လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဒီသတင်းစိတ်ဝင်စားဖို့ကောင်းတယ်

Nay Zin Latt

(၉/၁၁) အမေရိကန် Twin Tower အကြမ်းဖက်တိုက်ခံရမှု့မှာ (၁၉) ဦးအနက်
(၁၅) ဦးကဆော်ဒီနိုင်ငံသားဖြစ်ပြီး  စုံစမ်းစစ်ဆေးမှု့တွေအရဆော်ဒီအစိုးရနဲ့ဆက်စပ်မှု့
ရှိနေတာကြောင့် ဆော်ဒီကိုအရေးယူဖို့ လွှတ်တော်အဆုံးအဖြတ်ကို အိုဘားမားက
သမ္မတဗီတိုနဲ့ပယ်ချလိုက်တယ်၊
သမ္မတဗီတိုကို လွှတ်တော်ကပြန်ပယ်ချနှိုင်ဖို့ ၂/၃ ပုံ မဲလိုအပ်ပါတယ်၊
ထပ်ပြီးမဲခွဲလိုက်ရာမှာ
(၃၄၈-၇၇) နဲ့ သမ္မတဗီတိုကို လွှတ်တော်ကကျော်လွှားနှိုင်ခဲ့တာမို့ အမေရိကန်အနေနဲ့ ဆော်ဒီကိုအရေးယူရပါလိမ့်မယ်။
( ဒီနေရာမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး
ဘယ်လိုဟန်ချက်ထိမ်းညှိသွားတယ်ဆိုတာ
ဒီမိုကရေစီကိုတကယ်သွားချင်တယ်ဆိုရင်
မြန်မာတို့အတုယူဖို့ကောင်းတယ်)
ကိုယ်နိုင်ငံကို လူ (၃၀၀၀) လောက်သေကြေအောင် တိုက်ခိုက်ခဲ့တဲ့ ဆော်ဒီကို အရေးပြန်ယူဖို့
ဘာကြောင့်အိုဘားမားအနေနဲ့ သဘောမတူရတာလဲ ?
အဲ့ဒီတုန်းက အမေရိကန်အစိုးရရဲ့ပါဝင်ပါတ်သက်မှု့ကို ဆော်ဒီက ဖေါ်ကောင်လုပ်မှာစိုးလို့လား ?
မေးချင်စရာကောင်းတဲ့မေးခွန်းတွေ တန်းစီ ဖြစ်လာခဲ့ရတော့တယ်၊
ဘာပဲပြောပြော ရှုပ်ထွေးလှတဲ့ အမေရိကန်နိုင်ငံရေးနဲ့
မြန်မာတို့ အတုယူစရာကောင်းတဲ့ "ဟန်ချက်ထိမ်းညှိမှု့" ကိုတော့
တွေ့လိုက်ရပါတယ်၊

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>