လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ရှုထောင့်စုံများ၊ ပန်းတိုင်များနှင့် ဖြေရှင်းချက်များ


မြန်မာ့ဖွံဖြိုးမှုနှင့်အကြပ်အတည်းများကိုရှင်းထုတ်ရာတွင် လုပ်ငန်းစဉ်ချဉ်းကပ်မှုများ ကား အမယ်စုံရှုထောင့်များဖြင့်ချဉ်းကပ်ခြင်း Multi-Dimension Approach သာ အစပ်အဟပ်တည့်တော့ မည်ဖြစ်သည်။ ဆိုရလျင်အကြပ်အတည်းများ၊ ဖွံဖြိုးမှုခြေရာခံလမ်းကြောင်းများကို ရွှေး ချယ်ရာတွင် နည်းလမ်းများ၊ အဖြေ များက တခုတည်းမဟုတ်ကြောင်း၊ ဦးတည်ချက်တခုတည်းဖြင့်ဖြေရှင်းပါက ပန်းတိုင်သို့ ရောက် နိုင်မည့်မဟုတ်ကြောင်း ထင်ရှားလိုရင်းဖြစ်သည်။

မေခရိုအဆင့်ချဉ်းကပ်မှုများ၏ အသွင်းအထွက်စီစစ်မှုများကို အကြမ်းနား လည်ရာ တွင် နိုင်ငံ၏ဂျီဒီပီအဆင့်တွင်အခွန်ရရှိမှုနှုန်း ၃-၄ ရာခိုင်နှုန်း ပတ်ဝန်း ကျင်ဖြစ်နေမှု ကိုရှင်းရန်(ဘဏ္ဍာရေးပေါ်လစီ)၊ အလုပ်လက်မဲ့ နှင့် အလုပ်အကိုင်ဖြေရှင်း ရန်(ကဏ္ဍ အ လိုက် စီးပွား ရေး လုပ်ငန်းများနှင့် ပညာရေးပေါ်လစီ)၊ ရင်းနှီးမြုပ်နှံမှုပုံသဏ္ဍန် များနှင့် လယ်ယာဖွံဖြိုးရေး (ဖွံဖြိုး ရေးပေါ်လစီ)၊ သီးသန့်အခြေစိုက် စက်မှု လုပ် ငန်းများ (စက်မှုဇုန်လုပ်ငန်း ပေါ်လစီ) များသည့်တခုနှင့်တခုအမီသ ဟဲပြုနေသောကြောင့်ဖြစ်သည်။

ထိုကဲ့သို့ ဖွံဖြိုးရေး အတွက် အ မယ်စုံချဉ်းကပ်မှုသည့် ရေတိုကုထုံး မဟုတ်၊ ရေရှည် စီမံ ကိန်း သာဖြစ်သင့်သည်။ လွန်ခဲ့သော နှစ်ဘောဂဗေဒနိုဘယ်ဆုရ၊ အမေရိ ကန်နိုငံသားခံယူထားသည့် အိန္ဒိယနိုင်ငံဖွား ဟားဗတ်တက္ကသိုလ်မါမောက္ခအမတရ ဆင်းမှဆင်းရဲနွမ်းပါးမှုလျော့ချရေးစစ်တမ်းထုတ်ရာတွင်လည်းကောင်း၊ ဟန်ချက်မညီသောဖွံဖြိုးမှုအခြေအနေတွင် တိုးတက်မှုကိုမည် ကဲ့သို့ ဖော်ဆောင်မည်ကို သုံးသပ်ရာ၌ Capabilities and Functional Approach ပုံစံများဖြင့် သီအိုရိထုတ်အဖြေရှာခဲ့ ဘူးသည်။ ထိုနောက်ပိုင်း၌ ကျောင်းသားများ၊ ပညာရှင်များက လည်း ဆင်းရဲချမ်းသာကွာဟမှု၊ စိတ်ပညာရပ်ဆိုင်ရာပြဿနာ၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကိုချဉ်းကပ်ရာတွင် အမယ်စုံရှုထောင့်မှ ချဉ်းကပ်ခြင်းနည်းလမ်းများ စတင် သုံးစွဲလာသည် ကို တွေရ သည်။

မျက်မေါက်မြန်မာ့ရေးရာနှင့်ပတ်သက်ပြီး အိုအီးစီဒီ (OECD) ၏ ထုတ်ပြန်သော Multi-dimensional Review of Myanmar- Initial Assesment စာတမ်းတွင်လည်း အလုပ်သမားပြဿာနာနှင့်လူမှုအာမခံစနစ်၊ အခွန်နှုံးထားလျော့ချမှု၊ ကုန်ထုတ် လုပ်မှုနှင့် ဆက်ဆိုင် သောစည်းကမ်းသတ်မှတ်ချက်၊ အပိုဆောင်း စရိတ် မြှင့်တက်ခြင်း၊ ဘဏ္ဍာရေးဈေးကွက်နှင့် တည်ငြိမ်မှု၊ ကျေး လက်မြို့ပြ လမ်းပန်းဆက် သွယ်ရေး၊ တရားဥပဒေစိုးမိုးရေး စသည့်တိုသည့် သံဂွင်းဆက်သဖွယ်ဖြစ်နေကြောင်းထောက်ပြထားခြင်းက ဤအယူအဆမျိုးဖြစ်ပေ သည်။

မျက်မှောက်ဖြစ်ပျက်နေသော အတွေအကြုံများက အစိတ်စိတ်အမွှာမွှာဖြစ်ေ နသောေ ဆး မီးတိုကုထုံးများနှင့် တုန်ပြန်မှုမြန်သောဖြေ ရှင်း မှု များ၏ရှေ့နောက်မညီညွတ် မှုများကြောင့်၎င်းကိုဆန်းစစ်ရန်နောက်ခံအကြောင်းတရားများစွာရှိသည်။ ထိုကြောင့်အမယ်စုံရှုထောင့် များ ဖြင့် ချဉ်းကပ်အဖြေရှာခြင်း Multi-Dimension Approach ဖြင့်သာ အကျနာမှုကို ခုခံနိုင်မည်ဖြစ်သဖြင့်ထိုအယူအဆမျိုးကို စတင် စဉ်း စား သင့်ပြီဖြစ်သည်။

အမယ်စုံရှုထောင့်မှ ချဉ်းကပ်ခြင်းအဖြေရှာခြင်း

လတ်တလောမြန်မာ့ဖွံဖြိုးရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများမှ ထွက်ပေါ်လာ သည့်ခေါင်း စဉ်များကို စီစစ်လိုက်ရာ သံဂွင်းဆက်အ ကြောင်းအရာ များစွာရှိနေသည်။ ၎င်းတို့မှာ (၁) လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်ကျေးလက်ကို အခြေပြုနေသော လူဦးရေ( ၎င်းသည် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ေ ရး၊ မြေယာ၊လယ် ယာ မြေအငြင်းပွား မှုများ၊ ကျေးလက်ဒေသဖွံဖြိုးရေးနှင့်တိုက်ရိုက်ဆက်စပ် နေခြင်း ကြောင့် ဖြစ်သည်) (၂) မြို့ကြီးများ၊ မြို့ငယ်များရှိ အကြီး၊ အလတ်၊ အငယ် စီးပွားရေးလုပ်ငန်းများ၊ တစ်ဦးချင်းစွန့်ထွန်ဦးစီးလုပ်ငန်းရှင်များ ပေါ်ထွန်းလာရေး (၎င်းသည်အလုပ် လက်မဲ့ပြဿနာ၊မြို့ပြအလုပ်လက်မဲ့ပြဿနာ၊လူမှုရေးအကြမ်းဖက်မှုများ၊ ရွေပြောင်းနေထိုင် သူများ ပြဿနာ၊ အလုပ်အကိုင်ဖြည့်စွမ်းနိုင်မှုနှင့်ဘွဲ့ရများမွေး ထုတ်မှုများဖြင့် ဆက်စပ်သော ပြဿနာများနှင့် ပတ်သက် နေခြင်း ကြောင့် ဖြစ် သည်)၊ (၃) စီးပွားရေး လုပ်ငန်းပုံသဏ္ဍာန်နှင့် စီးပွားရေး အခွင့်အလမ်းများ တွင်လက် ဦးမှုရယူ ထားခြင်းကြောင့် ဘက်မညီဖွံဖြိုးမှု ကိုဟန့် တားထားနိုင်ရေး ( ၎င်းသည် SME ဖွံဖြိုးရေးနှင့် တမျိုးသားလုံးဖွံဖြိုးမှု မဟာဗျူဟာချမှတ်ရာတွင် ထည့်သွင်းတွက် ချက်ရ မည်ဖြစ် သော ကြောင့်ဖြစ်သည်၊

(၄) နိုင်ငံခြားရင်းနှီးမြုပ်နှံ မှုနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် ကဏ္ဍ အလိုက်ဆွဲဆောင်ရာတွင် ဖက်ညီမှုရှိစေရေး( ၎င်း သည်အစိုးရ၏ဘတ်ဂျက် လိုပေါ်လစီ၊ ငွေကြေး ပေါ်လစီနှင့် ထုတ်ကုန်နှင့်ပို့ကုန်တွင် လယ်ယာကဏ္ဍ ထွက်ကုန်တခုတည်းအပေါ် များစွာ အမှီပြုနေရခြင်းကြောင့်ဖြစ်သည်၊ (၅) အစိုးရ၏ အုပ်ချုပ်ကိုင်တွယ်နိုင်ရေးစွမ်းရည် ( ၎င်းသည် လူတစ်ဦးချင်း၏ ဓလေ့စရိုက် နှင့် ခံယူချက်များ၊ တရားဥပဒေစိုးမိုးမှုအားနည်းချက်များ၊ ပြတ်သားစွာဖြေရှင်းမပေးနိုင်သာ ချစားမှုများ၊ခတ်နှင့်အံဝင်ခွင်ကျမဖြစ်သည့် တရား ရေးစနစ်၊ တရားဥပဒေများကြောင့်ဖြစ်သည်။

ထိုအကြပ်အတည်းများကြောင့် ၎င်းကိုရှင်းထုတ်ရာတွင်ဖော်ပြပါအ တိုင်း နောက်ဆက်တွဲ၊ သို့မဟုတ် တစ်ပြိုင်နက်တည်းဖြေရှင်းရန် လည်း လိုအပ်နေခြင်းကို သိသာစေလိုခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပြဿာနာများ၊ အကြပ်အတည်းတခု၏ အဖြေကိုရှာရာတွင် တခုတည်းသော ကုထုံးမှ အစွမ်းမထက်နိုင်သော ကြောင့်ဖြစ်သည်။ ငယ်စဉ်ကသိခဲ့ရသော ကော်ဇော်အောက်မှ မြွေပုံပြင်ကဲ့သို့ဖြစ်နေသည်။
 မြွေအားကော်ဇော်ဖြင့်ဖုံးသည်ဆိုသော်လည်း မြွေပြေးပေါက်အားပိတ်ရန်တခါးမရှိပေ။
 မြွေ၏လွတ်လမ်းများစွာရှိသည်။ ခုံးနေသောကော်ဇော်ကြောင့် မြွေဘယ်လမ်းကို သွားနေသည် သိပြီး ပိတ်ထားမည်ဆိုသော အခြားနေရာမှာ မြွေလွတ်ထွက်သွားနိုင်မှုဖြစ်နိုင်ခြေက အဆင့်သင့်ရှိနေသောကြောင့်ဖြစ်သည်။ ဤနေရာ တွင် အကျယ်မရှင်းလိုပါ။ စာဖတ်သူသာ ကော်ဇော်ကြီးကြီးရှာပြီးမြွေကိုဖုံး ရန်သာအကြံပြုလိုသည်။ သို့မဟုတ် ထို့ကဲ့သို့ဖုံးခြင်းဖြင့် မြွေ၏ ပြေးလမ်းပိတ်နိုင်မလားဆိုသည်ကို စိတ်ကူးနိုင်သည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်ကျေးလက်ကို အခြေပြုနေသောလူဦးရေ

လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံဖြိုးလာပါက ကျေးလက်အခြပြုနေသော မြန်မာ့လူဦးရေတည်ဆောက်ပုံနှင့် ဆင်းရဲနွမ်းပါးမှုကို ဖြေရှင်းနိုင် မည်ဖြစ်သည်။ မြန်မာ့နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းသည့် ကျေးလက်တွင်အခြေချသည်။ ၂၀၀၄ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံ ၏ မြေဧရိယာ (၂၆၁၂၂၈)မိုင်ရှိပြီး တစ်စတုရန်းမိုင်တွင် လူဦးရေ ၁၃၅ ယော က်နေထိုင်ေ သာကြောင့် လူဦးရေသိပ်သည်းမှုမရှိကြောင်းတွေရသည်။ မြန် မာနိုင်ငံ၏ စိုက်ပျိုးနိုင်သော မြေဧက သန်းထဲမှ ၂၉ သန်းသာ စိုက်ပျိုးမြေဖြစ်သောကြောင့် စိုက်ပျိုးမြေချဲ့ထွန်ရန် မြေများစွာ ရှိနေ သေး သည်။ လယ်ယာစိုက် တောင် သူများ၏ လယ်ယာမြေပိုင်ဆိုင်မှု အချိုးမှာ တအိမ်ထောင်ပျှမ်းမျှစိုက်ဧက ၃.၅ ဧက၀န်းကျင် သာရှိ သည် (၁၀ ဧကအထက်ရှိသူငွေရှင်၊ကြေးရှင်များ အားချေးငွေမ ရရှိနိုင် ကြောင်းလွှတ်တော်တွင် ဆွေးနွေးခဲ့သည်ကိုမှတ်မိကြပါအုန်းမည်)။ ဆန်စ ပါးနှင့် လယ်ယာထုတ်ကုန်များ၏ သွင်းအားစုများ (မျိုးစပါး၊ ဓတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ဓတ်ဆီအစရှိသည့်) နှင့် ပို့ကုန် များ (ကောက် ပဲသီးနှံဈေးနှုန်းများ အပေါ်မှီခိုရမှုမှာ ၆၅ ရာခိုင်နှုန်းရှိသည်။

ထိုကဲ့သို ပြဿနာများစွာ ရှိသည့်အနက် အစိုးရဖြေရှင်နေသည့် နည်းလမ်းများ မှာ တောင်သူဦးကြီးများအတွက်လယ်ယာ အမ တော် ကြေးချေးငွေမှာကဏ္ဍတ ရပ်တည်းသာဖြစ်နေသည်။ အခြားဖြေရှင်းပေးရမည့် အချက်များ ဖြစ်မှာ လယ်ယာကုန် လုပ်ကရိ ယာပိုင်ဆိုင်မှု အချိုး၊ ဈေးကွက်ဝင်သီးနှံစိုက်ပျိုးခွင့်၊ လယ်ယာမြေပေါင်နှံ ၊ ရောင်းချမှုနှင့်ဆိုင်သော ပိုင် ဆိုင် မှု့အာမခံစနစ်၊ ကျေး လက်ဒေသလျပ် စစ်မီး ရရှိမှုရာ ခိုင်နှုန်း၊ လမ်းပန်းဆက်သွယ်ရေးတို့ဖြစ်သည်။ ထိုအပြင်ကျေး လက်ဝင်ငွေမြင့်တက်မှုသည် လူမှုဘ၀ တိုးတက်ခြင်းဖြင့် ၎င်းတို့ ၏ သုံးစွဲမှုပမာဏမြင့်တက်လာခြင်းကြောင့် စီးပွားရေးကောင်းမွန်မှုစက်ဝိုင်းသံသရာကို လှည်ပတ်နိုင်မည်ဖြစ်သည်။

ဘဏ္ဍာရေးပေါ်လစီနှင့် macro level ပြဿနာများ

ဘဏ္ဍာရေးပ်ါလစီကို လေ့လာရာတွင်အမှန်အားဖြင့် မက်ခရို အဆင့်စီးပွားေ ရးပုံဖော် မှုဖြစ်သောကြောင့် အကျိုးသက်ရောက်မှု များစွာ ရှိသလို အခြားတဖက်တွင်လည်း အပျက်များစွားရှိပါသည်။ များသောအားဖြင့် စီးပွားရေးတည်ငြိမ်မှုသည် ဘဏ္ဍာရေးပေါ်လစီအခြေခံ ကစားရသောကြောင့် ပိုမိုကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန်အထူးလိုအပ်သည်။ များသောအားဖြင့်ဘဏ္ဍာရေးပေါ်လစီသည် လူထု၏ လုပ် သား စေ့အလုပ်အကိုင်ရရှိရန် ထည့်တွက်ခြင်း၊ ထိုအလုပ်အကိုင်ကြောင့်လုပ်ခလစာနှင့်ဝင်ငွေများဈေးကွက်တွင် လျှံကျလာနိုင်ခြင်း၊ ထိုကဲ့သို့ဈေးကွက်ထဲ ငွေသွားငွေလာသွက်လာပါက ငွေဖောင်းပွမှုကို ထိခိုက်လာနိုင်ခြင်း၊ စုစုပေါင်း ၀ယ်လိုအားနှင့် စုစုပေါင်း ရောင်းလို အားကိုင်တွယ်ရခြင်း၊ ငွေဖောင်းပွမှု နှင့် Money Supply ကြောင့် ဘဏ်တို့၏ အတိုးနှုန်း အလျော့အတင်းကို ထိန်းကွက်လာရခြင်း၊ လုပ် သားစေ့အလုပ် အကိုင် ရရှိမှုကြောင့် ထုတ်ကုန်များက ပြည်ပငွေပေးငွေယူ ရှင်းတမ်းတွင် လာရောက်ပတ်သက်လာခြင်း စသည့်ဖြစ်စဉ် များသည် တပြိုင်နက်တည်း စဉ်းစားရသလို တပြိုင်နက်တည်း ဖြေရှင်းနေရခြင်းလည်းဖြစ်သည်။

ဥပမာအားဖြင့် လက်ရှိအ ထူးမြင့် တက် နေသော အိမ်ခြံမြေတိုက်တာဈေးနှုန်းများ ကို ထိန်းချုပ်ရာတွင် မည်သည့် ချဉ်းကပ်မှုဖြင့် စတင်ကြ မည်နည်း။ ၎င်းတွင်စဉ်းစားရန် မှာ ပေးထားချက်များကို တပြိုင်နက်တည်းစဉ်းစားရ မည်ဖြစ်ပြီး၊ ဖြေရှင်းချက်များကို တပြိုင်နက်တည်း ကြည့် ရမည်ဖြစ်သည်။ (ယခင် ဆောင်း ပါးတွင်ဖြေရှင်းခဲ့ပြီးဖြစ်သည်)

စီးပွားရေးကွင်းဆက်ကြည့် နည်း

ဤတွင်ဖြေရှင်းရန် ဦးစားပေးအလိုက်စဉ်းစားသင့်သည့်အချက်များမှာ (၁) အိုးအိမ်တိုက်တာခြံမြေများအားတရားဝင်ပိုင်ဆိုင်ခွင့် ပေး ရမည်(ဈေးကွက်စီးပွားရေး စနစ်တွင် အဓိကအကျဆုံးသော Property Right ကိစ္စကို သိမ့်မွေစွာကိုင်တွယ်ရန်လိုပါသည်) (၂) ထိုပိုင် ဆိုင်မှုများပေါ်ပေါက်လာပါက မည့်သည့်အခွန်အချိုးအထိ အခွန် ကောက်ခံလိုက်မည် (ဖြစ်သင့်သည်မှာ ၃၅-၄၀ ရာခိုင် နှုံးဖြစ်သည်) (၃) ထိုရရှိလာသောအခွန်များမှာ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ (Public Housing) များကို ဒေသအလိုက် လူဦး ရေ အစိတ် အ ကျဲပေါ်မှုတည်ပြီး ခွဲတမ်းချရောင်းချပေးရမည် (၅) တန်ဖိုးနည်းအိမ်ရာများသာမက မြိုပြသစ်များဖော်ထုတ်ပေးရမည် (၆) ထို တန် ဖိုးနည်းအိမ်ရာများ၊ မြိုပြသစ်များအနီးတွင် လူမှုဝန်ထုတ်ဝန်ပိုး အားကျခံပေးရမည် Social Burden များလျော့ချနိုင်ရန် ကျောင်း များ၊ လျှပ်စစ်မီးများ၊ လမ်းတံတားများ၊ ဆေးပေးခန်းများ၊ ဆေးရုံများ တပ်ဆင်ပေးရမည်

(၇) ထိုနေရာများတ၀ိုက်အသေးစား အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးလာအောင် ဘဏ်ချေးငွေများ အသင်းအဖွဲ့ချေးငွေများဖြင့် စီးပွားရေး ဇုန်များတည်ထောင်ပေးရမည် ( ဥပမာအားဖြင့် နိုင်ငံခြား ခရီးသွား များ အတွက် ယဉ်ကျေးမှုအမှတ်တရပစ္စည်းများ၊ ရိုးရာစားသောက်ဆိုင်များ၊ အမှတ်တရ အ၀တ်အထည် များ) (၈) ထိုကဲ့သို့ လူထု၏ လူမှုရေးကုန်ကျစရိတ်များကို အစိုးရတာဝန်ယူထားခြင်းကြောင့် လူထုတွင်စုဆောင်းမှု တက်မည်ဖြစ်သည်။ (၉) ထိုစုဆောင်းမှုတက်ခြင်းကြောင့် လူထုကတဖန် ၀ယ်လိုအားပြန်တက်မည်ဖြစ်သည်။ (၁၀) လူထုက ၀ယ်လိုအား တက် လာသော ကြောင့် ကုန်ထုတ်လုပ်မှု တိုးလာမည်ဖြစ်ပြီး၊ လစာများတက်လာမည်ဖြစ်သည်။ (၁၁) ထိုကဲ့သို့ ၀ယ်လိုအား အလုပ်အရမ်း များ အပေါ် အစိုးရကလူထု ကျခံနိုင်လောက်သော အခွန်ကောက်မည်ဖြစ်သည်။

(၁၂) အစိုးရအခွန်တိုးလာမည်ဖြစ်သောကြောင့် လစာများ၊ ပင်စင် များ၊ အသုံးစရိတ်များ တိုးမြင့်သတ်မှတ်နိုင်မည်ဖြစ်သည်။
ထိုကြောင့်စီးပွားရေးစနစ်ကို စဉ်းစားရာတွင် တခုတည်းကွက်စဉ်းစားရန် မည်သည့်စီးပွားရေးပညာရှင်အဖြေရှာထားသောကုထုံး မရှိပေ။ မြန်မာစီးပွားရေးကုထုံးများ ရှာရာတွင် အကျယ့်အပြန့်စဉ်းစားရန် လွန်စွာလိုအပ်နေသည့်အချိန်ဖြစ်ပါသည်။ ပြဿနာများအားအဖြေရှာ ရာတွင် စီးပွားရေးနယ်ပယ်တွင်သာမက နိုင်ငံရေးနယ်ပယ်တွင်လည်း တခုတည်းအားကွက်ပြီးဖြေရှင်းသော နည်းရှိမည်မဟုတ်ပေ။

ထိုကြောင့် မြန်မာ့အရေးကိုစဉ်းစားကြရာတွင် အမယ်စုံရှုထောင့်မှ ချဉ်းကပ်အဖြေရှာခြင်းMulti-Dimension Approach ကိုစတင်စဉ်း စား သင့်ပါသည်။ အထက်ပါ တစ်နေ ရာတွင် စာရေးသူတင်ပြထားသော ပြဿနာများအား အမယ်စုံရှုထောင့်မှ ချဉ်းကပ်အဖြေရှာရန် ပုစ္စာ ပေးလိုက်မည်ဖြစ်ပါသည်။ စာရှုသူ များအနေဖြင့် ထိုရှုထောင့်မျိုးအား စဉ်းစားသင့်ကြောင်းကို message ပေးလိုခြင်းသာဖြစ်သည်။

သန်းစိုး(ဘောဂဗေဒ)
 
 https://www.facebook.com/thansoe.economist/posts/1398284203753082 မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>