ရိုးသားမှုတွေအနာတရဖြစ်တဲ့အခါ
ကိုယ်ဝတ်ရုံကိုဘာနဲ့မှ
အပေးအယူလုပ်မပြစ်နဲ့နော်။
အရေးအကြောင်းနဲ့ဆို
သက်လုံကောင်းစေ
သွားရမယ့်ခရီးကအဝေးကြီး
ကျန်သေးတယ်မဟုတ်လား။
ကိုယ့်ရိက္ခာကိုထမ်းလို့
ကိုယိ့လမ်းကိုသွားကြတဲ့အခါ
ကိုယ်ယုံကြည်ရာတွေကိုလည်း
လွှတ်ချမပစ်နဲ့ပေါ့။
တိတ်ဆိတ်ငြိမ်သက်ခြင်းတွေရဲ့
နောက်ကွယ်မှာ
လမိုက်ညတွေက
အပေါင်းအဖော်တွေနဲ့
ရောက်လာတတ်သေးတယ်။
ကုသိုလ်ကံဖေးမလို့
နည်းပေးလမ်းပြလုပ်တဲ့အခါ
လူယဉ်ကျေးပီသပါစေညီမလေး။
မတူညီတဲ့နိယာမတွေနဲ့
မိတ်ဖွဲ့မယ်ဆိုရင်
ကိုယ့်ကိုကိုယ်ဆန်းစစ်ဖို့လည်း
မမေ့နဲ့ပေါ့။
ညီမလေးကအရိုးခံလေး
မဟုတ်လား
အဆင်မပြေမှုတွေနဲ့
ပေါင်းသင်းရတဲ့အခါ
ကိုယ့်အသက်ကိုကာကွယ်ဖို့
စည်းအထပ်ထပ်ချထားဖို့လဲ
လိုလိမ့်မယ်။
ပြီးတော့
အနိမ့်အမြင့်ဝင်္ကန္တတွေနဲ့ကြုံတဲ့
မြောက်ဝင်ရိုးစွန်းမှာနေတဲ့
ပိုလာဝက်ဝံလေးတွေလို
ကိုယ့်သွေးကိုလည်း
မသောက်မိစေနဲ့နော်။
လူဆိုတာသေတနေ့မွေးတနေ့
တနေ့ပြန်တွေ့ကြအုန်းမယ်လို့
အစ်ကိုမမျော်လင့်ရဲဘူး
ညီမလေးကိုမချစ်လို့ပြောတာ
မဟုတ်ဘူးနော်။
နောင်မျိုးဆက်သစ်တွေ
ညီမလေးအကြောင်းဖတ်တဲ့အခါ
ဒါမှဒို့အမေကွ လို့ဂုဏ်ယူကြပါစေ
ကိုယ့်လမ်းကိုဖြောင့်ဖြောင့်သွာ
အစ်ကို့အတွက်ဘာမှ
နောက်ဆံတင်းမနေနဲ့
အစ်ကိုထမင်းချက်တတ်တယ်။
— with Shwe Pachi.
No comments:
Post a Comment