လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

စစ်သားဆိုတဲ့ အရသာ



-----------------------------

ဒုဗိုလ်ဘဝ ပေါင်ကြိမ် ပေါင်ကြိမ်နဲ့  လေယဉ်မစီးတတ်လို့ 
ပွဲပျက်ခဲ့ဖူးပါတယ်.........

သေနတ်တလက် ပစ္စည်းအပြည့်အစုံနဲ့ ဂျာအေး သူ့ အမေ
ရိုက်သလိုလည်း ဖြစ်ခဲ့ဖူးပါတယ် ....



တောထဲတောင်ထဲ ပဲဟင်းနဲ့  ပင်စိမ်းသီး ငငြုပ်သီးထောင်းကိုလည်း
ငယ်ရည်စားလို ခုထိ ကြိုက်နှစ်ခဲ့ဖူးပါတယ် .....

ကိုယ်တာဝန်ကျတဲ့နေရာ ရန်ကုန်က ပြန်လာတဲ့ ခလေးမလေးနဲ့ 
တူတူလာလို့  လေယဉ်ဖူးစာလို့ လဲ နာမည်ကြီးဖူးပါတယ် ....

လူပျိုပေါက်စ ဆိုပေမဲ့လည်း ဆေခန်းဆီသို့  ဗိုက်ကြီးသည်တွေ
ဆိုင်ကယ် ကယ်ရီလုပ်ပို့ ဖူးပါတယ် ........

သေကံမရောက် သက်မပြောက် တဘက်ကချောက် ဆူခဲလမ်းမှာ
ဆိုင်ကယ်တွေလည်း မှောက်ခဲ့ဖူးပါတယ် .....

အိမ်နဲ့ ဝေးရင်ပြီးရော အလွယ်ပြောခဲ့ပေမဲ့ ကိုယ့်အမေကြီးဆုံးတာ
တောင် ဖုန်းမဆက်နိုင်ခဲ့လို့ ကြေကွဲရဖူးပါတယ် .....

သင်တန်းတက်ရမယ်ဆိုတော့ ခွဲရခွာရ သွေးသောက်စစ်သည်
မျက်ရည် ကျခဲ့တာလည်း မြင်ခဲ့ဖူးပါတယ် ........

စိတ်ကမခိုင် အရက်ကနိုင်လို့  တပွဲ တလမ်း အကဲစမ်း
ပြသာနာလေးတွေလည်း တက်ခဲ့ဖူးပါတယ် .....

အခြေအနေ မကောင်း ဘဝတွေ စောင်းနေလို့ လုံခြုံရေးယူရင်
ကျောင်းဆရာလည်း ဖြစ်ခဲ့ဖူးပါတယ် ....

နယ်မြေက ချစ်လာတော့လည်း ရိုးရာပွဲတွေနဲ့  ကြက်ခြေထောက်
ဆေးပေါင်းခတဲ့ ညတွေလည်း ကြုံခဲ့ဖူးပါတယ် ....

သတင်းကပေး အယောက် ၅၀ ကိုယ့်မှာ အရှိ ၁၅ ယောက် နဲ့  မာန်ကိုတင်းပြီး ကင်းတို ကင်းရှည် ထွက်ခဲ့ဖူးပါတယ် ..........

ဆေးတွေရယ် ပျက် ထုံးတွေ မဲ့လို့  အားလပ်ချိန်မှာ
စခန်းကနေ သာသနာ အကျိုးလည်း လုပ်ခဲ့ဖူးပါတယ် ....

အွန်လိုင်းရောက်တော့ တဘက်အမြင်နဲ့ ဘော်ဘော်တွေရဲ့
ပေးဆပ်မှုတွေ ခြားနားနေလို့ ရှင်းပြနေမိပြန်တယ် ....

အော် ခုတော့ ရှမ်းရိုးမက တောင်တန်းကြီးတွေ မြန်မာပြည်ရဲ့
အနှစ်သာရတွေ လွမ်းနေမိပြန်ပြီ ........

စောင့်လိုကြိုနေဦးပေါ့ တနေ့ တော့ အစိမ်းရင့်ရင့် ယူနီဖောင်းလေးနဲ့ 
ပညာဆုံးခန်းတိုင်ရင် ကိုယ်လည်းပြန်လာမှာပါ .....

တကယ်တော့ စစ်သားဆိုတဲ့ အရသာ တော / တောင် ကဘဲ
သိတယ်ကွယ် ............. ။

လေးစားစွာဖြင့်
ဖိုးသားလေး

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>