လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဆေးမြီးတို

ကွမ်းစားထုံးကဒုက္ခပေးလျှင်

   ကွမ်းယာစားတော့မည်ဆိုလျှင် ထုံးသည် မပါမဖြစ်သော ပစ္စည်းတစ်ခု ဖြစ်ချေ၏။ ထုံးကို အလွန်  အကျွံ စားမိချေက ဆီးအိမ်၌ ကျောက်တည်ကာ ကျောက်ကပ်ကို ဒုက္ခပေးနိုင်သည်။ ဆီးအတွက်သောကပွားနိုင် သည်။ ဆေးရုံဆေးခန်းသို့ တက်ရောက် ခွဲစိတ်ကုသရလျှင် ကုန်ကျစာရိတ်မှာ မနည်းမနော ကုန်မည်ပင်။
   အချို့ ထုံးကို အလွန်အကျွံစားမိ၍ ထုံးပေါက်ဝေဒနာ ခံစားရသည်။ထုံးပေါက်၍ အစပ်မစားနိုင် ဖြစ်ရသည်။ ကလေးငယ်များ ထုံးစားမိ၍ လူကြီးတွေ စိတ်သောကရောက်ကြရသည်။ သို့ဖြစ်လေရာ ထုံးပေါက်လျှင်ဖြစ်စေ၊ ထုံးစားမိလျှင်ဖြစ်စေ မည်ကဲ့သို့ ပြုလုပ်ရပါမည်နည်း။
   ဘာခက်မှာတဲ့နည်း...။
   ထုံးပေါက်ပါက လျှာကို အုန်းဆီသုတ်လိမ်းပေးပါ။
   ကလေးများထုံးစားမိပါက ကလေးငယ်၏ ခန္ဓာကိုယ်ရှိ ဒွါရ (၉)ပေါက်စလုံးအား ရေဖြင့် စင်ကြယ်စွာဆေး
ကြောပေးလိုက်ပါ။
   ထုံးပေါက်၍ ခံစားရမည့်ဝေဒနာ၊ ထုံးစားမိ၍ ခံစားရသောဝေဒနာတို့ သက်သာပျောက်ကင်းသွားပါလိမ့် မည်။


ကြွက်နို့နှင့် ပတ်သက်၍ သိသင့်သည်များ

ကြွက်နို့ဆိုတာဟာ အရေပြားပေါ်မှာ ထွက်ပေါ်လာတတ်တဲ့ အဖုငယ်ဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ သေးငယ်တဲ့အဖု ထွက်ပေါ်တာ ဒါမှမဟုတ် အဖုကြီးထွက်တာ၊ မိမိကို စိတ်အနှောင့်အယှက်ဖြစ်စေတာနဲ့ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ကြွက်နို့နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘာကြောင့် ကြွက်နို့ ပေါ်ပေါက်ရပါသလဲ။

ကြွက်နို့ဟာ HPV ခေါ်တဲ့ Human Papilloma Virus ကြောင့် ဖြစ်ရတာပါ။ HPV အမျိုးအစားပေါင်း ၈၀ ကျော်ကြောင့်

ကြွက်နို့ အမျိုးအစားပေါင်း မျိုးစုံကို မျက်နှာ၊ လက်၊ ဒူးခေါင်း၊ ခြေထောက်၊ လိင်အင်္ဂါနဲ့ လည်ချောင်း အစရှိတာလိုမျိုး နေရာအနှံ့မှာ ဖြစ်ပေါ်တတ်ပါတယ်။ သင့်ထံကို ဗိုင်းရပ်စ်ပိုး တစ်ခါ ဝင်ရောက်ဖူးရင် သင့်မှာ အမြဲတမ်း ကြွက်နို့ မပေါ်ပေါက်နေပေမယ့် အဲဒီဗိုင်းရပ်စ်က တစ်သက်လုံး သင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်ပါတယ်။

ကြွက်နို့က ဘယ်လို ကူးစက်နိုင်ပါသလဲ။

တခြားလူတစ်ယောက်မှာရှိတဲ့ ကြွက်နို့မှတစ်ဆင့် တိုက်ရိုက် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် သင့်အရေပြားမှာ Continue Reading...

 

ခေါင်းကိုက်ရောဂါအတွက်ဆေးတစ်လက်

     ရံဖန်ရံခါ၌ ခေါင်းကိုက်ခေါင်းနာဝေဒနာကို ခံစားဖူးကြပေလိမ့်မည်။ ရာသီဥတုအကူးအပြောင်းကြောင့် ဖြစ်စေ၊ ပင်ပန်းနွမ်းနယ်လွန်း၍ဖြစ်စေ၊ ပင်ပန်းနွမ်းနယ်လွန်း၍ဖြစ်စေ၊ အိပ်ရေး၀၀ မအိပ်ရ၍ဖြစ်စေ၊ နှာစေးအအေးမိ၍ဖြစ်စေ အကြောင်းအမျိုးမျိုးကို အခြေခံလျက် ခေါင်းကိုက် ခေါင်းနာဝေဒနာ ခံစားရတတ်ပါသည်။
      အထူးသဖြင့် ဦးခေါင်းခဲခြင်း၊ ဦးခေါင်းကိုက်ခြင်း၌ ခေါင်းတစ်ခုလုံးမဟုတ်ဘဲ ခေါင်းတစ်ခြမ်းကိုက်တာ မျိုးလည်း ရှိတတ်ပါတယ်။ ခေါင်းကိုက်နေပါက မီးဖိုချောင်သုံးပစ္စည်းအချို့ဖြင့် သက်သာပျောက်ကင်းအောင် မည်ကဲ့သို့ ပြုလုပ်ရပါမည်နည်း။
     ဘာခက်မှာတဲ့နည်း။
     ငရုတ်ကောင်းစေ့ (၃) စေ့ကို ထောပတ်နဲ့ရော၍ အမှုန့်ဖြစ်အောင် စေးထန်ပြီး စရနယ်အောင် ကြိတ်ပေးပါ။ ထိုသို့ ကြိတ်ပြီးပါက အကြမ်းပန်းကန်လုံးထဲထည့်ပြီး ရေအနည်းငယ်ထည့်ဖျော်ပါ။ ပြီးသော် ဂွမ်းစကလေးကို သန့်ပြန့်သော ၀ါးတံချောင်းတွင် လိပ်ပြီး အရည်ကိုတို့လျက် ခေါင်းကိုက်ရာအခြမ်းရှိ နားအား ကြပ်ကြပ်ပေးပါက သိပ်မကြာခင်မှာပင် ခေါင်းကိုက်ရှိန်ကျဆင်းသွားပါလိမ့်မည်။ မကြာခဏ ကြပ်ပေးခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းမှ သက်သာသွားပါလိမ့်မည်။

ပြည်တည်နာများရှိနေလျှင်

      အရေပြားပေါ်၌ အနာရောဂါများ ဖြစ်ပေါ်လာပါက စိတ်ညစ်ညူးဖွယ် လွန်စွာမှ ကောင်းလှပါသည်။ အချို့အနာများသည် ဆေးကောင်းဝါးကောင်းများကြောင့်ဖြစ်စေ၊ ကိုယ်ခံအားကောင်းမွန်မှုကြောင့်ဖြစ်စေ ရက်တိုတိုနှင့်ပျောက်ကင်းသွားတတ်ကြသော်လည်း အချို့သော အနာများမှာမူ နှစ်ရှည်လများဆိုသလို အရေပြားပေါ်၌ သံယောဇဉ်တွယ်နေတတ်ကြပါ၏။ အချို့အနာများမှာ ညှော်ဝင်၍လည်းကောင်း၊ ငန်းဖမ်း၍ လည်းကောင်း ပြည်တွေတည်၍ ရင်းနေတတ်သည်။
       သည့်အတွက် ပြည်တည်နာများ ရှိနေလျှင် သက်သာပျောက်ကင်းအောင်
မည်ကဲ့သို့ ပြုလုပ်ရပါမည် နည်း။
       ဘာခက်မှာတဲ့နည်း။
       လယ်ကွက်များ၊ မြေလွတ်မြေရိုင်းများတွင် အလေ့ကျပေါက်နေတတ်သော မိကျောင်းကွမ်းဆတ်များ ကို ရအောင်ရှာပါ။ ၎င်းသည် ပင်ငယ်ပင်ပျော့ အမျိုးအစားတွင်ပါဝင်ပြီး အရသာမှာ ပူ-ခါးစပ်ပါသည်။ ထိုမိကျောင်းကွမ်းဖတ် အစေ့များကို ရေစိမ်ပြီးစုစုစည်းစည်းနယ်ပြီး ပြည်တည်နာများပေါ်၌ အုံပေးခြင်းအားဖြင့် ပြည်များကို စုပ်ယူသွားပြီး အနာမြန်မြန်ကျက်သွားပါလိမ့်မည်။

ဘောကျ(အူကျ)သက်သာရအောင်

       ဘောကျခြင်း(၀ါ)အူကျခြင်းဝေဒနာသည်အမျိုးသားများ၌သာဖြစ်ပွားလေ့ရှိသောဝေဒနာဖြစ်ပါသည်။ သို့ဖြစ်ရာ ဘောကျ(အူကျ)ဖြစ်လာလျှင်သက်သာပျောက်ကင်းအောင်မည်ကဲ့သို့ကုသရပါမည်နည်း...။
       ဘာခက်မှာတဲ့နည်း။
       (၁) တောထိကရုံး(ခ)ကုန်းထိကရုံး ပဉ္စငါးပါး
       (၂) ကြက်အသည်းအမြစ်၊ အစာဟောင်းအိမ်
       (၃) ရေခဲ... စသည်တို့ရအောင်ရှာပါ။
      ရလာပါကထိကရုံးကိုပဉ္စငါးပါးလုံးအပါအ၀င်ပြာချပါ။ထိုနောက် ကြက်အမြစ်၏အတွင်း၌အကာ(အမြှေး)
အားပြာချလိုက်ပါ။အဆိုပါပြာ(၂)မျိုးကိုဆတူရောပြီးရေသင့်စွာထည့်လျှက်မွှေပါ။ကုသရန်ကားဝေဒနာရှင်အား ပက်လက်ထားပေါင်ကားစေပြီးခြေထောက်အနည်းငယ်မြှင့်ထားပါ။ယောင်ရမ်းမို့မောက်နေသောဘောပါတ်လည် ကိုအထက်ပါဆေးရည်ဖြင့်လိမ်းကျံပေးပါ။အ၀တ်ဖြင့်ပတ်တီးစီးပေးပါ။အခက်အခဲဖြစ်ပါကပတ်တီးပေါ်ဆေးရည် သုတ်ပြီးဝေဒနာဖြစ်ပေါ်ရာ၌ပတ်တီးစည်းထားပါ။မကြာခင်ကာလအတွင်းဘောကျ(အူကျ)ရောဂါသက်သာပျောက် ကင်းသွားပါလိမ့်မည်...။

တီဘီ(ခေါ်)အဆုတ်နာရောဂါ သက်သာပျောက်ကင်းရန်

     တီဘီ(ခ)အဆုတ်နာရောဂါသည် ကြောက်မက်ဖွယ်ရာ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ တီဘီရောဂါပိုး ရှိသူ နှာချေလိုက်လျှင် လေထဲသို့ ရောဂါပိုးများ မြောက်များစွာ လွင့်ပျံသွားပြီး ရှုရှိုက် မိသူအား ကူးစက်စေပါသည်။ တီဘီရောဂါသည် အိမ်မှာရှိလျှင် အစားအသောက်များကို သီးခြား ခွဲပေးရသည်။
     သို့ဖြစ်လေရာ ကြောက်မက်ဖွယ်ရာကောင်းလှစွာသော တီဘီ(ခ)အဆုတ်ရောဂါ ဖြစ်ပွားပါက   ပျောက်ကင်းအောင် မည်ကဲ့သို့ ကုသရပါမည်နည်း။
     ဘာခက်မှာတဲ့နည်း။
     အပင်ငယ်မျိုးတွင် ပါဝင်သော လောက်သေရွက်အား ရေနွေးတွင်လက်ဖက်ခြေက်အစား ခတ်၍  သောက်သုံးခြင်း၊ လောက်သေရွက်အား ရေနှင့် သုံခွက်တစ်ခွက်တင်ကျိုပြီး သကြားနှင့် စပ်၍ သောက်သုံးခြင်းအားဖြင့် တီဘီ(ခ)အဆုတ်နာရောဂါ မှသက်သာသွားပါလိမ့်မည်။


လွယ်ကူ ထိရောက်တဲ့ အိမ်တွင်း ဆေးမြီးတို

အိမ်တွင်းမှာ ရှိနေတတ်တဲ့ စားစရာ တချို့ကို မတော် တဆ ထိခိုက်ရှနာ ခြင်း အတွက် အရေးပေါ် ဆေးမြီးတိုအဖြစ် အသုံးပြုနိုင်ပါတယ်။ တချို့ဆေးမြီးတိုများဟာ ထူးဆန်းတယ်လို့ထင်ရပေမယ့် တချို့ကျတော့ စမ်းသပ်သုံးစွဲထားပြီး မှန်ကန်ကြောင်းတွေ့ရတယ်။ ရာနှုန်းပြည့်ပျောက်ကင်းမယ်လို့ အာမမခံနိုင်ပေမယ့် ယခုဖော်ပြမယ့် ဆေးမြီးတိုကိုသုံးစွဲခြင်း ကြောင့် ဘာဘေးအန္တရာယ်မှမရှိနိုင်ပါဘူး။ ထိခိုက်ရှနာ။ ။ လတ်လတ်ဆတ် ဆတ် ထိခိုက်ရှနာအပေါ် ပျားရည် ဆွတ်ပေးပါ။ ဆေးပလာစတာ မကပ် နိုင်မီပျားရည်ကပိုးသတ်ပေးပါလိမ့်မည်
ပျားတုတ်ဒဏ်ရာ။ ။ ပျား သို့မ ဟုတ် နကျယ်ကောင် အတုပ်ခံရလျှင် ကြက်သွန်နီတစ်ဥကို
လှီးပြီး အရည် ကို ဒဏ်ရာရတဲ့အရေပြားအပေါ်မှာ လိမ်းပေးပါ။
ခြေဝဲနာ။ ။ ခြေဝဲနာဖြစ်လို့ ခုန်ဆွခုန်ဆွနှင့် လမ်းလျှောက်နေရရင် မပူပါနှင့်။ သင့်ခြေထောက်များကို လက်ဖက်ခြောက်ရည်ထဲ နှစ်စိမ်ထား ပါ။ လက်ဖက်ခြောက်ထဲမှာပါတဲ့ Tannic Acid က ယားယံခြင်းကို သက်သာစေတယ်။ ပြုလုပ်ပုံက ဇလုံကြီးကြီးတစ်ခုထဲသို့ ဆူနေ တဲ့ ရေနွေးတစ်လီတာလောက် ထည့်ပါ။ ရေနွေးထဲသို့ လက်ဖက်ခြောက်တစ်ခါသောက် အထုပ်ငယ်၆ထုပ်လောက်ထည့် လိုက်ပါ။ ရေနွေးကို အအေး ခံထားပါ။ ရေအေးလာရင် ခြေ ထောက်ကို နာရီဝက်လောက် စိမ်ထားပါ။ ခြေထောက် ကို လက်ဖက်ခြောက် အ ရောင်စွန်းနိုင်တာကို တော့ သတိထားပါ။
ဝမ်းလျှောခြင်း။ ဝမ်းလျှော ဝမ်းပျက်ဖြစ် လျှင် ကုန်ခန်းသွားတဲ့ ဓာတ်တချို့ကို ပြန်လည် ဖြည့်တင်းပေးဖို့ငှက်ပျောသီးကို စားပါ။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ် များပါတယ်။
အပူလောင်ဖု ။ ရေနွေး ကြောင့်ဖြစ် စေ၊ ဆီပူပေါက်လို့ဖြစ်စေ အရေပြား ပေါ်အပူဖုလောင်ဖြစ်လာရင်တော့သန့် ရှင်းတဲ့ ပိတ်စတစ်စကို နွားနို့ထဲစိမ်ပြီး အပူလောင်ဖုအပေါ် ၁၅ မိနစ်လောက် အုံပေးပါကသက်သာပါလိမ့်မယ်။ လက် ဖက်ခြောက်လည်းပဲ နွားနို့လို အစွမ်း သတ္တိရှိပါတယ်။ ရေနွေးပူစိမ်ထားတဲ့ လက်ဖက်ခြောက်ထုပ်တစ်ထုပ်ကို အအေးခံပြီးလည်း အပူလောင်တဲ့ နေရာကို အုံပေးလို့ ရပါတယ်။
Ref: Reader's Digest July, 2003.







သွေးတိုး ရောဂါသည်များ အတွက် ဆေးတလက်

သွေးတိုး ရောဂါသည်များ အတွက် ဆေးတလက်
***********************************

ဆေးနည်းမှာ---
ရှောက်ဘီလူး ၁၀-လုံး
သံပရာသီး ၂၀-လုံး
သကြား ၁၀-ကျပ်သား
သိန္ဓော ၂-ကျပ်သား
ရှောက်ဘီလူး ပါးပါးလှီး၊ သံပရာသီ ပါးပါးလှီး သကြား သိန္ဓောတို့နှင့် ရောပြီး လေလုံ ပုလင်း သန့်သန့်ထဲ ၇-ရက်ကြာအောင် ထည့်ထားပါ။ ရေကျက်အေး အနည်းငယ် ထည့်ပါ။

အစာစားပြီးတိုင်း မနက် တဇွန်း၊ ညနေ တဇွန်းစီ သောက်ပေးပါ။ ရက်ကြာကြာ ထားလေ ပိုကောင်းလေ ဖြစ်သည်။

သစ္စာရည် (ဝါးခယ်မ)

(နက္ခတ္တ ၂၀၀၇-၄)သွေးတိုး ရောဂါသည်များ အတွက် ဆေးတလက်
***********************************

ဆေးနည်းမှာ---
ရှောက်ဘီလူး ၁၀-လုံး
သံပရာသီး ၂၀-လုံး
သကြား ၁၀-ကျပ်သား
သိန္ဓော ၂-ကျပ်သား
ရှောက်ဘီလူး ပါးပါးလှီး၊ သံပရာသီ ပါးပါးလှီး သကြား သိန္ဓောတို့နှင့် ရောပြီး လေလုံ ပုလင်း သန့်သန့်ထဲ ၇-ရက်ကြာအောင် ထည့်ထားပါ။ ရေကျက်အေး အနည်းငယ် ထည့်ပါ။

အစာစားပြီးတိုင်း မနက် တဇွန်း၊ ညနေ တဇွန်းစီ သောက်ပေးပါ။ ရက်ကြာကြာ ထားလေ ပိုကောင်းလေ ဖြစ်သည်။

သစ္စာရည် (ဝါးခယ်မ)
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>