ကျွန်တော် ဒီနည်းကို ရှာရတာ တော်တော်ကြာပါပြီ ။ ဘာလို့ဆိုတော့
ကျွန်တော်က ဘလော့လည်းရေးတယ် ။ ဘလော့ကိုလည်း FB မှာ တင်တယ် ။ ဘလော့မှာ
တင်ပြီးတိုင်း FB မှာ လင်ခ့် ပြန်ရှဲလ်ရတာ အလုပ်တစ်ခုပါ ။ ကြာလာတော့
မတင်တော့ဘူး ။ ဘလော့ပဲဖွင့်ဖြစ်တော့ တင်တဲ့ ပိုစ့်တိုင်းက FB မှာ Update
မဖြစ်တော့ မသုံးချင်တော့ဘူး ။ ဒါကြောင့် ဘလော့မှာ တင်ပြီး FB မှာလည်း
Update ဖြစ်တဲ့နည်းကို ရှာနေတာ ။ တော်တော်ကြာပါပြီ ။ မတွေ့သေးတာ ခုထိ
တွေ့ပြန်တော့လည်း ၀ါသနာတူ ဘလော့ဂါတွေလည်း အသုံးဝင်မယ်ထင်လို့
ရေးသားလိုက်ပါတယ် ။
ကျွန်တော်ကတော့ FB ကို ဘလော့အနေနဲ့လည်း သုံးတယ် FB user
အနေနဲ့လည်း သုံးတယ် ။ အကောင့်က တစ်ခုတည်းပေါ့ ။ ဘလော့တစ်ခုတည်း သုံးရင်
လိုက်ပြီးအတင်းတုတ်လို့ မရတော့လို့ပေါ့း)
ကဲ ပြောနေတာကြာပါတယ်ဗျာ ။ ကပထမဆုံး
ဒီလင့်ခ် အတိုင်းသွားပြီးတော့ FB app လုပ်နေကြအတိုင်းပဲ
လုပ်ပေးလိုက်ပါ ။
ပြီးရင်တော့ လုပ်ငန်းစလို့ရပြီ ။ ပြီးရင်တော့ ကိုယ်ဘလော့ရဲ့ RSS
လင်ခ့်ကို
ကူးထားလိုက်ပါ ။ မသိရင်အောက်ကပုံကို နမူနာအဖြစ်ကြည့်
ကဲကူးထားပြီးရင်တော့ FB ကို ပြန်သွားရင် အစက သွားတဲ့အတိုင်းပေါ့ ။
ဒါမှမဟုတ်ရင်ရင်း Home ကို နိပ်ပြီး ရှာကြည့်လိုက် ။ ပြီးရင်တော့ Add Feed
ကို နိပ်လိုက် ။ ပြီးရင်အဲဒီမှာ စောနကကူးထားတဲ့ RSS Feed လင့်ကို
ထည့်ပေးလိုက်ပါ ။ ပြီးရင့်ဘလော့နာမည်လေးထည့် ။ ဘလော့လိပ်စာမှာ ထည့်ချင်လည်း
မထည်ချင်ရင်လည်း ကိစ္စမရှိ ။ ကျွန်တော်တော့ စုံအောင်ထည့်လိုက်တား)
ကဲပြီးပြီ
။ ကျွန်တော်တော့ ဘလော့ရော ပေါင်းပြီး သုံးထားတာမို့ ဆက်ရွေးလိုက်ရသေးတယ် ။
ပြီးရင်တော့ ပိုစ့်တင်ကြည့်လိုက် ။ အဲ... အဲဒီမှာလည်း ပြင်ဖို့လိုတယ် ။
ဘလော့မှာ တင်ပြီးတာနဲ့ ချက်ချင်းတင်မှာလား စသည်ပေါ့ ။ ရွေးပေးလိုက် ။
သဘောရှိ ကရောဟိလေ..........
ကဲ
အားလုံးပြီးရင်တော့ ဘလော့ဝင်ပြီး ပိုစ့်တစ်လောက်တင်ကြည့်လိုက်ပါ ။
ကျွန်တော် တော်တော်လေး အဆင်ပြေသွားပြီ ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်သွားပြီလေ
။ ခွန်မောင်ပန်
Ref: http://decembermgmg1992.blogspot.com
No comments:
Post a Comment