လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

တကူးတက ငွေစုနည်း ဆယ်မျိုး

 
၁။  အခန်းဖော်တွေနဲ့ ဝေမျှသုံးပါ။

အင်တာနက်ခ၊ ရေ မီးခ၊ အိမ်အသုံးအဆာင်စတဲ့ တစ်အိမ်လုံး မျှသုံးလို့ရတဲ့ ပစ္စည်းတွေကို စုဝယ်ပြီး မျှသုံးခြင်းဖြင့် တစ်ယောက်တည်း ၀ယ်ပြီးသုံးတဲ့ ကြီးမြင့်တဲ့စရိတ်ကို ကာမိပါမယ်။

၂။  ဘာမှ စားစရာ၊ ချက်စရာမရှိတော့မှ ဈေးသွားပါ။
ရေခဲသေတ္တာထဲ၊ ကြောင်အိမ်ထဲ ဘာမှစားစရာ၊ ချက်စရာမရှိတော့မှ ဈေးသွားဝယ်ခြင်းအားဖြင့်
ပုပ်သိုးလို့ လွှင့်ပစ်ရတဲ့ငွေ၊ ရက်မလွန်ခင် မစားဖြစ်ခဲ့လို့ ပစ်လိုက်ရတဲ့ငွေ စသဖြင့် မကုန်သင့်ဘဲ ကုန်သွားခဲ့တဲ့ ငွေတွေကို စုမိမှာပါ။

၃။  အိတ်တွေကို ပြန်သုံးပါ။
စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွပ်ကြွပ်အိတ် တွေကို အမှိုက်ပုံးမှာခံပြီး အမှိုက်ထည့်တဲ့အိတ်ပြန်လုပ်ခြင်းဖြင့် အမှိုက်ထည့်တဲ့အိတ်အတွက် ကုန်ငွေကို ကာမိပြီး ဖြစ်မှာပါ။ လျှော်လို့ရတဲ့ အိတ်တွေဆိုလဲ လျှော်ဖို့အချိန် တကူးတကလုပ်ယူ လျှော်ခြင်းဖြင့် အဲဒီအိတ်တွေ ထပ်ခါထပ်ခါ ၀ယ်ရတဲ့ အပိုငွေတွေကို စုပြီးသားဖြစ်မှာပါ။

၎။  အပြင်သွားရင် ရေကို ဦးစားပေးသောက်ပါ။
အပြင်သွားတဲ့အခါ ပက်စီတို့ ကိုလာတို့ ၀ယ်သောက်ခြင်းထက် ခန္ဓာကိုယ်အတွက် တကယ်လိုအပ်တဲ့ရေကို ၀ယ်သောက်ခြင်းဖြင့် ပိုဈေးကြီးပေးဝယ်သောက်ရတဲ့ အဲဒီစရိတ်တွေကို စုမိမှာပါ။ အဲဒီ ပက်စီတို့ ကိုလာတို့ကို Fast Food နေရာတွေမှာ ၀ယ်သောက်လဲ အဲဒီအချိုရည်တွေထက် ရေခဲတွေထည့်ထားတာ ပိုများတဲ့အတွက် ဘာမှလဲ မထူးခြားဘူးလို့ ဆိုပါတယ်။

၅။ တစ်ခါသုံးထုပ်တွေကို ယူသိမ်းထားပါ။
Fast Food(KFC, MAC) နေရာတွေမှာ သွားစားတဲ့အခါ အလကားထည့်ပေးတဲ့ သို့မဟုတ် လိုသလောက် ယူလို့ရတဲ့ တစ်ခါသုံးအထုပ်ကလေးတွေကို သိမ်းထားပါ။ အဲဒီဟာတွေက တချိန် ကိုယ်အသုံးလိုတဲ့အခါ ပြေးမ၀ယ်ရဘဲ အလွယ်တကူ သုံးလို့ရတယ်လို့ ဆိုထားပါတယ်။

၆။ Hand Sanitizer တွေကို ဆောင်ထားပါ။
Hand Sanitizer တွေကို ကိုယ်နဲ့မကွာ ဆောင်ထားခြင်းအားဖြင့် ဈေးဝယ်သွားတဲ့အခါ၊ အများသုံး ပစ္စည်းတွေကိုင်ပြီးတဲ့အခါ အဲဒီ Hand Sanitizer ကိုသုံးပြီး ကိုယ့်လက်သန့်စင်ခြင်းအားဖြင့် အလွယ်တကူ ကူးလွယ်တဲ့ ရောဂါပိုးမွှားအန္တရာယ်က ကာကွယ်ပြီးဖြစ်ပါတယ်။ အဲဒီလို ကာကွယ်ပြီး ဖြစ်တဲ့အတွက် ဒီပိုမွှားတွေကြောင့် နာမကျန်းဖြစ်ရင် ပေးရမယ့် ဆေးကုသစရိတ်၊ ဆေးဖိုး၊ လစာမဲ့ခွင့်ယူရခြင်း ဒုက္ခတွေက ကာကွယ်ပြီး ဖြစ်တဲ့အတွက် အဲဒီအတွက် အပိုကုန်မယ့် ငွေတွေလဲ စုဆောင်းပြီး ဖြစ်မှာပါ။

၇။  အများသုံးကားရပ်နားရာနေရာတွေကို ရှာပြီး ကားရပ်နားပါ။
ကားပိုင်တဲ့သူတွေအတွက် မိမိကား အလကားရပ်နားလို့ ရမယ့် အများသုံး ကားရပ်နားရာ နေရာတွေမှာ ကားရပ်နားခြင်းဖြင့် တစ်ရက်စာ၊ တစ်လစာ၊ တစ်နှစ်စာ ကားရပ်နားခစရိတ်တွေ ပိုထွက်လာမှာ ဖြစ်ပါတယ်။ အများသုံးကားရပ်နားရာနေရာတွေက ဝေးကောင်း ဝေးနိုင်ပေမယ့် လမ်းပြန်လျှောက်ခြင်းဖြင့် ကိုယ်လက်လေ့ကျင့်ခန်းတောင် လုပ်ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

၈။  မ၀တ်တဲ့ တီရှပ်၊ ချည်သားတွေကို လက်နှီးစုတ်၊ လက်သုတ်ပုဝါ လုပ်ပါ။
ကိုယ်လုံးဝ မ၀တ်တော့တဲ့၊ မ၀တ်ချင်တော့တဲ့၊ ပစ်မဲ့အ၀တ်အစားတွေထဲက တီရှပ် သို့မဟုတ် စွတ်ကျယ်သား၊ ချည်သားတွေကို လက်နှီးစုတ်၊ လက်သုတ်ပုဝါ လုပ်သုံးခြင်းအားဖြင့် အဲဒီလက်နှီးစုတ်၊ လက်သုတ်ပုဝါတွေ တကူးတက ၀ယ်ရတဲ့ငွေကို စုပြီးသားဖြစ်မှာပါ။

၉။  ဘီယာ၊ အရက် သောက်စားခြင်း၊ စီးကရက်သောက်ခြင်းတို့ကို စွန့်လွှတ်ပါ။
စီးကရက်၊ အရက်၊ ဘီယာတွေ သောက်သုံးဖို့ သုံးလိုက်တဲ့ငွေတွေဟာ တဖြည်းဖြည်းမှတ်ထားပြီး တစ်လ၊ ခြောက်လ၊ တစ်နှစ် ပေါင်းစုတွက်လိုက်တဲ့အခါ အတော်များတဲ့အတွက် ကျန်းမာရေးအတွက်လဲ ကောင်းကျိုးမပေး၊ လူလဲအာဟာရမဖြစ်၊ ငွေလဲကုန်တာမို့ ဖြတ်နိုင်သမျှ မြန်မြန်ဖြတ်နိုင်လေ အကောင်းဆုံးဖြစ်လေပါပဲ။ အဲဒီအတွက်ကုန်တဲ့ငွေတွေလဲ ပိုစုမိလာမှာပါ။

၁၀။   ရေသန့်ဗူးထဲ သဲထည့်ပြီး အိမ်သာထဲက Flush လုပ်မယ့်ရေပုံးထဲ ထည့်ထားပါ။
ရေသန့်ဗူးထဲ သဲအပြည့်ထည့်ထားပြီး အိမ်သာထဲက  toilet tank ထဲမှာ ထည့်ထားခြင်းဖြင့်  Flush တစ်ခါလုပ်တိုင်း ကုန်သွားမယ့်ရေ၊ ပြန်ဖြည့်မယ့် ရေပမာဏကို လျော့စေမှာဖြစ်တဲ့အတွက် ရေမီတာအတွက် ကုန်ကျငွေကိုလဲ ပိုစုမိလာပါလိမ့်မယ့်။
သတင်းအပြည့်အစုံဖတ်လိုပါက

ပုံရိပ်(burmesehearts.com)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>