လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ရက်စက်ပါပေ့ကွယ်


----------------------
ဒီနေ့မနက် ကြေးမုံသတင်းစာထဲမှာ “ပထမရသော်လည်း ဆုနှင့် လွဲရသူ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး စိတ်မကောင်းလို့ ရေးပါတယ်။ အဲဒီ ဆောင်းပါးကို တင်ပြသူကတော့ ဦးကျော်ဇော (လှသိပ္ပံ၊ ရွှေဘို) တဲ့။ အဖြစ်က ဒီလိုပါ …
စစ်ကိုင်းတိုင်း ဒေသကြီး၊ အထက (၃) ရွှေဘိုမှာ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာစုံ ဂုဏ်ထူး ရပြီး အမှတ်တူ နှစ်ဦးထွက်တာကို ထူးဆန်းစွာ ကြုံတွေ့ရပါတယ်။

ရွှေဘို အရှေ့ ၁၇ မိုင်ဝေးတဲ့ ကျောက်မြောင်းမြို့နယ်ခွဲက ဦးသိန်းထွန်းရဲ့သမီး မသီတာ ရွှေစင်သိမ့်ဟာ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ခုံအမှတ် (စဘ-၆၅၈) နဲ့ ဝင်ဖြေပါတယ်။ ဘာသာစုံ ဂုဏ်ထူးရပြီး အမှတ် ပေါင်းက (၅၃၇ မှတ်) ဖြစ်ပါတယ်။

မသီတာရွှေစင်သိမ့်လိုပဲ သူ့ သူငယ်ချင်း မနှင်းထက်ထက်အောင်ကလည်း ဘာသာစုံဂုဏ်ထူး ရမှတ် (၅၃၇ မှတ်) ရပြီး တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ ပါတယ်။ကလေးနှစ်ယောက် ဘာသာစုံဂုဏ်ထူး၊ ရမှတ်လည်း အတူတူ ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက်သလဲ။ ဒါပေမဲ့ ကြည်နူးမှုကို ဖျက်ဆီးသူကပေါ်လာတယ်။တိုင်းနဲ့ပြည်နယ်တွေမှာ ရမှတ်အများဆုံးတွေကို ပထမဆုရွေးချယ်တော့ တိုင်းဂုဏ်ဆောင် ပထမဆုကို မနှင်းထက်ထက်အောင်ကို ရွေးလိုက်ပြီး မသီတာရွှေစင်သိမ့်ကို ထားခဲ့ပါတယ်။ပညာရေးဌာနက သူ့ထက်သူ လူစွမ်းကောင်းကြီးတွေရဲ့ အကြောင်းပြချက်ကတော့ “မနှင်းထက်ထက်အောင်က မသီတာ ရွှေစင်သိမ့်ထက် အင်္ဂလိပ်စာရမှတ် ၁ မှတ်များသွားလို့တဲ့ဗျာ။

ရမှတ်ပေါင်းတူတယ်ဆိုရင် တစ်ဘာသာမှာ တစ်မှတ်နည်းတာဟာ အခြားဘာသာမှာ ပြိုင်ဘက်က တစ်မှတ်များ သွားလို့ဆိုပြီး အလွယ်လေးတွက်နိုင်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာ တစ်မှတ်များတာဟာ ကလေးတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးအတွက် စိတ်ဓာတ်ကို ရိုက်ချိုးလိုက်သလို ဖြစ်သင့်ပါသလား။ ဒီမှာတင် မပြီးသေးဘူး။

တိုင်းဒေသကြီးတွေက ထူးချွန်သူတွေကို သမ္မတပညာသင်ဆုပေးတော့လည်း အမှတ်ချင်းတူ၊ ဂုဏ်ထူးချင်းတူ ပါလျက် မသီတာရွှေစင်သိမ့်က သမ္မတပညာသင်ဆု မရပါဘူးခင်ဗျာ။
ပညာရေးဌာနက ခေါက်ရိုးကျိုးနေတဲ့ မအူမလည်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းကိုသာမက ဘဝတစ်ခုလုံးကိုပါ ရိုက်ချိုးလိုက်သလို ဖြစ်သွားပါပြီဗျာ။
ကိုယ်ဆုံးဖြတ်ချင်သလို ဆုံးဖြတ်လိုက်တဲ့ “၁ မှတ်” ဆိုတာ ကလေးတစ်ယောက်ရဲ့ ဘဝပါ။ ဘာကြောင့်
လဲဗျာ အင်္ဂလိပ်စာ ၁ မှတ်နဲ့ အရည်အချင်း အတူတူကို ဘယ်သူ့မူနဲ့ စံကိုက်ပြီး ချန်လိုက်ကြတာလဲဗျာ။
ရက်စက်ကြပါတယ်ဗျာ။ ပညာရေးဌာနက အမှတ်လေး ၁ မှတ်ကို အရေးမကြီးဘူးထင်ပြီး ရက်ရက်စက်စက် လုပ်ရက်ပါပေ့ဗျာ။

အဖြစ်မှန် ပေါ်ပေါက်ပါစေဗျာ။ သမ္မတကြီးလည်း ကြားပါစေ။ စစ်ကိုင်းတိုင်းဒေသ ကြီးက တာဝန်ရှိသူတွေလည်း သိပါစေ။ အထက (၃) ရွှေဘိုမှာ ဒီလိုတွေ ဖြစ်နေ ပါသတဲ့။ ကိုင်း …. စစ်ကိုင်းတိုင်း ဒေသကြီးက ဝန်ကြီးချုပ်ကြီးရေ … ခင်ဗျား ကိုယ်တိုင် ပူးတွဲ ပထမဆိုပြီး ဆုပေးခဲ့တဲ့ မသီတာရွှေစင်သိမ့် ကတော့ နောက်ဆုတစ်ဆုယူဖို့အလာ ခြေထောက်တစ်ချောင်း ရိုက်ချိုးခံလိုက်ရသဗျာ။
 
၈.၉.၂၀၁၆
ဆရာ tin nyunt

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>