လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဒီပုံပြင်လေးကြောင့် ကျနော်မျက်ရည်ကျခဲ့ရတယ်…

 
Myawady News
ဒီပုံပြင်လေးကြောင့် ကျနော်မျက်ရည်ကျခဲ့ရတယ်…
Wednesday, July 31, 2013

အရမ်းလိမ္မာတဲ့ ချာတိတ်မလေးတစ်ယောက်…
စနေနေ့ ညနေခင်းလေးတစ်ခုမှာ ချာတိတ်မလေး ကျူရှင်ကနေပြန်လာပြီး ဧည့်ခန်းမှာ စာလုပ်နေတုန်း…
အဲဒီအချိန်မှာ တံခါးခေါက်သံကြားလိုက်ရတယ်… သူအမြန်ပြေးပြီးတံခါးဖွင့်ပေးလိုက်တယ်…
အရပ်ခပ်မြင့်မြင့် ခန့်ခန့်ချောချော လူကြီးတစ်ယောက် တံခါးဝမှာရပ်နေတာတွေ့လိုက်ရတယ်…
စိတ်ထဲမှာတော့ဇဝေဇ၀ါ့ဖြစ်သွားတယ်… စိတ်ထဲမှာစဉ်းစားနေတယ်… သူဘယ်သူပါလိမ့်…
မေမေ မီးဖိုခန်းကနေ ထွက်လာပြီး သူ့ကိုမြင်တော့ မေမေ့မျက်နှာမှာ အပြုံးပန်းလေးပွင့်လာတယ်…
အဲဒီအချိန်မှာ မေမေက ရုတ်တရက် ချာတိတ်မလေးကိုပြောလိုက်တယ်… “ဖေဖေ ခေါ်လိုက်…”
ချာတိတ်မလေး စိတ်ထဲမှာ စဉ်းစားနေတယ်… “အံ့သြစရာဘဲ… ဒီယောကျာ်းကြီးကဘယ်သူလဲ… ငါက ဘာဆိုင်လို့သူ့ကို ဖေဖေလို့ခေါ်ရမှာလဲ… ဒါမှမဟုတ် ဒါက မေမေနဲ့ ??”
မေမေက ချာတိတ်မလေး ငြိမ်နေတာကို တွေ့လိုက်တော့ သူ့ကို နောက်တစ်ကြိမ်ပြောလိုက်တယ်… “ဖေဖေခေါ်လိုက်…”
ချာတိတ်မလေးကတော့ တုတ်တုတ်မျှမလှုပ်… မျက်လုံးလေးပြူးပြီး မေမေနဲ့ အဲဒီလူကြီးကို ကြည့်နေတယ်… နှုတ်ပိတ်ဆိတ်ငြိမ်ပြီး သူ့ရဲ့နောက်ဆုံးဂုဏ်သိက္ခာကို ထိန်းမယ်လို့ဆုံးဖြတ်လိုက်တယ်…
မေမေက အသံကျယ်ကျယ်နဲ့ သူ့ကိုဖိအားပေးပြီးပြောလာတယ်… “ဖေဖေ ခေါ်လိုက်လို့ပြောနေတယ်လေ…”
ချာတိတ်မလေးနဲ့ မေမေရဲ့အခြေအနေဟာ တင်းမာလာတယ်… မေမေ ဒေါသတွေထွက်လာပြီး သူ့လက်ဖ၀ါးဟာ ချာတိတ်မလေးကိုယ်ပေါ်ကို ရိုက်ချက်ပြင်းပြင်းတစ်ချက်ကျလာတယ်… အော်ပြီးသူ့ကိုထပ်ပြောတယ်… “ဖေဖေ ခေါ်လိုက်…”
ချာတိတ်မလေး တော်တော်အံသြသွားတယ်… မေမေက ဒီသူစိမ်းယောကျာ်းတစ်ယောက်အတွက်နဲ့ သူ့ကိုရိုက်တယ်… ချာတိတ်မလေး မျက်ရည်တွေလျှံထွက်လာတယ်… ဒီသူစိမ်းယောကျာ်ကြီးကို “ဖေဖေ” လို့ခေါ်လိုက်တယ်…

မေမေက အဲဒီအချိန်မှာ ပြောလိုက်တယ်… “ ဟဲ့ ငတုံး မလေး… နင်ဒီတိုင်းနင့်အဖေကိုခေါ်နေလို့ သူကြားမှာလား… သူများက ရေပိုက်လာပြင်တာ… အခန်းထဲမှာ ဖေဖေကို မြန်မြန်သွားခေါ်ပြီး အပေါ်ဆုံးထပ်ကို ပို့ပေးလိုက်… ”

ကျနော်မျက်ရည်ကျခဲ့တယ်… ရယ်ရလွန်းလို့မျက်ရည်တောင်ကျမိတယ်… ဟဟဟ

နှစ်သစ်မှာတော့ အငိုဇာတ်နဲ့မစဘဲ ဒါလေးနဲ့ဘဲ အရင် အစပျိုးပေးလိုက်ပါတယ်ဗျာ …

Zane
ဟာသဘဏ် - funny bank

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



  • Total Posts: 1205
  • Total Comments: 31
  • Total Pages: 0
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>