လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မြန်မာ့လွတ်လပ်ရေး ဇာတာ





(၂၀၀၉-ခုနှစ်၊ ဇန်န၀ါရီလ၊ ရောင်ပြန် မဂ္ဂဇင်းပါ ဆရာကြီး ဒေါက်တာ ဖေဥာဏ် ရေးသား ဖေါ်ပြခဲ့သော “မြန်မာ့လွတ်လပ်ရေး ဇာတာ တော်ပုံ ဆောင်းပါး” အရ-) 

မဟာမြိုင်ဆရာတော်၊ ပြန်ကြားရေး ၀န်ကြီးတာဝန် ယူမည့် သခင်လွန်းဘော်၊ ဟင်္သာတ ဦးမြ၊ ဦးဗဆွေ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဦးနု အပါးတော်မြဲ ဗိုလ်သိန်းဆွေ နှင့် ပုဏ္ဏား ဦးလှမောင်၊ ဦးတေဇော သာရ စသည့် ပညာရှင်များသည် ယခု စမ်းချောင်းမြို့နယ် မဟာမြိုင် ဘုန်းဘုရား စာသင်တိုက်တွင် တွေ့ဆုံကာ လွတ်လပ်ရေး ဇာတာ ဆွေးနွေးကြပါသည်။

ထိုသို့ ရွေးရာတွင်
  • မဟာမြိုင်ဆရာတော်၊ နှင့် သခင်ကိုယ်တော်မှိုင်း၊ ပုဏ္ဏား ဆရာ ဦးလှမောင်၊တို့က ၁၉၄၈ ခု၊ ဇန်န၀ါရီလ ၁-ရက်၊ ကြာသပတေး နေ့ကိုလည်းကောင်း၊
  • ဦးတေဇောသာရ မှ ဇန်န၀ါရီ ၆-ရက်၊ အင်္ဂါနေ့ကို လည်းကောင်း။
  • ဆရာ ပျဉ်းမနား ဦးသန်းမောင်မှ ဇန်န၀ါရီ ၁၅-ရက်ကိုလည်းကောင်း အခါပေးကြ ပါသည်။
ထို့နောက် ၁၉၄၈-ခု၊ ဇန်န၀ါရီလ ၆-ရက်နေ့တွင် လွတ်လပ်ရေး အခါပေးမည်ဟု သတင်းစာထဲတွင် ဖေါ်ပြပါလာရာ
ပညာရှင်များမှ ထိုရက်နှင့် ပါတ်သက်၍ ဝေဘန်ချက် များ သတင်းစာများ၌ ပါလာခဲ့ပါသည်။ နောက်ပိုင်းတွင် ပညာရှင် အချင်းချင်း မညီမညွတ် ဖြစ်လာကြသဖြင့်- ဗိုလ်လက်ျာ မှ ပဲခူး ရှိ ဗေဒင်ပညာရှင် ဦးသက်တင် ကို အခါတော်မေးရာ ၁၉၄၈-ခု၊ ဇန်န၀ါရီလ ၄-ရက်၊ တနင်္ဂနွေနေ့ နံနက် ၄ နာရီ ၂၀ မိနစ်၊ ယခု လွတ်လပ်ရေး ဇာတာ အခါတော်ကို ပေးခြင်း ဖြစ်ပါသည်။
ထိုအချိန်က ဇန်န၀ါရီ ၆-ရက်၊ အင်္ဂါနေ့ အခါ မသင့်ပုံကို အိန္ဒိယ နိုင်ငံ ဇန်န၀ါရီလထုတ် နက္ခတ် ဗေဒင် မဂ္ဂဇင်းမှာ အယ်ဒီတာချုပ် ဒေါက်တာ ရာမာန် က ဇန်န၀ါရီလ အခါပေး မကောင်းပုံကို ရေးသားပြီး၊ ဇန်န၀ါရီလ ၆-ရက်ထက်တော့ ပိုကောင်းသည်ဟု မှတ်ချက်ပေးခဲ့ပါသည်။

ဗမာ့ခေတ် သတင်းစာတွင်လည်း တရားသူကြီး ဦးသိန်းဖေ (ဘီအေ ဘီအယ်လ်) က ဇန်န၀ါရီ ၆-ရက် ဇာတာဆိုလျှင် ပြည်တွင်းစစ်ကြီး အကြီးအကျယ် ဖြစ်မည်ဟု ဟောခဲ့ပြန်ပသညါ။၁၉၄၉-ခု၊ မေလထုတ် အိန္ဒိယ နက္ခတ်ဗေဒင် မဂ္ဂဇင်းတွင် ပါမောက္ခ ပီအစ်ရှစ်ထရီးမှ မြန်မာ့ လွတ်လပ်ရေး ဇာတာတွင် အင်္ဂါ၊ စနေ အထိုင် မကောင်းပုံကို ဖော်ပြထားသည်ကို တွေ့ရပါသည်။ဦးသန်းမောင်က ဇန်န၀ါရီ ၁၅-ရက်၊ ကြာသပတေး နေ့နှင့် ဖေါ်ပြထားသည့် ပြိဿလဂ် တပ်ထားသည့် ဇာတာသည် အိန္ဒိယ နိုင်ငံ လွတ်လပ်ရေး ဇာတာ နှင့် အနည်းငယ် တူပါသည်။ ဆရာဦးသန်းမောင်၏ ဖော်ပြချက် ကား ကောင်းကင်ပေါ်တွင် သောမဂြိုဟ်များ ရပ်တည်ပြီး၊ ကောင်းကင်အောက်တွင် ပါပဂြိုဟ်များ ရပ်တည်စေပါသည်။ လဂ်၏ ၁၀-တန့် ကောင်းကင် အမြင့်သည် အုပ်ချုပ်ရေး အပိုင်း ကဏ္ဍ နှင့် ဆက်စပ်ပြီး၊ လဂ်၏ ၄-တန့် ကောင်းကင် အမြင့်သည် မိသားစု အရေး၊ အိမ်တွင်းရေး နှင့် ပတ်သက်ပါသည်။ ကောင်းကင် အနိမ့်ပိုင်းတွင် ပါပဂြိုဟ်များ ခြင်းသည် မိသားစု အရေး အိမ်တွင်းရေး ရှုပ်ထွေးလာစေပြီး တကွဲတပြားစီ ဖြစ်ကာ စိတ်ဝမ်းကွဲပြားမှု အမြဲတစ်စေ ဖြစ်ခြင်းကို ဖြစ်စေပါသည်။

အိန္ဒိယ နိုင်ငံသည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အရှေ့ပါကစ္စတန်၊ အနောက်ပါကစ္စတန်၊ များခွဲထွက်ကာ ကက်ရှ်မီးယား အရေး အခင်းနှင့် ယခုတိုင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်နေရခြင်းမှာ နှစ် ၆၀ ခန့် ရှိပြီ ဖြစ်ပါသည်။ ဇာတာ တစ်စောင်တွင် လဂ်နှင့် ၄-တန့် တွင် ပါပဂြိုဟ် အနေအထိုင် ကင်းရှင်းရန် အလွန် အရေးကြီးပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ဇာတာတွင် ဗြိစ္ဆာ လဂ်တွင် ၅-တေးဂြိုဟ် ရပ်တည်၍ အားအကြီးဆုံး သောမဂြိုဟ်ကြီး နှင့် ပူးယှဉ်က အပြစ်တစ်သန်း ကင်းစေသည်ဟူသော အဆို အမိန့်အရ လဂ်သည် အလွန်အင်အားကြီးကာ လဂ်အိမ် နှင့် အင်္ဂါဂြိုဟ်သည် ၁၀-တန့် ရာဇ ဌာနတွင် ရပ်တည်ထားသဖြင့် ကမ္ဘာတည်သရွေ့ မြန်မာတည်မည် ဟူသော အခြေအနေ ကောင်းကို ဖန်တီးပေးထားပါသည်။ နိုင်ငံရပ်ခြား အိန္ဒိယ မှ နက္ခတ် ဗေဒင် ပညာရှင်တို့သည် မိမိတို့ နိုင်ငံ၏ လွတ်လပ်ရေး ဇာတာ အချိန်ပေးခြင်းကို သန့်ရှင်း စင်ကြယ်စွာ မဆောင်ရွက်နိုင်ခဲ့ကြပဲ- သူတစ်ပါး နိုင်ငံ၏ လွတ်လပ်ရေး ဇာတာခွင်ကို ဝေဘန်ကြသည်မှာလည်း လူ့သဘာဝဟုပင် မှတ်ယူရပါတော့မည်။ မြန်မာ နိုင်ငံ လွတ်လပ်ရေး ဇာတာ နှင့် ပါတ်သက်၍ အချိန် မပေးခဲ့ရသော ဦးသန်းမောင်၊ ဦးအုန်းသင်၊ ဆရာမောက် စသည်တို့ နှင့် ယခုလက်ရှိ ဗေဒင် ဆရာ အမည်ခံသူတို့၏ ဝေဘန်မှုသည်လည်း လူ့သဘာဝ ဟုသာ စိတ်ထဲ သဘောထားမိပါတော့သည်။

(ဆရာကြီး ဒေါက်တာ ဖေဥာဏ် ၏ ဤဆောင်းပါးသည် မြန်မာ မျိုးဆက်သစ်များ အတွက် မြန်မာ့ လွတ်လပ်ရေး သမိုင်း ဆိုင်ရာ တန်ဘိုး မဖြတ်နိုင်သော ဗဟုသုတ များ ပါရှိသဖြင့် အင်မတန် လေးမြတ်သော ဆောင်းပါး ဖြစ်ပါသည်။ သို့မဟုတ်ပါက - ထိုခေတ် ထိုကာလ ကို မမီခဲ့ကြရသော မျိုးဆက်သစ် လူငယ်တို့ အနေဖြင့်- မည်သည့် အတွက် မြန်မာ့လွတ်လပ်ရေး အချိန်အခါ ကို ၁၉၄၈-ခု၊ ဇန်န၀ါရီလ ၄-ရက်၊ တနင်္ဂနွေနေ့ နံနက် ၄ နာရီ ၂၀ မိနစ်၊ အနေဖြင့် ရွေးချယ် ခဲ့ကြောင်း မသိရှိရနိုင်ပါပေ။ဆက်လက်၍- ဆရာကြီး ဒေါက်တာ ဖေဥာဏ် မှ သူ၏ အမြင်ကို တင်ပြသွားရာတွင်-)
"၁၉၄၈-ခု၊ ဇန်န၀ါရီလ ၆-ရက်၊ အင်္ဂါနေ့ နံနက် ၁၁ နာရီ ၅၆ မိနစ်၊ ဘုန်းတော်ကြီး ဦးတေဇောသာရ ပေးသည့် အချိန်သည် မိန်လဂ် ဖြစ်၍၊ လဂ်အိမ်ရှင် ကြာသပတေး ဂြိုဟ် ၉-တန့် တွင် ရပ်တည်၍ ကောင်းမွန်ခြင်း၊ ဆဲကြီး လေးဆဲတွင် မွန်းတည့်ဆဲဆဲ ဖြစ်၍ ကောင်းမွန်ခြင်း တို့ရှိကြပါသည်။ နိုင်ငံနှင့် အစိုးရ ဂုဏ် သိက္ခာနှင့် ပါတ်သက်သော အရေးကြီးသည့် တနင်္ဂနွေ ဂြိုဟ် နိစ်န၀င်း စီးထားခြင်းသည် အလွန်မကောင်းသည့် အချက် ဖြစ်ပါသည်။ စန်း တနင်္လာဂြိုဟ်သည် ရာဟု နှင့် အကြပ်ခံရပြီး၊ စနေဂြိုစ်နှင့် ကိန်းနေခြင်းသည် စိတ်မချမ်းမြေ့ဘွယ်ရာ များကို ဖြစ်စေသဖြင့် မကောင်းသည့် အချက်တစ်ရပ် ပင် ဖြစ်ပါသည်။
ဆရာကြီး ပျဉ်းမနား ဦးသန်းမောင် တင်ပြသည့် ၁၉၄၈-ခု၊ ဇန်န၀ါရီလ ၁၅-ရက်၊ ကြာသပတေး နေ့တွင်လည်း နိုင်ငံဂုဏ်နှင့် ပတ်သက်သည့် တနင်္ဂနွေဂြိုဟ်မှာ စနေအိမ်တွင် ရပ်တည် နေသည်ကို တွေ့ရပါသည်။ ထိုအားနည်း နေသည့် စနေဂြိုဟ်၏ အိမ်တွင် တနင်္ဂနွေ-တနင်္ဂလာ-ဗုဒ္ဓဟူး-သောကြာဂြိုဟ် တို့ ရပ်တည်နေခြင်းကလည်း မကောင်းခြင်းကို ဖြစ်စေပါသည်။ မွန်းလွဲ ၂-နာရီ ၄၅ မိနစ် အချိန်ကို ပေးခြင်းသည်လည်း မွန်းတိမ်း နေကျပိုင်း ဖြစ်၍ မင်္ဂလာ အခါပေးရန် မသင့်လျော်သည့် အချိန် ဖြစ်ပါသည်။ အိမ်တွင်း မိသားစု အချင်းချင်း နှင့် ပါတ်သက်သည့် ပြည်တွင်း ရေးရာ ကိစ္စများနှင့် ပါတ်သက်သည့် ၄-တန့်သည် ပါပဂြိုဟ်များ အကြားတွင် ပါပကတ္တရိ အကြပ်ခံထားရပါသည်။ ၃-တန့်တွင် စနေဂြိုဟ် နှင့် ပလူတို့တို့ ရပ်တည်နေပြီး၊ ၄-တန့်တွင် ပါပဂြိုဟ် အင်္ဂါ ရပ်တည်နေကာ၊ ၅-တန့်တွင် ပါပဂြိုဟ်၊ နက်ပ်ကျွန်းဂြိုဟ် ရပ်တည်ထားခြင်းပင် ဖြစ်ပါသည်။ ပြည်တွင်း ရေးရာ နှင့် ပါတ်သက်သည့် ၄-တန့် အိမ်ကို ပါပဂြိုဟ်များက လွှမ်းမိုးလျှက် ရှိသည်ကို တွေ့ရပါသည်။ တိုင်းပြည်တစ်ပြည်၏ စည်းလုံး ညီညွတ်ရေး နှင့် ပါတ်သက်သည့် ကိစ္စရပ်များ၊ ပြည်တွင်းရေး အေးချမ်းသာယာ ရေးနှင့် ပါတ်သက်သည့် ၄-တန့် အိမ်သည် ပါပဂြိုဟ်များ အမြင် ကင်းရှင်းရန် အလွန် အရေးကြီးပါသညါ။ ၄-တန့် အိမ်ကို သောမဂြိုဟ် အမြင်အယှဉ်များမှသာ ပြည်တွင်းရေး အေးချမ်း သာယာမည် ဖြစ်ပါသည်။ ကြာသပတေး ဂြိုဟ် နိစ်န၀င်း စီးနင်းခြင်းမှ လွတ်မြောက်ခြင်း တစ်ခုသာ ကောင်းပါသည်။ လွတ်လပ်ရေး အတွက် အပြင်းအထန် လှုပ်ရှား နေသည့်အချိန် တွင် ၁၀-ရက်ခန့် နောက်ကျသွားမည်မှာလည်း မဖြစ်သင့်သည့် ကိစ္စပင် ဖြစ်ပါသည်။"


 ဆက်လက်၍- ဆရာကြီး ဒေါက်တာ ဖေဥာဏ် မှ ယခု လက်ရှိ မြန်မာ့ လွတ်လပ်ရေး ဇာတာ နှင့် ပါတ်သက်၍ -
 

"ယခု လွတ်လပ်ရေး ဇာတာမှာ အတော် ကောင်းမွန်သည့် ဇာတာပင် ဖြစ်ပါသည်။ လဂ်သည် ဇေဋ္ဌ နက္ခတ် နှင့် ပူးယှဉ်ထားပါသည်။ ဇေဋ္ဌ နက္ခတ်မှာ တော်ဝင် ကြယ်ကြီး လေးလုံးမှာ တစ်လုံး အပါအ၀င် ဖြစ်ပြီး၊ မင်းစိုး ရာဇာ တိုင်းကြီး ပြည်ကြီး ကိစ္စရပ်များနှင့် ဆက်နွယ်နေသည့် နက္ခတ်ပင် ဖြစ်ပါသည်။ ထိုတော်ဝင် ကြယ်ကြီး လေးလုံးမှာ ရောဟဏီ နက္ခတ်၊ မာဃ နက္ခတ်၊ ဇေဋ္ဌ နက္ခတ် နှင့် ရတနာ သိဒ္ဓိ နက္ခတ် တို့ပင် ဖြစ်ပါသည်။ တိုင်းကြီး ပြည်ကြီး၊ တိုင်းရေး ပြည်ရာ နှင့် ပါတ်သက်၍ ခမ်းနား ကြီးကျယ်မှုကို ပေးနိုင်စွမ်းသည့် တော်ဝင် ကြယ်ကြီး လေးလုံး ဖြစ်ပါသည်။ လဂ်သည် ကြာသပတေးဂြိုဟ်နှင့် အံသာ နီးကပ်စွာ ပူးယှဉ်ခြင်း သည် အပြစ်တစ်သန်းကို ငြိမ်းသည် ဟူသော ရှေးပညာရှင်ကြီးများ အဆိုအရ အလွန် ကောင်းမွန်သည့် ကိန်းခန်း ပင် ဖြစ်ပါသည်။ တနင်္ဂနွေ နှင့် ဗုဒ္ဓဟူးသည် အဘိဇိ နက္ခတ် နှင့် ပူးယှဉ်ထား၍ အန္တရယ် အသွယ်သွယ်မှ ကင်းဝေးပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်း ကို ဖြစ်စေနိုင်သည့် ဂြိုဟ်ပူပင် ဖြစ်ပါသည်။ အထူးသဖြင့် သာသနာ ရောင်ဝါတွင် သူမတူအောင် ထွန်းတောက်မည့် အမြင်ယှဉ်ပင် ဖြစ်ပါသည်။ ထိုကြာသပတေး ဂြိုဟ် နိစ်မူကား စနေဂြိုဟ် နှင့် န၀င်းတွင် ပရိဝတ္တန ပြုထားသဖြင့် လောကီရေးထက် လောကုတ္တရာ ရေးက အလေးသာ နေသဖြင့် ထေရ၀ါဒ နိုင်ငံတော် အတွင် သင့်မြတ် လျောက်ပါတ်သည့် ဂြိုဟ် အမြင် ဖြစ်ပါသည်။ လဂ်အိမ်ရှင် အင်္ဂါဂြိုဟ်သည် မိန်၊ သိဟ်ရာသီတွင် ရပ်တည် နေခြင်းက သိဟ်ခြင်္သေ့ဟောက် ကို ဖြစ်စေပြီး၊ ၉-တန့် သုဘာ အိမ်ရှင် တနင်္လာ စန်းသည် ၁၁-တန့် လာဘ အိမ်တွင် ကန်ကြာပေါက် ကို ဖြစ်စေခြင်းက အမျိုးဂုဏ်၊ ဇာတိ ဂုဏ် မြင့်မားရေး နှင့် ကြီးပွားချမ်းသာရေး အတွက် လျော်ကန် သင့်မြတ်သည့် ဂြိုဟ်မြင် ဂြိုဟ်ယှဉ်ပင် ဖြစ်ပါသည်။ ကြာသပတေး ဂြိုဟ်နှင့် တနင်္လာ ဂြိုဟ်တို့ ၆၀ ဒီဂရီ ဆပ်စတိုင်း မြင်ခြင်းသည်လည်း ချမ်းမြေ့ သာယာစွာ နေထိုင်နိုင်ကြောင်းကို ဖေါ်ပြထားပါသည်။ ထိုတနင်္လာဂြိုဟ်သည် နက်ပ်ကျွန်းဂြိုဟ်နှင့် ပူးယှဉ်ထားသဖြင့် သနားခြင်း၊ ကိုယ်ချင်းစာ စိတ်ထားခြင်း၊ နောင်တမလွန် သံသရာ အတွက် ပိုမို အလေးထားခြင်းကို ဖေါ်ပြထားသဖြင့် ကျွန်တော်တို့ နိုင်ငံတော် နှင့် အလွန်လိုက်ဖက် သင့်လျော်သည့် မင်္ဂလာ အခါကောင်း ဖြစ်ကြောင်း မင်္ဂလာ စကား မော်ကွန်း ထိုးအပ်ပါသည်။လဂ်ပေါ်တွင် ၅-တေးဂြိုဟ် နှင့်  ၃ င်္ဂါဂြိုဟ်တို့ အံသာ နီးကပ်စွာ ပူးယှဉ်ထားသည်ကို တွေ့ရပါသည်။ ဗြိစ္ဆာရာသီ အတွက် ယောဂ ကာရက ဂြိုဟ်ဖြစ်သော ၅-တေး ဂြိုဟ်ကြီးသည် ဇေဋ္ဌ နက္ခတ်နှင့် ပူးယှဉ်ပြီး ၀ဂ္ဂုတ္တမ န၀င်းစီးကာ လဂ်အိမ်ရှင် ကသစ် ၃ င်္ဂါဂြိုဟ်နှင့်လည်း ပူးယှဉ်ထားပါသည်။ ထိုအချက်သည် အလွန်ကောင်းမွန်သည့် ဂြိုဟ်ပူး ဂြိုဟ်ယှဉ် ယုဂ်ဖြစ်ပြီး ရာဇယုဂ်၊ ဓန ယုဂ်၊ ဘဂျယုဂ် စသည့် ယုဂ်ကောင်းများ ကို ဖြစ်ပေါ်စေပါသည်။ ရာဇာယုဂ်သည် နိုင်ငံတကာတွင် ဂုဏ်ဒြဗ် ကြီးမားလာခြင်း၊ ဓန အင်အား တောင့်တင်းလာခြင်း နှင့် ၃ င်္ဂါ၊ ၅ တေးဂြိုဟ် ပူးယှဉ် မှုတို့ကြောင့် စစ်ဘက် အင်အားပါ တောင့်တင်း ခိုင်မာ လာမည်ကို ဖေါ်ပြပါသည်။ ရေအောက် သယံဇာတ ပစ္စည်း ဖြစ်သော ရေနံ သဘာဝ ဓါတ်ငွေဲ နှင့် တွင်းထွက် ပစ္စည်းများ၊ ပင်လယ်ပြင်တွင် ဆက်စပ်နေသော ငါး၊ ပုဇွန်၊ ပုလဲ မွေးမြူရေး စသော လုပ်ငန်းများ၊ ဆည်မြောင်း တာတမံနှင့် ရေအား လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းများ၊ နိုင်ငံ တကာနှင့် ရေကြောင်း ကုန်သွယ်မှု လုပ်ငန်းများ၊ ဘဏ်လုပ်ငန်း များ၊ စစ်ဘက်၊ စက်ဘက် ဆိုင်ရာ ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ များစွာ ဖွံ့ဖြိုးတိုးတက်မည့် နှစ် ဖြစ်ပါည်။ ၅ တေးဂြိုဟ် သဘာဝ တရားအရ ၁၂ နှစ် အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး နှစ်တစ်နှစ် ဖြစ်ပါသည်။ ၄-ဟူးဂြိုဟ် ဥုစ်န၀င်း စီးခြင်းသည် ကုန်သွယ်မှု လုပ်ငန်းများ အခွင့်အလမ်း ပွင့်လင်းလာပြီး ကုန်သွယ်ရေး ဆိုင်ရာ ဥပဒေများ ထုတ်ပြန်ကာ စီးပွားရေး လမ်းသစ်များ ဖြစ်ထွန်းပေါ်ပေါက် လာမည့် နှစ် ဖြစ်ပါသည်။"

MOTAA

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>