လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

နှလုံးသားအာဟာရ ရသစာစုလေးများ

Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ်။
အိတ်ထဲမှာ အရေးကြီးတာတွေတော့မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် …
စာထဲမှာတော့ “ကျွန်တော်အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီပိုက်ဆံပို့နိုင်မှာမဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ …
သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေစိတ်မကောင်းဖြစ်မှာသိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ …

တစ်သောင်းခွဲဆိုတာတော့ များပြားလှတဲ့ငွေပမာဏမဟုတ်ပေမယ့် ဒီလိုအလုပ်မရှိတဲ့အချိန်မှာမိသားစုကို ပြန်ကြည့်နေရတဲ့ သူ့အဖို့တော့ တစ်သောင်းခွဲဟာ တစ်သိန်းခွဲလိုပါပဲ …
ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူ့အမေဆီက စာတစ်စောင်ရောက်လာခဲ့တယ် ..
သူပိုက်ဆံမပို့လို့ သူ့အမေများငွေလိုနေပြီလားဆိုပြီး စိုးရိမ်သွားခဲ့ပေမယ့် စာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ သူထိတ်လန့်သွားခဲ့တယ် ..
စာထဲမှာ “ကျေးဇူးပါပဲသားရယ် .. သားပို့လိုက်တဲ့ ငွေငါးသောင်းအမေရတယ်” လို့ရေးထားတာပါ။
သူ့အမေဆီဘယ်သူပိုက်ဆံပို့လိုက်လဲဆိုတာ သူစဉ်းစားမရဖြစ်နေခဲ့တယ် ..
ရက်အချို့ကုန်လွန်သွားပြီးတဲ့အခါ သူ့အမေဆီက နောက်ထပ်စာတစ်စောင်ရောက်လာတယ် ..
“သားရေ … အရမ်းသေးလွန်းတဲ့လက်ရေးနဲ့စာတစ်စောင် အမေ့ဆီရောက်လာတယ်၊ ဒါပေမယ့် အမေ့မျက်မှန်ကကျိုးနေတော့ မဖတ်နိုင်တာနဲ့ သားဆီကိုပြန်ပို့လိုက်တယ်”
သူဟာ စာကိုဖွင့်လိုက်တယ်၊ စာထဲမှာရေးထားတာက …
“ငါမင်းပိုက်ဆံ တစ်သောင်းခွဲကို သုံးသောင်းခွဲထပ်ပေါင်းပြီးမင်းအမေဆီကို ပိုက်ဆံငါးသောင်းပို့ပေးလိုက်တယ် … တကယ်တော့ အမေအားလုံးဟာ အမေပါပဲ … သူမ ဆာလောင်မွတ်သိပ်နေစရာအကြောင်းမရှိဘူးလို့ငါထင်တယ် … ငါ့အမေသာရှိနေသေးရင် ငါလည်း ငါ့အမေကို ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး ... ဘာပဲဖြစ်ဖြစ် မင်းတတ်နိုင်သမျှ အလုပ်မြန်မြန် ရအောင်ရှာပြီး မင်းအမေကိုစောင့်ရှောက်ပါ …
(မင်းပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူ)”
+++++++++++++++++++++++++++++++++++++++
ကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ် အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်ကတော့ လူသားတိုင်း အမြဲ အတူတူပါပဲ …

နှလုံးသားအာဟာရ ရသစာစုလေးများမှ

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>