လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မိဘအိမ်

....(မိဘအိမ်).........
ပြောပြရရင်..ဝေါဟာဒ
မကြွယ်ပေမယ့်....
သောကအပူတွေကြုံတိုင်း
အပြုံး..မျက်နှာနဲ့မျှလို့
ယူတတ်တာ..မိဘအိမ်ပါ...



လောကဓံ..ရိုက်ချက်
ကြမ်းတမ်း..ပြင်းလှ..သော်လည်း
ခံစားနွှမ်းလျှ..မောပန်းစိတ်တွေ
ပြေလျှော့စေတာ..မိဘအိမ်ပါ...

တခန်းတနားမဟုတ်ပေမယ့်...
ထန်းသားထုပ်..၀ါးကြမ်းပြင်ဆိုပမေယ့်
ခိုးဝင်မှေးစက်လိုက်တိုင်း
ရင်ခွင်..ဘ၀င်ပန်း..ရွှင်လန်းနိုင်တာလည်း
မိဘအိမ်ပါ....

အချိန်ကာလ....ကြာခဲ့သော်လည်း
ပေးလိုက်တဲ့..နွေးထွေးခြင်း..
အစဉ်မြဲ့သာအေးချမ်းလို့..
ဘေးဘရာတွေ...ကင်းစင်တာလည်း
မိဘအိမ်ပါ...

အံမခန်းလောက်တဲ့..မိဘအိမ်
မနေချင်လို့...ထွက်သွားခဲ့..
ဘ၀လမ်းထဲ့..၀မ်းနည်းချင်ကြုံမခံနိုင်လို့
ပြန်လာခဲ့ရင်လည်း..၀မ်းသာခြင်းအပြည့်
နဲ့ဆီးလို့ကြိုတာ..မိဘအိမ်ပါ...

ပေးလိုက်မေတ္တာ..ပျောက်ကွယ်
ခြင်းလည်းမရှိ...ရလိုခြင်းလည်းမရှိ
မျော်လင့်ချင်ကင်းကင်းနဲ့..အေးချမ်းလိုက်တာ..
ဒီဇမ္ဗူးမှာ.တုနှိုင်းမမှီ...တဲ့မိဘအိမ်...

အနန္တဂုဏ်အင်းကျေးဇူးရှင်..ဖေဖေနှင့်မေမေ
အစဉ်ရိုကျိုး..ရှင်ခိုးပါ၏.......

(၂၅)(၅)(၂၀၁၃)nk
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>