုးရိမ် စိတ်လွန်ကဲ ကာပေါက်ကွဲတတ် ပေသည်။ လူသားတိုင်း အချစ်နှင့် မကင်းကြပါ။ ထို့အတူအချစ်၏ အခြားတစ်ဖက်မှကပ်ပါလာသော စိုးရိမ်ခြင်းနှင့်လည်းကင်း၍မရနိုင် ပေ။ ထိုက်သင့်သောအချစ်နှင့် ဖြစ်သင့်သောစိုးရိမ်မှုတို့ညီမျှရန် သာလိုပေသည်။အချစ်နှင့်စိုးရိမ် စိတ်တို့ မျှတစွာ ခံယူတတ်လျှင် ကောင်းမှုများစွာ ဖန်တီးနိုင်ပေ သည်။ စိုးရိမ်မှုကင်းစေသောအ ချက်များတွင်ယုံကြည်စိတ်ချမှုရ အောင်ဆောင်ရွက်နိုင်သည့်တစ်ခု အပါအဝင်ဖြစ်ပေသည်။
မောင်တိုးနှင့် မောင်စိုးဟူသော ညီအစ်ကိုနှစ်ယောက် ရှိပေသည်။ မောင်တိုးသည် လိမ္မာ၍ အပေါင်း အသင်းကောင်းများနှင့် ပေါင်းပြီး လုပ်ငန်းကြိုးစားပေသည်။မောင် စိုးမှာမူ သောက်စားမူးယစ်သော သူငယ်ချင်းများနှင့် ပေါင်းသင်း သည့်အတွက် လူကြီးများက စိတ်မချကြပေ။မောင်စိုးအိမ်ပြန် နောက်ကျလျှင်မူးလဲပြီးကားတိုက် မိနေသလား၊စကားများပြီးရန်ဖြစ် နေသလားဟု စိုးရိမ်ကြရ ပေသည်။ မောင်တိုးကိုမူ လိမ္မာခြင်း၊ အသောက် အစားကင်းခြင်းနှင့် အလုပ်ကြိုး စားခြင်းတို့ကြောင့် လူကြီးများ ကယုံကြည်ကြပေသည်။ ထို ယုံကြည်မှုများသည် မောင်တိုး အတွက် စိုးရိမ်မှုနည်းစေသော အချက်များပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့၏ ဘဝကို စိုးရိမ် ခြင်းကမပိုင်စိုးသင့်ပေ။စိုးရိမ်ခြင်း၊ အသင့်အတင့်ရှိခြင်းသည်ကာ ကွယ်ခြင်းဖြစ်စေသော်လည်းစိုးရိမ် မှုလွန်ကဲခြင်းသည်ဘေးအန္တရာယ် ရောဂါတို့ကို ဖိတ်ခေါ်နေခြင်းပင် ဖြစ်သည်။ အချစ်မှ ပေါက်ဖွားလာ သောစိုးရိမ်ခြင်းသည် အချစ်မစိုး မိုးသင့်ပေ။ ဤလောက•၌ရှိသော အရာများသည် သုံးတတ်လျှင် ဆေး၊မသုံးတတ်လျှင် ဘေးဖြစ် တတ်ပါသည်။
ထို့အတူ ကျွန်ုပ်တို့သည် အချစ်ကိုဆေးအဖြစ် သုံး၍အချစ် မှပေါက်ဖွားလာသော စိုးရိမ်မှု သံသရာထဲတွင်အလိုက်သင့်ကျင့် သုံးကာချစ်ခြင်း၊ စိုးရိမ်ခြင်းတို့ကို ဆေးအဖြစ် သုံးနိုင်ရန် အတွက် သတိနှင့်ကျင့်ကြံနေထိုင်သင့်လှ ပါပေသည်။ 
သရက်တန်းစိုးရွှေ(စိတ်ပညာ)
SHADE JOURNAL
@ - today myanmar

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>