လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

တုနှိုင်းမဲ့

***(တုနှိုင်းမဲ့.အမေ့)***
အမေ့ဟာ..ဒီလောကထဲ့..
သူရဲ့ရင်သွေး..ရှင်သန်ရေးအတွက်
အသက်နှင့်သွေးသား.ပဓာနမထား
မွေးဖွားခဲ့တာ..တုနှိုင်းမဲ့အမေပါ..



(အမေဟာ)ကြုံခဲသမျှ.ဒုက္ခ
နောက်ဆုတ်ငြူစူခြင်းမရှိ..
ကြည်ဖြူခြင်းနဲ့..မွေးဖွားခဲ့တာ
တုနှိုင်းမဲ့အမေပါ...

(အမေဟာ)လောကအလယ်
သူရဲ့..ရင်သွေး.တင့်တယ်ရေးအတွက်
ချွေးနဲ့ရင်းလို့..ပေးခဲ့ပညာ.သင်ပေးခဲ့တာလည်း
တုနှိုင်းမဲ့အမေပါ...

(အမေဟာ)ဒီဇမ္ဘူမှာ..ပြိုင်ဆိုင်သူရှား
ဖြူစင်စိတ်ထား..မေတ္တာများနဲ့
တုန့်ပြန်မေတ္တာ..မမျော်လင့်ပါပဲ
ထားခဲ့တဲ့(အမေ့)မေတ္တာ
***(တုနှိုင်းမဲ့အမေပါ)***


ဂါဒ၀တရားရှေ့ထားလို့..
အမှားပါလို့..လိုခဲ့ရင်
ကျနော်ရေးတဲ့ စာပိုက်လေး
ဖြည့်ကါပြင်ဖတ်..နားလည်ပေးပခဗျာ.......

(၂၀)(၄)(၂၀၁၃)nk
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>