လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ငယ်ပါမှာလက်စွပ်ဝတ်ပြီး အချစ်ကိုသက်သေပြဖို့ ကြိုးစားသူရဲ့ ကြီးမားလှတဲ့ဒုက္ခ


By netsetaw - September 30, 2016
လက်စွပ်ဆိုတာ သိတဲ့အတိုင်း လက်မှာပဲ စွပ်တာ ကောင်းပါတယ်။ နာမည်ကိုကမှ လက်စွပ် ဖြစ်နေတာကိုး။ ဒါပေမယ့်
တစ်ချို့သူတွေကတော့ ရွှေဉာဏ်တော်စူးရောက်ပြီး မတော်တရော်နေရာကို အဆန်းထွင် စွပ်ကြည့်တတ်ပါတယ်။ မလုပ်ပါနဲ့။ ဒုက္ခလှလှကြီး တွေ့ပါလိ့မ်မယ်။ အထူးဖြင့် အမျိုးသားတွေ ရှောင်ကြဉ်ကြပါ … အမျိုးသမီးတွေတော့ သိပ်ပြီး ကိစ္စရှိပုံမရပါ။
အခုလည်း တရုတ်အမျိုးသားတစ်ယောက်ကို သူ့ဇနီးက လက်ထပ်လက်စွပ်ကို ငယ်ပါမှာ ၀တ်ပြရမယ်ဆိုပြီး စေခိုင်းခဲ့ပါတယ်။ ဒီလိုမှ မလုပ်ရင် သူ့ကို မချစ်လို့ဆိုပြီး စိတ်ကောက်ပစ်မယ်လို့ ဖိအားပေးခဲ့ပါတယ်။ နောက်ဆုံးတော့ အမျိုးသားလည်း ဒီကိစ္စဟာ သီတာကို ရာမက လေးတင်ပြီးပိုးသလောက်တော့ မခက်လောက်ပါဘူးလို့ ယူဆခဲ့ပုံရပါတယ်။

ဒီလိုနဲ့ ချစ်သူခိုင်းတဲ့အတိုင်း လက်ထပ်လက်စွပ်ကို မတော်ရာမှာ စွပ်ကြည့်လိုက်ပါတယ်။ စွပ်တုန်းကတော့ ကွက်တိပါဘဲ။ သူကလည်း အချစ်တွေကို သက်သေပြခွင့်ရလိုက်ပြီမို့ ၀မ်းသာသွားပုံရပါတယ်။ ဒါပေမယ့် ခက်တာက ပြန်ချွတ်တဲ့အခါ
တစ်နေပါတယ်။ နှစ်ယောက်သား ချွေးတဒီးဒီးနဲ့ လက်စွပ်ချွတ်ရေး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ကြပါတယ်။
ဒါပေမယ့် ထူးမလာပါဘူး။ တစ်ရက် … အခြေအနေ မဟန်။ နှစ်ရက် … ငယ်ပါကလည်း လက်ပူမိပြီး ယောင်ကိုင်းကာ ပိုဆိုးလာတယ်။ ဒီလိုနဲ့ ဘယ်လိုမှ အဆင်မပြေတော့တဲ့အဆုံး ရှေ့မျက်နှာနောက်ထားပြီး ဆေးရုံကို ပြေးရပါတော့တယ်။ ဆေးရုံမှာလည်း မီးသတ်ရဲဘော်တွေနဲ့ ဆရာဝန်တွေ အားကောင်းမောင်းသန် ယောက်ျားတွေ စုပြီး ချွတ်ကြပါသေးတယ်။
ဒီကိစ္စမျိုးဆိုတာ ကြမ်းလို့မရ။ နည်းအမျိုးမျိုးသာ ကုန်သွားတယ်။ လက်စွပ်နဲ့ ငယ်ပါက အကြင်လင်မယားဘ၀ကနေ ကွာရှင်းမပေးသေး။ နောက်ဆုံး ဆရာဝန်တွေက အကြံရသွားတယ်။ ငယ်ပါကို ရေခဲအိပ်ကပ်လိုက်ရင် ငယ်ပါက ကြုံ့သွားမယ်ပေါ့။ ဒါဆိုရင် ချွတ်ဖို့လွယ်သွားပြီလေ။ ဒီလိုနဲ့ အမျိုးသားကို ရေခဲအိပ်ကလေး ကပ်ပေးလိုက်တယ်။ သဘာဝအရကိုယ်က အေးရင် ကြုံ့တယ်လေ။ ဒီနည်းက အဆင်ပြေသွားပါတယ်။

shwemom.com

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



  • Total Posts: 1205
  • Total Comments: 31
  • Total Pages: 0
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>