လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ

 Royal Hero Media
ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ
========================
ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြား အစားထိုး သုံးနိုင် ပါတယ်။ ပျားရည်ဟာ အရသာ ရှိရုံသာမက အနာ ကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။
ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်း တွေနဲ့ ဖိုင်တို နျူးထရီး ရန့်တွေ ပါဝင် နေတဲ့အပြင် ကာဗို ဟိုက်ဒရိတ်လည်း ပါဝင် တာကြောင့် စွမ်းအင် ကောင်းကောင်း ရရှိ စေပါတယ်။ ကိုယ်ခံ စွမ်းအား စနစ်ကိုလည်း ကောင်းမွန် စေပါ တယ်။
(၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝ အရာ ဖြစ်ပြီး စွမ်းအင်ကို ချက်ချင်း ရရှိ စေပါတယ်။ ပျားရည် မှာပါတဲ့ ကာဗိုလ် ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှု ရရှိ စေပါတယ်။ ပျားရည် မှာပါတဲ့ ကာဗိုလ်ဟိုက် ဒရိတ်ေ...ကြာင့် ခန္ဓာကိုယ်က သန်စွမ်းမှု ရရှိပြီး ကြွက်သား တောင့်တင်း ညောင်းညာမှု လျော့ကျ စေပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ မူးဝေ တာမျိုး ကိုလည်း သက်သာ စေပါတယ်။
(၂)လည်ချောင်း နာနေရင် ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပေးပါက သက်သာ စေပါတယ်။
(၃) ပျားရည်ကို ရှလကာရည်နဲ့ ရောပြီး သောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာ စေပါတယ်။
(၄) ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရော တွေကို လျော့ကျစေကာ နှလုံးရောဂါထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
(၅) ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ် တာကို လျော့ကျစေနိုင်ပါတယ်။
(၆) ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီး ပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။
(၇) ပျားရည်ကို နှင်းခူလို အရေပြားယားနာတွေပေါ် လိမ်းပေးရင် သက်သာစေ ပါတယ်။ အရေပြား ခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံး အစိုဓာတ်ထိန်း ခရင်မ်အဖြစ် သုံးနိုင် ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်း ပေးပါ။ နေ့စဉ် မှန်မှန် သုတ်လိမ်း ပေးပါက တစ်ပတ် အတွင်းမှာ နူးညံ့ပြီး ကြည်လင် တောက်ပတဲ့ အသားအရေကို ရရှိ စေပါတယ်။ သင့်အသား အရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကို လိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်။
(၈) နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီး နွေးရေကို ရောပြီး သောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေ စနစ် ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ ဒါပေမဲ့ အသက်တစ်နှစ် အောက် ကလေးတွေကို ပျားရည် လုံးဝ မတိုက်သင့်ပါ။ ပျားရည်မှာ သဘာဝအတိုင်း botulinum endospores ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင် တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအား စနစ်က ဒီဘက်တီးရီးယား ကြီးထွားမှုကို ရပ်တန့် သွားအောင် လုပ်နိုင်တဲ့ အထိ အလုံအလောက် မဖွံ့ဖြိုး သေးပါဘူး။ ဒါကြောင့် ကလေးရဲ့ အူကို ပိုးဝင် ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။
Ref; medic-benefit

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>