လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

Mi-35

Mi-35
Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ်ထုတ်လုပ်မှုရဲ့ နှစ်(40)မြောက် ကာကွယ်ရေး လေတပ်နည်းပညာ

Mi-24 ထုတ်လုပ်မှုရဲ့ နှစ်(40) မြောက်မှာ ဒီနှစ်က ထင်ရှားပါတယ်။ ရည်ရွယ်ချက်ကတော့ Russian Helicopters Company က ယနေ့ခေတ် Rosvertol လို့ ခေါ်တဲ့ Rostov Helicopter Plant မှာ ရုရှားတိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို တည်ဆောက်ခဲ့တာပါပဲ။ Mi-24 ရဲ့ ဒီဇိုင်းက အလွန်ကို အောင်မြင်ပါတယ်။ ဒီ "version" ကိုလည်း ယခုအချိန်ထိအသုံးပြုနေတုန်းပါ။ ကမ္ဘာပေါ်ရှိ နိုင်ငံ (60) ရဲ့ စစ်တပ်များအတွက် Mi-24 အစင်း 1500 က တာဝန်ထမ်းဆောင်ပေးနေပါတယ်။

1978 ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု "Gurgen Karapetyan" ရဲ့ လေယာဉ်မှုးနဲ့ သူရဲကောင်းများက Mi-24 တစ်စင်းမှာ ပျံသန်းနှုန်း တစ်နာရီ 368.4 ကီလိုမီတာ ရှိတယ်ဆိုတာ မှတ်တမ်းတင်တဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့တယ်၊ရုရှားထုတ်လေယာဉ်များအတွက်တော့ ဒီမှတ်တမ်းအတိုင်း ယနေ့ထိ ရပ်တည်နေဆဲပါ။
2005 ခုနှစ်မှာ Mi-24 ကို Rosvertol တွင် ထုတ်လုပ်သော Mi-35M ၏တိုးတက်မှုအတွက် စံပြ အနေနဲ့ အသုံးပြုခဲ့တယ်။ ရှေ့ကလုပ်ဆောင်သူကဲ့သို့ Mi-35M သည် စစ်ဆင်မှုစွမ်းရည်နှင့် ခိုင်မာ ကောင်းမွန်မှု အပူချိန်အနိမ့်အမြင့်၊ ပင်လယ်ရေမျက်နှာပြင်အမြင့်စသော ရာသီဥတုနှင့် မြေပထ၀ီ အလိုက်ပျံသန်းနိုင်ပါတယ်။

Mi-35M သည် ကမ္ဘာတစ်ဝန်းလုံးတွင် ၀ယ်လိုအားကောင်းပါတယ်။ အထူးသဖြင့် ရုရှားနဲ့ CIS နိုင်ငံ တွေမှာပါ။ ဈေးကွက်အသစ်ကတော့ တောင်အမေရိမှာပါ။ ဒီနိုင်ငံတွေက သူတို့ရဲ့ စစ်သင်္ဘောတွနဲ့ ဒီပြိုင်ဘက်ကင်းတဲ့ ရဟတ်ယာဉ်တွေကို စတင်ပေါင်းစည်းမှုပြုနေလို့ပဲဖြစ်ပါတယ်။
Mi-35M ကို ခေတ်မီအဆင့်မြင့် တိကျသော လက်နက်များဖြင့်တပ်ဆင်ထားတယ်။ ကြည်းတပ်တိုက်ပွဲအတွက်ထောက်ပံ့ပေးရန် နဲ့ သံချပ်ကာတပ်ဖွဲ့ တွေရဲ့ပစ်မှတ်များကို ခြေမှုန်းတိုက်ခိုက်ဖျက်ဆီးရန် နေ့ရောညပါ သုံးနိုင်ပြီး သယ်ယူပို့ဆောင်ရေးတွင်လဲသုံးနိုင်ပါတယ်။ Mi-35M သည် ထိရောက်မှုရှိရုံသာမက ဈေးနှုန်းလည်း မြင့်မားပါတယ်။

Mi-35M ရဲ့ အဓိကကောင်းကျိုးကတော့ တိုက်ပွဲမှာ အချိန်ပြည့် စွမ်းဆောင်မှုရှိတာပါ။ ရုပ်သံလိုင်းနဲ့ ပုံရိပ်များတွေကိုပါ စောင့်ကြည့်ထောက်လှမ်းနိုင်သည့် စနစ်များ၊ပစ်မှတ်ရှာစနစ်များ၊တည်နေရာရှာတဲ့စနစ်များနှင့်လုပ်ဆောင်မှုပုံစံမျိုးစုံပါရှိသော Mi-35M ပေါ်ထွက်လာပါပြီ၊ လေယာဉ်အမှုထမ်းများ ရင်ဆိုင်ရတဲ့ လိုအပ်ချက်တွေကို လျော့ချချင်ရုံသာမက လေယာဉ်ရဲ့ လက်နက်ကိရိယာကို ဘယ်အချိန်မဆို အသုံးပြုနိုင်ပါတယ်။ ဒီလေယာဉ်က အဆင့်နိမ့်စွာ ပြင်ဆင်ထားတဲ့ ဧရိယာမှာတောင် မြေပြင်မှ အောင်မြင်စွာ ထွက်ခွာနိုင်စွမ်းရှိပါတယ်။
Mi-24 ကိုအခြေခံထားတဲ့ Mi-35M ရဲ့ အခန်းကဏ္ဍမျိုးစုံက ပြိုင်ဘက်မရှိတိုးတက်လာခဲ့ပါတယ်။ ဒီလေယာဉ်ပြီးမြောက်မှုဟာ ရုရှားတိုက်လေယာဉ်သမိုင်းမှာ ဂုဏ်ယူစွာ ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းလုံး တိုက်လေယာဉ်ထုတ်လုပ်မှုများအတွက်တော့ မှတ်ကျောက်တစ်ခုလည်းဖြစ်လာပါတယ်။

Mi-35 ရဟတ်ယာဉ်သည် ညဘက်တွင် 4ကီလိုမီတာ ထက်ပိုသော အကွာအဝေးမှ အရာဝတ္ထု များကို သတိထားမိစေသော IRTV-445MGH စနစ်ပါသည့် လေကာမှန်ပါရှိတယ်။
ဒါ့အပြင် လေယာဉ်ရဲ့ လက်ရှိရောက်နေတဲ့ နေရာကို ဖော်ပြပေးနိုင်သော GPS115L GARMIN စနစ်လည်း ပါရှိပါတယ်။


# Mi-35 ၏တိုးတက်မှုများ။
>> TV3 – 117VMA အင်ဂျင်
>> အိတ်ဇောအအေးပေးစနစ်ပါတဲ့ EVU
>> ညဘက်တွင် အမြင်ရှင်းလင်းသည့် လေကာမှန်ပါဝင်သော ပြင်ပအလင်းရောင် ၀င်ရောက်ရန်လွယ်ကူသည့် ညဘက်သုံးနိုင်သည့်စနစ်နှင့် လေယာဉ်မှုးထိုင်ခုံ ပြောင်းလဲနိုင်မှု
>> Czech ထုတ် LUN 1241 အမျိုးအစားအရန် backup ဘထရီပါဝင်တယ်။
>> “VARTA” ဘက်ထရီသိုလှောင်မှု
>> အရပ်သား၊ ရန်သူ၊ မိတ်ဆွေ ခွဲခြားပြနိုင်သော (IFF) တုံ့ပြန်မှုစနစ်၊
>> အချက်ပြခြင်းနှင့် လေယာဉ်ပျံသန်းစဉ် အချက်အလက်များကိုမှတ်တမ်းတင်ထားခြင်းအတွက် စနစ်သစ်များ၊
>> လေယာဉ်တွင် အသုံးပြုသည့် အမြင့်တိုင်း ကိရိယာ (ပေဖြင့်သာ တိုင်းတာခြင်း)


# ACR အတွက် Mi-35 ကို အဆင့်မြှင့်ခြင်း။
>> "FLIR" ပစ္စည်း ရွေးချယ်နိုင်မှုနှင့်အတူ လေယာဉ်ကို မလူးမလဲစေရန် ထိန်းမတ်ပေးသည့် ဆူးတောင်/အတောင်ပါဝင်ပြီး ညဘက်သုံးစနစ်ပါဝင်တယ်။
>> လုပ်ဆောင်မှုမျိုးစုံ ပါဝင်သော ရွေ့လျားနိုင်သည့် မြေပုံစနစ်
>> အဆင့်မြှင့်ထားသော ဆက်သွယ်မှုနှင့် လေထိန်းသိမ်းမှု ကိရိယာ
>> NATO” စံနှုန်းအတိုင်းပျံသန်းနိုင်မှု
>> “ACR” နှင့် “NATO” စံနှုန်းဖြင့် စပ်လျဥ့်၍ရုပ်ဖျက်နိုင်မှု
>> အစီအစဉ်ဆွဲခြင်းနှင့် တိုက်ပွဲ ထောက်ပံ့မှုစနစ် တို့ပါဝင်ပါတယ်။

# Mi-35M မှာတပ်ဆင်အသုံးပြုလို့ ရတဲ့လက်နက်တွေကတော့
Anti-tank missiles Sturm-In - 8 9M114 missiles
HEAT warheads,
Rockets S-8 caliber 80 mm and
C-24 240 mm caliber,
Machine gun 9-A-629 caliber 12.7 mm,
Machine gun 2 9-A -622
caliber 7.62 mm,
Grenade launcher 9-A-800 30 mm,
Bombs weighing
between 50 and 500 kg

ဓါတ်ပုံ-ရုရှားလေတပ်မှ Mi-35M
ကိုးကား - AirRecognition.com & www.military.cz
http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>