လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ပြီးမှ ၄ ဦးတွင် ၁ ဦးက နောင်တရ


အမေရိကန်နိုင်ငံမှာ အသက် ၁၈ နှစ်နဲ့ ၃၄ နှစ်ကြားက လူငယ်တွေကို စစ်တမ်းကောက် လေ့လာထားခြင်း ဖြစ်ပါတယ်။ ထူးထူးခြားခြား စစ်တမ်းကောက်မှုပါ။


Post တစ်ခုတင်ပြီးလိုက်တဲ့အခါ ယင်းအပေါ် စိတ်ကျေနပ်မှ ရှိမရှိ စစ်တမ်းကောက်ကြည့်ရာ ၄ ဦးမှာ ၁ ဦးဟာ ပြီးခဲ့တဲ့ Post အတွက် နောင်တရကြကြောင်း ဆိုပါတယ်။ Status တစ်ခု သို့မဟုတ် ပုံတစ်ပုံပုံ တင်ဖို့အတွက် ရှိနေတဲ့၊ ခံစားနေရတဲ့ စိတ်နေစိတ်ထားကို ဦးစားပေးပြီး လုပ်မိပါတယ်။ နောက် အချိန်နည်းနည်းကြာလာတဲ့အခါ သို့မဟုတ် ရက်ကြာလာတဲ့အခါ ယင်းခံစားချက် ပြောင်းလဲသွားပြီး မိမိ ဖော်ပြမိလိုက်တဲ့ မိမိအခြေအနေပေါ်မှာ အရှက်ရခြင်း သို့မဟုတ် နောင်တရခြင်းမျိုး ဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။

ဥပမာ - WORST HANGOVER. Important client meeting in 10 minutes. Ugh. #Thirsty Thursday # Drunk လို့ လူငယ်တစ်ယောက် တင်လိုက်မိပြီး သူ့အနေနဲ့ သူရဲ့  အရက်မူးတဲ့အကြောင်း ဖော်ထုတ်ပြမှု အပေါ် ပြန်လည် အရှက်ရကြောင်း ဆိုပါတယ်။ ပြီးတော့ လုပ်ငန်းခွင်မှာလည်း အဆင်မပြေခင် အခိုက်အတန့် တင်လိုက်တဲ့ Post က တစ်ဦတစ်ယောက်ကို ရည်ရွယ်ပေမယ့် နောက်တော့လည်း ထူးခြားတဲ့ ခံစားချက် မရှိတဲ့အခါ ပြန်လည်နောင်တ ရကြကြောင်း ဆိုပါတယ်။

အားလုံးကို ဆိုလိုခြင်း မဟုတ်ပဲ လေးဦးမှာ တစ်ဦးက ခံစားနေရတဲ့ ခံစားချက် ဖြစ်ပါတယ်။ ဒါကြောင့် Facebook, Twitter, Google+, Instagram တို့လို Social Network တွေမှာ Post တစ်ခု သို့မဟုတ် ပုံတစ်ခု မတင်ခင် မိမိမြင်စေချင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေအရေအတွက်၊ ထားသင့်တော့ Privacy များကို သေချာ လေ့လာလို့ တင်သင့်ကြောင်း လေ့လာသူများက တိုက်တွန်း ထားပါတယ်။
.
Ref: mashable
Aung Kham (TSJ team)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>