လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကမ္ဘာ ပေါ်ရှိလူသားအားလုံးရဲ့  (၈၆) ရာခိုင်နှုန်း မှာ ရာသီခွင် မှားယွင်း နေ

 Pyae Phyo (MMiTD) 

NASA ရဲ့ ကြေညာချက်အသစ်အရ Ophiuchus လို့ အမည်ရတဲ့ (၁၃) ခုမြောက် ရာသီခွင် အသစ် တစ်ခု ထပ်မံ တွေ့ ရှိခဲ့တဲ့အတွက် ကမ္ဘာပေါ်က လူသား အားလုံးရဲ့  (၈၆) ရာခိုင်နှုန်းဟာ မိမိတို့ရဲ့ ရာသီခွင် ကို မှားယွင်းစွာ လက်ခံ ယုံကြည်နေကြကြောင်း သိရပါတယ် ။
ကောင်းကင်ပေါ်က ကြယ် အစုအဝေး နဲ့ သင်္ကေတ တွေကို ကြည့်ပြီး လူတွေရဲ့  ကျန်းမာရေး ၊ စီးပွားရေး စတဲ့အကြောင်းအရာတွေကို သိမြင်ခန့်မှန်း နိုင်တဲ့ နက္ခတ္တဗေဒပညာရပ်ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့တာ   ဖြစ်ပြီး သိပ္ပံနည်းကျတဲ့ ပညာရပ် တစ်ခုအဖြစ်လက်ခံယုံကြည်လျက်ရှိပါတယ် ။ နှစ်စဉ်နှစ်တိုင်း ပုံမှန် ဖြစ်ပေါ်တတ်တဲ့ ကြယ်အစုအဝေးတွေရဲ့  ရွေ့ လျားမှု သင်္ကေတ တွေ အရ ရာသီခွင် (၁၂) ခုကို သတ်မှတ်ခဲ့ပြီး နှစ်စဉ် ရာသီခွင်အလိုက် ဗေဒင်တွက်ချက်မှု တွေ ပြုလုပ်နိုင်ခဲ့ကြပါတယ် ။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀ – ၃၀၀၀) ခန့်ကတည်းက နေ နဲ့ လရဲ့  သက်ရောက်မှုကြောင့် ကမ္ဘာကြီးရဲ့ ကောင်းကင် ပေါ်မှာမြင်ရတဲ့ ကြယ်အစုအဝေးတွေရဲ့  မတူညီတဲ့ သင်္ကေတ တွေကို သတိထားမိခဲ့တာဖြစ်ပြီး ယခု အခါမှာတော့ အရင် နဲ့ မတူကွဲပြား တဲ့ သင်္ကေတ အသစ်တွေကို NASA က တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ ကွဲလွဲချက်တွေက လ တစ်လ နီးပါး စာလောက် ကြာမြင့်တဲ့ အတွက် ရာသီခွင် (၁၂) ခုအပြင် Ophiuchus လို့ အမည်ရတဲ့ နောက်ထပ် ရာသီခွင် အသစ်တစ်ခု ထပ်မံပေါင်းထည့် လိုက်ရတာဖြစ်တယ်လို့ သိရပါတယ် ။
Ophiuchus ရာသီခွင်ရဲ့  ပုံရိပ် ကတော့ လူတစ်ယောက် မြွေရဲ့ တစ်ကောင်ကို ဆုပ်ကိုင် ထားတဲ့ ပုံစံဖြစ်ပါတယ် ။ Ophiuchus က ဂရိနတ်ဘုရားတစ်ပါးဖြစ်တဲ့ Apollo ရဲ့  သားတော် Asclepius ကိုကိုယ်စားပြုပြီး ကျန်းမာခြင်း ၊ မှန်ကန်ခြင်းနဲ့ ကြိုတင်သိမြင်နိုင်စွမ်း တွေကို ရည်ညွှန်း တယ်လို့ သိရပါတယ် ။
ပြောင်းလဲသွားသော ရာသီခွင် တွက်ချက်ပုံ
  • Capricorn       : Jan. 20 – Feb. 15.
  • Aquarius        : Feb. 16 – March 11.
  • Pisces              : March 12 – April 18.
  • Aries               : April 19 – May 13.
  • Taurus            : May 14 – June 19.
  • Gemini           : June 20 – July 20.
  • Cancer            : July 21 – Aug. 9.
  • Leo                  : Aug. 10 – Sept. 15.
  • Virgo               : Sept. 16 – Oct. 30.
  • Libra               : Oct. 31 – Nov. 22.
  • Scorpio           : Nov. 23 – 29.
  • Ophiuchus     : Nov. 29 – Dec. 17.
  • Sagittarius      : Dec. 18 – Jan. 19.
အထက်ပါ ဇယား အသစ် အရ လူသားအားလုံးရဲ့  (၈၆) ရာခိုင်နှုန်းဟာ မှာယွင်းတဲ့ ရာသီခွင်အောက်မှာ ရောက်ရှိနေကြောင်း တွေ့ ရှိခဲ့တာဖြစ်ပြီး  ဒါဟာ နှစ် (၂၀၀၀) အတွင်း မှာ တွေ့ရှိတဲ့ ပထမဦးဆုံး  ပြောင်းလဲမှုလည်းဖြစ်ပါတယ် ။
Credit to ==> Digital Times
 www.pyaephyo.com

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>