လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကော်ပြန်.စိမ်း

ကော်ပြန်.စိမ်း
*********

ကော်ပြန်.ရွက်.................၂၀ ရွက်
ပဲပင်ပေါက်......................၂၀ကျပ်သား
မုန်လာဥနီ........................၁ လုံး
ဂေါ်ဖီထုပ်........................၁ စိတ်
တရုတ်နံနံ+ ကုဆိုင်.........အနည်းငယ်စီ
မိမိနှစ်သက်ရာမှို..............အနည်းငယ်
( သားသတ်လွတ်မဟုတ်ပါက အသားတစ်မျိုးနှပ်နှပ်စဉ်းထားပါ )

 ဆမ်းစားရသောဆော့(စ်)ရည်
*******************

ငရုတ်ဆီအပျစ်.............. ၅ ဇွန်း
မန်ကျည်းမှည့်ရည်..........၁ ဇွန်း
ထန်းလျက်ရည်..............၁ ဇွန်း
ကြက်သွန်ဖြူ.................၃ တက်
ရေနွေး.........................၁ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)

ကြက်သွန်ဖြူကိုညှက်အောင်ထောင်းပြီး..အခြားပါဝင်ပစ္စည်းအားလုံးနဲ.ရောမွှေ
ပါ..။

ဆမ်းစားရသောကော်ရည်တစ်မျိုး
*********************

ရေ.........................၁ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ချင်းသေးသေး...........၁ တက်( ညှက်နေအောင်နုပ်နုပ်စင်းပါ)
ပဲငံပြာရည်................၂ ဇွန်း( ထမင်းစားဇွန်း)
ကော်မှုန်. .................၃ ဇွန်း( လက်ဖက်ရည်ဇွန်း)

ရေကိုပူရုံလေးအပူပေးပြီး..ချင်းနုပ်နုပ်စဉ်း၊ ပဲငံပြာရည်ထည့်ကာ ကော်မှုန်.
ကိုအရည်ဖျော်ထည့်ပြီးအပျစ်မကျဲလေး ပြုလုပ်ထားပါ။

ပထမဆုံးအသားထည့်မယ်ဆိုရင်တော့မိမိအသုံးပြုလိုတဲ့အသားကို ညှက်နေ
အောင်နုပ်နုပ်စဉ်းပြီး..ဆား၊ ဟင်းခတ်မှုန်.၊ ငရုတ်ကောင်းမှုန်.တို.နှင့်အတူဆီ
သတ်အအေးခံထားပါ။

ပါဝင်ပစ္စည်းဟင်းသီးဟင်းရွက်များကို ခပ်သးသေးစဉ်းပြီး..ဆီသတ်ပါ။
ဆား၊ သကြားတို.ကိုအနည်းငယ်သာထည့်ပြီး..အရသာသွင်းပါ..။

မီးဖိုပေါ်ကချပြီဆိုရင်..တရုတ်နံနံ ၊ ကုဆိုင်လေးများထည့်ပြီးရောမွှေအအေးခံထားပါ..။

ကော်ပြန်စိမ်းပြင်မယ်ဆိုရင်....ကော်ပြန်.ရွက်လေးတွေကို နွေးအောင်(သို.) 
နှူးညံ့ပျော့အိအောင်...ရေနွေးစွတ်ထားတဲ့အ၀တ်လေးနဲ.ဖုံးဖိထားပါ။

တစ်ရွက်ချင်းစီမှာ..မိမိလိုအပ်သလောက်အသားအပါအ၀င်(သို.) အရွက်များသာထည့်လိပ်ပြီး.....ပထမဆုံးကော်ရည်လေးဆမ်း ၊ ငရုတ်ဆီရည်
လေးဆမ်းကာ..ကြက်သွန်မြိတ်၊ ဆလတ်ရွက်တို.နှင့်သုံးဆောင်ပါ..။

( မှတ်ချက်...ကော်ပြန်.အစာ ၊ ငရုတ်ဆီရည် ၊ ကော်ရည်တို.မှာအရသာကိုအလွန်အကျွံထည့်သုံးဖို.မလိုအပ်ပါဘူး...။)

အခြားနိုင်ငံမှာ ကော်ပြန်.ရွက်( မြန်မာပြည်ပုံစံမျိုး ရှာမရလို.) ဆန်ပြားအပါးရွက်ကိုအသုံးပြုထားပါတယ်..။)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/

အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>