လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မြန်မာပျူခေတ် နှင့် တရုတ် ထန်ခေတ်တို့၏ နန်းတွင်း ဖြစ်ရပ်မှန် နောက်ခံသမိုင်း ရိုက်ကူး ဖော်ကျူး ထားသည့် ‘ဒဏ္ဍာရီထဲက တေးကဗျာ’ ဇာတ်လမ်း တွဲ




ယူနန် Run Shi rong Guang ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်က ထုတ်လုပ်၍ တရုတ်နိုင်ငံ၏ နာမည်ကြီး သရုပ်ဆောင်လည်းဖြစ်၊ ဒါရိုက်တာ လည်းဖြစ်သော Yu Rong Guang က  “ဒဏ္ဍာရီထဲက တေးကဗျာ” ဇာတ်လမ်းတွဲကို ကိုယ်တိုင် စိတ်ကူး ပုံဖော် ရိုက်ကူး သွားမည်ဖြစ်ကာ အဓိက သရုပ်ဆောင် များ အဖြစ် တရုတ် လူမျိုး လင်ကိန်စင်း (Lin Geng Xin)၊ တောင်ကိုရီးယား လူမျိုးမင်းသမီး Choo Ja Hyun၊ ဒါရိုက်တာ Yu Rong Guang တို့အပြင် အခြား သရုပ်ဆောင် များစွာ ပါဝင် သရုပ် ဆောင်မည်ဖြစ်သည်။ သုနန္တာ အဖြစ် လင်ကိန်းစင်း(Lin Geng Xin)၊ ရီ ရှားရိုအဖြစ် Choo Ja Hyun နှင့် ရှရီရှမ်း အဖြစ် ဒါရိုက်တာ Yu Rong Guang ကိုယ် တိုင် ပါဝင်သရုပ် ဆောင်သွား ဖြစ်သကဲ့သို့ ယူနန် ရုပ်မြင်သံကြား ဌာနက မြန်မာနိုင်ငံ ကို လာရောက် ရိုက်ကူးသော “ဒဏ္ဍာ ရီက တေးကဗျာ” ရုပ်မြင်သံကြား ဇာတ်လမ်း တွဲသည် အခန်းဆက် ဇာတ်လမ်းဖြစ်သည့် အပြင်
သမိုင်း ကြောင်း နောက်ခံ ဇာတ်လမ်း၊သိုင်း ကား၊ လျှို့ဝှက်သည်းဖို ဇာတ်လမ်း အမျိုးအစား ဖြစ်ပါသည်။ တရုတ် နိုင်ငံ ရှိ ယူနန် ပြည်နယ်၊ မြန်မာနိုင်ငံရှိ ယနေ့တိုင် သမိုင်း အထောက်အထား များရှိသည့် ကမ္ဘာ့ အနှံ့အပြားက စိတ်ဝင်စားသော  ပုဂံဒေသနှင့် ဟိန် တျန့် ရုပ်ရှင်မြို့ တို့တွင် ရိုက်ကူး မည်ဖြစ်ရာ ၂ဝ၁၃ခုနှစ် ဖေဖော်ဝါ ရီလ ၂၄ရက်နေ့က စတင်ရိုက် ကူးနေပြီဖြစ်သည်။ ဇာတ်ကား ရိုက်ကူး ပြီးစီးသွားပါက တရုတ်နိုင်ငံ ၊ ဟောင်ကောင် ၊ Taiwan ဒေသ၊ မြန်မာနှင့် တောင်ကိုရီးယား တို့တွင် ရုံတင် ပြသမည်ဖြစ်သည်။ ပျူခေတ်၏ ဓလေ့ထုံးစံ ရိုးရာများကို မြန်မာပြည် ရှိဘုရင်၊ မိဖုရား၊ အမတ်နန်းတွင်း အစေ ခံ၊ နန်းတွင်း ကိုယ်ရံတော်များ အဖြစ် ပုဂံဒေသတွင် လာရောက် ရိုက်ကူးခဲ့ ခြင်းဖြစ်ကာ လာရောက် ရိုက်ကူးစဉ် တွင် မြန်မာ့ယဉ်ကျေးမှု ရိုးရာ ထုံးတမ်းဓလေ့ အတိုင်း ရိုးရာ နတ်ပူဇော် ကန်တော့ပွဲပေးပြီး ရိုက်ကူးခဲ့သည်။ အေဒီ ၈ဝ၂ခုနှစ် ကာလ တွင်ရှိခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ဂီတ အနုပညာဖြင့် ချစ်ကြည် ရင်းနှီးမှု ကို ဒီနေ့အချိန် ကာလတွင် ပြန်လည်ဖော် ထုတ်ပြသနိုင်ရန် ပျူမှ တရုတ်ထန်ခေတ် နေပြည် တော်တည်နေရာ ချန်ဟန်မြို့ အထိ ခက်ခဲ ကြမ်းတမ်း စွာဖြတ်ကျော်ပြီး တရုတ် နိုင်ငံကို ရောက်ရှိခဲ့သည့် ရှေးဟောင်း မြန်မာ သံတမန် အဖွဲ့နှင့် ဂီတ အနုပညာအဖွဲ့ကို မှတ်တမ်းတင် ဂုဏ်ပြုသည့် ရည်ရွယ်ချက် တို့ဖြင့် တရုတ်မြန်မာ နှစ်နိုင်ငံတွင် ရှိခဲ့သော သမိုင်းကြောင်း ဆိုင်ရာ အချက် အလက် တချို့ ကို အခြေခံပြီး ခေတ်သစ် နည်းပညာများဖြင့် “ဒဏ္ဍာရီထဲက တေးကဗျာ” အမည်ရှိ ရုပ်မြင်သံ ကြား ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ခြင်း ဖြစ်ရာ သမိုင်းမှတ်တမ်း များ၏ နောက်ကွယ်မှာရှိ နေသော စိတ်ဝင်စားဖွယ် လျှို့ဝှက်ချက်များ အား တင်ဆက်ဖော် ထုတ်ထား မှုများကို ကြည့် ရှု မြင်တွေ့ရမည်ဖြစ်ပါသည်။

ဇာတ်လမ်းကို အစ၊အဆုံး ကြည့်ချင်တယ်ဆိုရင် အောက်က link မှာ ကြည့်လို့ရပါတယ်


သိမ့်သိမ့်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>