လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

နဝတ လက်ထက် တပ်မတော်ကိုဖြိုခွဲနေသော ဗိုလ်ချုပ်ကြီးများ


ဆောင်းပါးရှင်။
ဗိုလ်မှုးဟောင်း အောင်လင်းထွဋ်
(စစ်ထောက်လှမ်းရေးဟောင်း)

၁၉၈၈ ခုနှစ် နောက်ပိုင်း ဗိုလ်ချုပ်ကြီးများ အကြောင်း ပြောရရင် အားလုံးမှတ်မိကြ လိမ့်မယ် ထင်ပါတယ်။ ၁၉၉၇ ခုနှစ် `နဝတ´ ကနေ `နအဖ´ ပြောင်းခဲ့တာ အားလုံး စိတ်ဝင်စားလိမ့်မယ်​လို့ အဓိက ပြဿ     နာက ဆရာ၊ တပည့် ​ကြောင့်​ပါ။
နဝတ ခေတ်က အဆိုးဆုံးဗိုလ်ချုပ်ကြီး တွေလို့ လက်ညှိုးထိုးရင် ဗိုလ်ချုပ် ထွန်းကြည် ဗိုလ်ချုပ် မြင့်အောင် ဗိုလ်ချုပ်ကျော်ဘ တို့ကို ​ပြေးမြင် မိကြ မှာပါ။ ဒီ (၃) ယောက်လုံးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တပည့်အရင်း ခေါက်ခေါက်တွေပါ။
ဆရာအားကိုးနဲ့ ဘယ်သူကိုမှ ဂရုမစိုက် လုပ်ချင် တာကို အရှက်သိက္ခာမဲ့စွာ လုပ်ခဲ့ကြသူများလဲ ဖြစ်ကြပါတယ်။ နဝတဖျက်ပြီးတော့ အဖွဲ့ဝင်တွေ အားလုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှုတ်မိန့် နဲ့ နေအိမ် အကျယ်ချုပ် ထားပြီး နာမည်ကြီးတဲ့ အဲဒီ ဗိုလ်ချုပ် ​တွေကို စစ် ထောက်လှမ်းရေးက ခေါ် ယူစစ်ကြော ​မေးမြန်းခွင့် ရခဲ့ပါတယ်။
ဗိုလ်ချုပ်ထွန်းကြည် နဲ့ ဗိုလ်ချုပ် မြင့်အောင် ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မ (၈၈) တပ်မမှူး ဖြစ်တဲ့ အချိန်က ဒုတိယ တပ်မမှူးများ အဖြစ်အနီးကပ် တာဝန်ယူခဲ့ သူတွေ ဖြစ်လို့ နဝတ အဖွဲ့ဝင် ​တွေကြား မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တပည့်ရင်းလို့ သတ်မှတ်ခြင်း ခံရသူပါ။ ဗိုလ်ချုပ်ထွန်းကြည် ဆိုရင် ဒုတိယ တပ်ချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နဲ့ စစ်တက္ကသိုလ် အပတ်စဉ် (၁) မှာ (၄) နှစ်ကြာ သင်တန်းအတူ တက်ခဲ့သည့်အတွက် နအဖ မတိုင်ခင် နဝတ ခေတ်မှာ ဘယ်သူမျှ မထိရဲအောင် တန်ခိုး ထွားခဲ့ကြ ပါတယ် ဗိုလ်ချုပ်ထွန်းကြည် နဲ့ ဗိုလ်ချုပ် မြင့်အောင် တို့နှစ်ဦး စလုံးဟာ ထောက်လှမ်းရေး စစ်ကြော​ရေး စခန်းမှာ အချိန်အတော်ကြာကြာ စစ်ထောက်လှမ်း​ရေး အရာရှိတွေနဲ့ တွေ့ဆုံ မေးမြန်း ခဲ့ရပါတယ်။ နောက်ပိုင်းမှာ တော်တော်လေး ရင်းနှီး ခဲ့တယ်လို့​တောင် ပြောလို့ရပါတယ်။ စစ်​ထောက် လှမ်း​ရေးက ဗိုလ်ချုပ်ထွန်းကြည် အိမ်ကို ရှာသည့် အခါ အခန်း တစ်ခု တည်းမှာပင် မြန်မာ ကျပ်ငွေ ​တွေကို မြွေရေခွံ အိတ်များ ထည့်ထားတာ အခန်း ပြည့်တွေ့ပြီး သိမ်းဆီး မိခဲ့ရပါတယ်။
အမျိုးသမီးကိစ္စ အရှူပ်အရှင်းတွေ စစ်မေးတော့ စစ်ကြောသူ တွေကြားမှာ ဟာသဖြစ်ခဲ့ရတယ်။ ဗိုလ်ချုပ်ထွန်းကြည် က `မင်းတို့ ဒီကိစ္စတော့ ငါ့ကို ယုံပါ ငါ့ဟာ မလာ တော့ဘူး။ ဒါပေမဲ့ ယောက်ျား ဆိုတော့ စိတ်တော့ ရှိတာပေါ့ကွာ၊´ လို့ ပြောခဲ့ ဖူးတယ်။ နောက်ပိုင်း သူပြော ပြတာက အဲဒီအချိန်က နာမည်ကြီး ညီအစ်မ သုံးယောက်ကို ကိုယ်လုံးတီး ချွတ် လမ်းလျောက်ခိုင်းပြီး မျက်စိ အရသာခံ တာတွေ တော့ လုပ်ခဲ့တာတွေ ရှိခဲ့တယ် ဆိုတာတွေပါ။ ငွေကြေး မသမာမှုတွေ နဲ့ မဟုတ်တာ လုပ်တာ တွေက အများကြီးပါ။
ဗိုလ်ချုပ်မြင့်အောင် ဗိုလ်ချူပ်ကျော်ဘ ကတော့ လိုင်းပေါင်းစုံတယ်။ ငွေမိန်းမ အစုံဘ။ဲ အိမ်က မိန်းမ ​တွေကိုတော့ ရုံးမှာအလုပ်များလို့ ညဘက်ရုံးမှာ ညအိပ် ရမည်လို့ ဝန်ကြီးတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကပြောထားတယ် ဆိုသည့် အကြောင်း ပြချက်နဲ့ စစ်ရုံးက ညကျောင်းပြန်တာနဲ့ မိန်းမငယ် ​တွေအိမ်ကို အသီးသီး ရောက်သွား ကြတယ်။ ဗိုလ်ချုပ်မြင့်အောင် ဆို ​နောက်ပိုင်း ဘယ်လောက်​ဆိုးလာ သလဲဆိုရင် သမီးအရွယ် ရုပ်ရှင်မင်းသမီး လေးတွေပါမကျန် ငွေနဲ့ လုပ်ပိုင်ခွင့်ပေးပြီး နှာဘူးထ ခဲ့ ပါတယ် ကိုယ်ရေး အရာရှိလုပ်သူက သူသွားလေရာ အိပ်လေရာ နေရာတိုင်းမှာ အတူအိပ်ဖို့ မိန်းမ ရှာထား ရပြီး မလုပ်ထားရင်သောင်းကျန်းတော့တာပါဘဲ။
ဗိုလ်ချူပ်ကျော်ဘ ကတော့နည်းနည်းညက်တယ်။ အကောင်းစား ​လေးတွေကိုဘဲ ရွေးတယ်။ အဲဒီ ဗိုလ်ချုပ် ​တွေနဲ့ပတ်သက်ခဲ့တဲ့ မိန်းမတွေ ကို အဲဒီ တုံးက ရန်ကုန် သမိုင်းက သတင်းတပ်ဖွဲ့ရုံး ရှိသည့် အမျိုးသား ထောက်လှမ်းရေးဝင်းထဲမှာ နေ့ည စစ်ခဲ့ ကြတယ် နာမည်ကြီး သရုပ်ဆောင် အမျိုးသမီး ​တွေပါ အစစ်ခံရတဲ့ နေရာဖြစ်လို့ ပွဲစီ တယ်။ အမျိုး သမီး​တွေ တော်တော်များများ စစ်ကြော ရေးစခန်းမှာ ဝန်ခံခဲ့ ကြပါတယ်။ ငြင်းလို့ မရတဲ့ အထောက်အထား ​တွေ ကလဲရှိ ​နေခဲ့တာကို စစ်ကြော ချက်မှတ်တမ်း ​တွေကို စုပြီး စာအုပ် တစ်အုပ်ရေးရင် ကမ္ဘာကျော် သွားနိုင် တယ်​။
အဲဒီလို စစ်ကြောမေးချက်တွေကို စုစည်းပြီး ဗိုလ်ချုပ်ကြီးတွေ၏ စစ် စည်းကမ်း ဖေါက်မှု မသမာမှု ဥပဒေ ကျူးလွန်မှုများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အစီရင်ခံသည့် အခါမှာတော့ မင်းတို့ ထောက်လှမ်း ​ရေး ဒီ ကောင်တွေကို ဘာမှ မလုပ်နဲ့ ပြန်လွှတ်ပေး လိုက်ဆိုသည့် အမိန့်ပေး လိုက် ပါတော့တယ်။ သိပ် မကြာလိုက်ပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုံးမှ နေ၍ စစ်ထောက်လှမ်းရေး အနေဖြင့် တပ်မတော် အရာရှိ ကြီးများ နှင့် ဝန်ကြီးများအား စုံစမ်းခြင်း မေးမြန်းခြင်း ထောက်လှမ်းခြင်း ကို ကက ကြည်း ၏ ခွင့်ပြုချက် မရဘဲ မလုပ်ရ ဟူသောအမိန့် ထွက်လာ ပါ​တော့ သည်။ ဒီအမိန့်သည် အပေါ်ယံ ကြည့်လျှင် စစ် ​ထောက်လှမ်းရေးကို နှိပ်ကွပ်သည်ဟု ထင်စရာ အကြောင်း ရှိသောလဲ အမှန်တစ်ကယ် တော့ တပ်မတော်အတွင်း အဆင့်တန်းအားလုံး လုပ်ချင်တာလုပ်လို့ရတယ်။ စစ်စည်းကမ်း၊ နည်းဥပဒေ များ ၊ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများ၊ စောင့်စည်းစရာမလိုဘူး ဆိုသည့်သဘောမျိုး ဖြစ်ခဲ့ပါတယ်။
တပ်မတော် အောက်ခြေအဆင့်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်များတွင် စစ်သား လုပ်ချင်တာ လုပ်လို့ ရတယ်ဆိုသည့် အတွေးအခေါ်များ ဝင်လာပြီး လူသတ် မုဒိန်းကျင့် ဆက်ကြေးငွေ ​တောင်းတာတွေ ဖြစ်လာခဲ့ပါတယ်။ အချို့ အရာရှိတွေ ကိုယ်တိုင် ဒီလုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြတာ တွေရှိ ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေ အဆင့်ကတော့ စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ပေါင်းပြီး မိသားစု လိုက် စီးပွါးရေးလုပ် လာ ကြတယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအနေဖြင့်လဲ ၁၉၉၈ ခုနှစ်နောက်ပိုင်း ကစပြီး စီးပွါးရေး ပိုသောင်းကျန်းလာသည့် အခြေအနေတွေ ရှိခဲ့တာတွေကို တွေ့ခဲ့ရ ပါတယ်။ အဆိုးဆုံးကာလကတော့ ၂၀၀၀ ပြည့်အလွန် ထိုင်းနိုင်ငံက ဓါတ်ငွေ့ဖိုး ဒေါ်တာတွေအများပြား ဗိုလ်ချုပ်ကြီးတွေ ရပြီးတဲ့ အချိန်က စလို့ တပ်မတော် လဲ ဒုက္ခ ရောက်ရတော့ တာပါဘဲ။ ပညာမဲ့၊ အမျော်​အမြင်နည်း၊ အတ္တကြီးသည့် ဗိုလ်ချုပ်ကြီးတွေ လက်ထဲ တိုင်းပြည်၏ ငွေတွေလက်ဝယ် ရောက်လာ သည့်အခါ မိမိတို့ စောင့်စည်းရမည့် လူ့ကျင့်ဝတ် သိက္ခာတွေကို လစ်လျူရှု ပြီး စစ်စည်းကမ်း၊ နည်းဥပဒေများ ၊ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများ ချိုးဖေါက် လုပ်ချင်တာ တွေကို ထင်သလို လုပ်နေ တာဟာ တပ်မတော် ကိုပြိုကွဲအောင် လုပ်နေတာ ပါဘဲ ဒါကြောင့် တပ်မတော် ကိုဖြိုခွဲနေတာ လက်ရှိ စစ်ဝတ် နဲ့ အရပ်ဝတ် ဝတ်စုံဝတ်ပြီး တာဝန် ယူနေတဲ့ ဗိုလ်ချုပ်ကြီးတွေဘဲ ဖြစ်ပါတယ်။

(ဦး) Aung Lynn Htut Blog မှ ကူးယူဖော်ပြပါသည်။#BurmaDemocracy
Photos: Online
from - FB

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>