လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အငြင်းပွားဖွယ်ရာ ၉/၁၁ သည် ကြိုတင်စီမံမှုတစ်ခုလာ:


၉/၁၁ ဆိုတာဟာ ၂ဝဝ၁-ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့မှာဖြစ်ပွားတဲ့ အမေရိကန်က ကမ္ဘာ့ ကုန်သွယ်ရေးညီနောင်အဆောက်အဦးကို အကြမ်းဖက်တိုက်ခိုက်မှုပါ၊ ဘင်လာဒင်ရဲ့ အဖွဲ့သားတွေက စနစ်တကျ စီစဉ်ပြီး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပြီး အမေရိကန်တွေကို အတော် သနား သွားခဲ့ကြတယ်၊ အမွှာအဆောက်အဦးကို လေယာဉ် (၂) စီးက (၁၈) မိနစ်ခြား တစ်ကြိမ်စီ တိုက်ခိုက်ခဲ့ပြီး လူပေါင်း (၃ဝဝဝ) လောက် သေဆုံးခဲ့တယ်၊ ပင်တဂွန်စစ်ဌာနချုပ်ကို လေယာဉ်တစ်စီးတိုက်ခဲ့တယ်၊ အိမ်ဖြူတော် ကို တိုက်ခိုက်မယ့်လေယာဉ် အထမမြောက်ခဲ့ဘူး၊

.
အမေရိကန်သမိုင်းအတော်ရိုင်းသွားခဲ့တယ်၊
~~~~~~~~~~~~~~~~~~~~~~~~~~~~
.
လွှတ်တော် (၂) ရပ်လုံးက ကန့်ကွက်မဲမရှိ အကြမ်းဖက်တွေကို နှိမ်နင်းဖို့ သမ္မတ ဂျော့ခ်ျဘုရှ်ကို ထောက်ခံပေးလိုက်တယ်၊ "Shock and Awe" "With or without us" စတဲ့ ကြွေးကြော်သံ ဆောင်ပုဒ် တွေနဲ့ အရှေ့အလယ်ပိုင်းမှာ စစ်မီးကြီး စခဲ့တော့တာပါပဲ၊ အခုဆိုရင် (၁၅) နှစ်ရှိသွားပြီ၊ အရှေ့အလယ်ပိုင်းမှာ စစ်မီးလျှံနေဆဲ၊ အားကောင်းနေဆဲပဲ၊ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေ ပြုတ်ကျသွားပြီး ပြည်တွင်း စစ်တွေ ဖြစ်ကြတော့တာပဲ၊
.
.
ယုတåိတန်မှုရှုထောင့်
~~~~~~~~~~~~~~
ကုန်သွယ်ရေးညီနောင်ကို လေယာဉ်နဲ့စတိုက်တုန်းက ပြည်ပမှာရှိတဲ့ ညီတော်မောင်က ဖုန်းဆက်လို့ TV ကြည့်လိုက်ခဲ့တယ်၊ အမေရိကန်တွေ ]လျှပ်တစ်ပြက်} အတိုက်ခံလိုက်ရတာတွေ၊ လူပေါင်း ]ထောင်} ချီ သေမယ့်အရေးကို စဉ်းစားမိလိုက်တော့ အတော် သနားသွားမိတယ်၊ ပထမတစ်လုံး တိုက်ခိုက်တာကို TV ထဲမှာ ထပ်ခါထပ်ခါပြနေရင်း၊ ဒုတိယတစ်လုံး ထပ်တိုက်ခိုက်ခံရတယ်၊ ကြားမှာ (၁၈) မိနစ်ခြားတယ်၊ အဆောက်အဦး ထဲကလူတွေ ဘဝဂ်ညံတော့တာပဲ။
အမေရိကန်ရဲ့ ကာကွယ်ရေးစနစ်ကို သိထားသူတိုင်း 'ဒုတိယအလုံးကို အတိုက်ခံမလား' ဆိုတာ မေးခွန်းအဖြစ် တွေးလာမိတယ်၊ လေယာဉ်ပျံကို ပစ်ချမလား၊ အဆောက်အဦးကို အတိုက်ခံမလား၊ လေယာဉ်ပျံ ကိုပစ်ချရင် လူ (၂ဝဝ) ကျော်ပဲသေမယ်၊ အဆောက်အဦးကို အတိုက်ခံရင် လူ ]ထောင်} ကျော် ထပ်သေမယ်၊ နောက်ပြီး အမေရိကန်တွေရဲ့ ]ပုံရိပ်} ထိပါးခံရမယ်၊ သိပ်မကြာဘူး အရေးကြီးပြီး လေကြောင်းရန် ကာကွယ်ရေး စနစ်ရှိတဲ့ ]ပင်တ၈ွန်} အတိုက်ခံလိုက်ရပြန်သေးတယ်၊ စိတ်ထဲက သိပ်မသင်္ကာတော့ဘူး၊ "Serial attack" ဆိုတဲ့ ဆက်တိုက် တိုက်ခိုက်ခံရမှုဟာ ]တိုက်ဆိုင်မှုလား} ]တစ်ခုခု အမှားအယွင်းရှိနေသလား} ဆိုပြီး သံသယ အတော်ကြီးလာခဲ့တယ်၊ အင်မတန်ရှုပ်ထွေးပြီးပရိယာယ်များလှတဲ့ အမေရိကန်ရဲ့ နိုင်ငံရေးစနစ်ကို လေ့လာ မိရင်လည်း အဲဒီ အတွေး ဖြစ်လာမိကြမှာအမှန်ပဲ။
အဆောက်အဦးတွေ တိုက်ခိုက်ခံရတဲ့အခါမှာ ဖြစ်ပေါ်တဲ့ ပေါက်ကွဲမှု၊ ရိုးရိုးဖောက်ခွဲမှု၊ စနစ်တကျ ပြင်ဆင်ပြီးဖောက်ခွဲမှု စတဲ့ပုံစံတွေ မတူညီကြပါဘူး၊ မေမြို့ ဗဟိုစစ်အင်ဂျင်နီယာတပ်မှာ သင်တန်းတက်ခဲ့ ရတုန်းက သင်ခဲ့ရဖူးတယ်၊ အဲဒီသင်ခန်းစာတွေကို ပြန်စဉ်းစားမိပြီး၊ WTO ပေါက်ကွဲမှုအပေါ် တစ်မျိုးတစ်မည် ခံစားလိုက်ရတယ်၊ ငယ်ငယ်က ]ရွှေဘ} ကြီး ဇာတ်လမ်းအဆုံးမှာ လူဆိုးတွေကို ]ရေကုန်} ထိုးလို့ရအောင် အစပိုင်းမှာ ]အထိုးခံသွား} တာကိုလည်း ပြန်ပြီး အမှတ်ရလိုက်မိသေးတယ်။
အထူးသဖြင့် 'ဆဒမ်ဟူစိန်' ကိုတိုက်တော့ … ပိုပြီး သဘောပေါက်သွားရပါတော့တယ်။
အမေရိကန် WTO, Pentagon အတိုက်ခံရမှုတွေဟာ ယုတåိတန်ရှုထောင့်က သုံးသပ်ရင် … မေးခွန်းထုတ်စရာ တစ်ပုံတစ်ပင် ဖြစ်လာပါတော့တယ်၊ အမေရိကန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ကမ္ဘာ့ ဘယ်နေရာကိုမဆို မိနစ်ပိုင်းအတွင်းမှာ တုံ့ပြန်ု တိုက်ခိုက်နိုင်ပါတယ်ဆိုတဲ့ Defense System ဟာလည်း မေးခွန်းထုတ်စရာ ဖြစ်လာပြန်ပါတော့တယ်။
.
You Tube ပေါ်ကသဲလွန်စများ
~~~~~~~~~~~~~~~~~~~~
၉/၁၁ နှင့် ပတ်သက်တဲ့ ဗီဒီယိုကလစ်များကို You Tube မှာ ]ရာ} ဂဏန်းနှင့်ချီပြီး တွေ့နိုင်တယ်၊ ရှုထောင့်အသီးသီးက သုံးသပ်ချက်များ၊ နည်းပညာဆိုင်ရာ တွေ့ရှိချက်များ၊ အချို့ CCTV ကင်မရာမှတ်တမ်း များ၊ ကျန်ရစ်ခဲ့သော သဲလွန်စများနဲ့ အဆက်အစပ်များ၊ အတွင်းသတင်းဆိုင်ရာ အချက်အချို့အပေါ် အခြေခံသော ထောက်ပြမှုများမှာ ဖတ်မကုန်၊ မှတ်မကုန်၊ ကြည့်မကုန်လောက်အောင် များပြားလာခဲ့တယ်၊
သို့သော်လည်း ၉/၁၁ နှင့်ပတ်သက်သော ဖြစ်ရပ်ဟာ ခပ်မဆိတ်သာရှိနေဆဲ၊ အမေရိကန် နိုင်ငံရေး စနစ်၊ ဗျူရိုကရေစီယန္တရား လည်ပတ်ပုံ၊ သမ္မတများရဲ့ လျှို့ဝှက်ချက်များ စသည်တို့ရဲ့ အကန့်လိုက်များဟာ လွန်စွာ လျှို့ဝှက်ဆန်းဆန်းပြားပြားရှိလှချေတာကို သိသူတို့က သိရှိလာခဲ့ကြရတော့တယ်။
ပြန်လည်စစ်ဆေးပြီး ဖြစ်ရပ်အမှန်ကို ထုတ်ဖော်နိုင်မယ်ဆိုရင် မူလအများသိထားတဲ့ ဇာတ်လမ်းနဲ့ ကွဲပြားခြားနားနိုင်တယ်လို့ ယူဆဖွယ်ရာရှိတယ်၊ ရုရှားသမ္မတ ပူတင်ကလည်း ၉/၁၁ နဲ့ပတ်သက်တဲ့ ကြံစည်မှု ဆိုင်ရာကို သိထားပါတယ်လို့ဆိုခဲ့ရာ …
.
ပြန်စစ်ဆေးပေးပါ
~~~~~~~~~~~~
Bob Graham ဟာ လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌ (Chair of the Senate Select Committee on Intelligence) အဖြစ် (၁ဝ) နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၉/၁၁ အရေးအခင်းနဲ့ ပတ်သက်ပြီး သမ္မတဟောင်း ဂျော့ခ်ျဘုရှ်၊ ဒုတိယသမ္မတ ဒစ်ချေနီတို့ကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ တယ်၊
လောလောဆယ်တော့ ]တစ်နွယ်ငင်၊ တစ်စင်ပါ} အဖြစ် ၉/၁၁ မှာ ဆော်ဒီနိုင်ငံ ပါဝင်ပတ်သက်မှု ရှိနေတယ်ဆိုပြီး ဖြစ်လာခဲ့ပါပြီ၊ သမ္မတဘုရှ် ဖုံးကွယ်ထားမှု၊ ဆော်ဒီပါဝင်မှုတွေကို ပြည်သူတွေ အမှန်အတိုင်း သိသင့်တယ်ဆိုပြီး ဖြစ်လာခဲ့တယ်၊
၉/၁၁ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပညာရပ်ဆိုင်ရာအသီးသီးက ပညာရှင်တွေ စုပေါင်းပြီး ထောက်ပြ ခဲ့တာတွေဟာ အတော်လေး ငြင်းဆိုဖို့ခက်ခဲလှတာ တွေ့လာရပြန်တယ်၊ အချို့ကိုပြောရမယ်ဆိုရင် …
( ၁ ) WTO ပထမ အဆောက်အဦးနဲ့ ဒုတိယ အဆောက်အဦး အတိုက်ခံရမှုကြားမှာ (၁၈) မိနစ် ကွာနေ တယ်၊ ဘာကြောင့် လေယာဉ်ကို မပစ်ချနိုင်ရတာလဲ၊
( ၂ ) လေယာဉ်ပျံ အဆောက်အဦးထဲဦးစိုက်မဝင်ခင် အဆောက်အဦးအတွင်းမှာ ပေါက်ကွဲမှုကြီးတစ်ခု ချိန်ကိုက် ဖြစ်ပွားခဲ့၊
( ၃ ) တောင်ဘက်အဆောက်အဦး ပြိုမကျခင် (၇) မိနစ်အလိုမှာ မီးလောင်နေတဲ့ သံရည်ပူတွေ အပြင်ဘက် ထွက်ကျလာခဲ့၊
( ၄ ) ပင်တဂွန်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးစနစ်ဆိုင်ရာ အချက်အလက်များ ထွက်ပေါ်လာခဲ့ခြင်းမရှိ၊
( ၅ ) လေယာဉ်ဝင်တိုက်ချိန်မှာ ]သံမဏိယက်မ} ကြီးများ ပေ (၃ဝဝ) အကွာအဝေးအထိ လွင့်ထွက်သွား တာဟာ အတွင်းဖောက်ခွဲအားကြောင့်ဖြစ်တယ်လို့ ယူဆတွက်ချက်ပြခဲ့ကြ၊
( ၆ ) ဂျက်လေယာဉ်ဆီ လောင်ကျွမ်းမှုကြောင့် ဖြစ်လာတဲ့အပူရှိန်က (၁၅ဝဝ°C) ဖြစ်ပြီး သံမဏိတွေ အရည် ပျော်ဖို့ (၂၇၅ဝ°C) လိုအပ်၊ (သံမဏိ ရက်မကြီးများအရည်ပျော်ခဲ့)
( ၇ ) ဓာတ်ပုံမှတ်တမ်းအရ အဆောက်အဦးထိပ်ပိုင်းကို လေယာဉ် တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး၊ အဆောက် အဦး အလယ်ပိုင်းတွင် ပြင်ပသို့ကန်ထွက်လာသော ပေါက်ကွဲမှုဓာတ်ပုံ၊
( ၈ ) လေယာဉ်ထိတွေ့ခဲ့သော အထပ်များအပြင် အခြားအထပ်များရှိ သံမဏိ သံဘောင်ကြီးများ ပေ (၃ဝဝ) အထိ အပိုင်းအစများအဖြစ် လွင့်စင်ခြင်းမှာ အတွင်းဘက် အထပ်တိုင်း ဖောက်ခွဲမှုကြောင့်ဟု သုံးသပ်၊
( ၉ ) ပင်တဂွန် တိုက်ခိုက်ခံရမှုတွင် လုံခြုံရေးကင်မရာ ]ရာ} ပေါင်းများစွာ တပ်ဆင်ထားပါသော်လည်း ကြည်လင်ပြတ်သားသောပုံရိပ်များ တစ်ခုမှထွက်ပေါ်မလာခဲ့ခြင်း၊
(၁ဝ) ကြီးမားသော သံတိုင်ကြီးများ၊ ရက်မကြီးများမှာ ထောင့်ဖြတ် ပြတ်နေခြင်း၊
(၁၁) ပင်တဂွန်ရှိ လျှို့ဝှက်စာရွက်စာတမ်းများ သိမ်းဆည်းထားသောနေရာကို လေယာဉ်က တည့်တည့် ဝင်တိုက်ခြင်းမှာ တိုက်ဆိုင်မှုလော၊
(၁၂) ဘိုးရင်း (၇၆၇) ၏ ကိုယ်ထည်အထူသည် (½) လက်မသာထူပြီး၊ သိပ်သည်းဆမှာ 2700 kg/m3 ဖြစ်ကာ WTO အဆောက်အဦးမှာ (2') အထူ၊ သိပ်သည်းဆ 8030 kg/m3 ဖြစ်နေသဖြင့် အခြား တစ်ဖက် အဆောက်အဦးအတွင်း ပေါက်ကွဲလွင့်စင်မှုမှာ အတွင်းမှ စနစ်တကျ ဖောက်ခွဲမှုကြောင့် ဟူသောသဲလွန်စကို ဖြစ်ပေါ်စေ၊
သတåုပညာရှင်များ၊ ဖောက်ခွဲရေးပညာရှင်များ၊ အင်ဂျင်နီယာများ၊ လုံခြုံရေးပညာရှင်များ၊ ကာကွယ်ရေးပညာရှင်များက ၉/၁၁ ဖြစ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့ရဲ့ ပညာရပ်ဆိုင်ရာ သုံးသပ်ချက်များအရ ထောက်ပြစရာများ ရှိနေပါတယ်ဟု ဆိုလာခဲ့ကြတာဟာ သံသယဖြစ်စရာ ဖြစ်လာခဲ့တယ်။
ဆီနိတ်တာတစ်ဦးဖြစ်တဲ့ Ted Cruz ကလည်း မကြာသေးသော ရက်ပိုင်းအတွင်းကပဲ ၉/၁၁ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြန်လည်စစ်ဆေး ဖော်ထုတ်သင့်ကြောင်း၊ ဆော်ဒီနဲ့ပတ်သက်တဲ့ကိစ္စအပါအဝင် အမှုမှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ရမယ်လို့ ဆိုလာခဲ့တယ်၊
အလည်လွန်တဲ့ 'ဘီး' လား
~~~~~~~~~~~~~~~~~
အမေရိကန်တွေဟာ သူများတွေထက် ပိုစဉ်းစားကြတာကတော့ အသေအချာပါပဲ၊ ဂျွန်အက်ဖ် ကနေဒီရေးတဲ့ "1000 days in White House" လိုမျိုးမှာတောင် အမေရိကန်ရဲ့အကျိုးစီးပွားကို သမ္မတ အဆက်ဆက် ဘယ်လိုကာကွယ်ထိန်းသိမ်းရမလဲဆိုတဲ့ မဟာဗျူဟာအယူအဆတွေကို တွေ့နိုင်ပါလိမ့်မယ်။
အမေရိကန်ရဲ့ အကျိုးစီးပွားဆိုရင် “ဘယ်သူသေသေ၊ ငတေမာဖို့ပဲလိုတယ်” ဆိုတဲ့ လက်သုံးစကား ကို အမှန်တကယ် လက်ကိုင်ထားသူတွေပါ၊ ဒါကြောင့်လဲ "The enemy of the enemy is our friend" ဆိုတဲ့ “ရန်သူရဲ့ရန်သူဟာ ငါတို့မိတ်ဆွေ” ဆိုတာမျိုး လုပ်ခဲ့တယ်၊ "Proxy War" ဆိုတဲ့ ကြားခံစစ်တလင်းကိုလည်း သူတို့အကျိုးစီးပွားအတွက် ဘယ်နိုင်ငံ ဘယ်လူမျိုးပျက်ပျက်၊ ရက်ရက်စက်စက်လုပ်ခဲ့တာလည်း အမေရိကန် မဟာဗျူဟာပါပဲ။ ဒါဟာ သူများအတွက် ဘယ်လောက် ကောင်းကောင်း/မကောင်းကောင်း၊ အမေရိကန် အကျိုးစီးပွားပေါ် အခြေခံထားတာဖြစ်လို့ သူတို့ရှုထောင့်ကဆိုရင်တော့ ကောင်းနေတာ တွေ့ရပါလိမ့်မယ်၊
အမေရိကန်သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်တဲ့အတွက် တန်ခိုးဩဇာ ကြီးမားတာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ အိမ်ဖြူတော်ကိုလည်ပတ်တဲ့ ဗျူရိုကရေစီယန္တရားတစ်ခုလုံးက သမ္မတကို ပြန်ပြီးထိန်းချုပ် ထားတယ်၊ သမ္မတတစ်ဦးဦးဟာ တစ်ခါတစ်ရံမှာ အမေရိကန်အကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တာကို ကာကွယ်ပေးထားဖို့ပါ၊ CIA ဟာ သမ္မတလက်အောက်ကဆိုတာ မှန်ပေမယ့် CIA လည်ပတ်ပုံ က အမေရိကန်အကျိုးစီးပွားသာ ပဓာနပဲ၊ သမ္မတကို သိသင့်တာပဲ တင်ပြတယ်၊ FBI နဲ့ CIA ကြားမှာ ထိန်းည§ိမှုတွေရှိနေတယ်၊ FBI ၊ CIA ၊ သမ္မတ၊ အိမ်ဖြူတော်၊ ပင်တဂွန်ကြားမှာ ဟန်ချက်တွေ ချထားတယ်၊ သာမန်အမြင် မှာ သမ္မတနဲ့လွှတ်တော်ကြားပဲ ထိန်းည§ိမှုကို မြင်ကြရမှာ၊
စာရေးသူရဲ့ လေ့လာမှုတွေအရတော့ ဆက်စပ်မိတာက အမေရိကန်ဟာ ကွန်မြူနစ်ရန်ကို အဲဒီအချိန် မှာ အစိုးရိမ်ရဆုံး၊ ဒါကြောင့် ကွန်မြူနစ်ပြိုကွဲရေးက သူတို့ရဲ့ ပထမဦးစားပေး၊ ကွန်မြူနစ်ပြိုကွဲပြီး ရေနံထွက် နိုင်ငံတွေ ချမ်းသာလာခဲ့ကြတယ်၊ နည်းပညာအမျိုးမျိုးနဲ့ သူတို့ဆီကငွေတွေကို ရသလောက် ပြန်ယူခဲ့တယ်၊ ဒါတောင်မှ ဆက်ပြီးချမ်းသာလာကြတုန်းပဲ၊ Wall Street ကို တစ်ချိန်ထဲ ယိုင်လဲသွားအောင် ထိုးနှက်နိုင်တဲ့ ငွေကြေးပမာဏမျိုးအထိ တစ်ဖက်က စုဆောင်းမိထားတယ်၊ နောက်ပြီး ခရစ်ယာန်နဲ့ သမိုင်းရှိခဲ့ဖူးတဲ့ မွတ်စလင် ကမ္ဘာ ဖြစ်နေပြန်တယ်၊ လူဦးရေတိုးပွားမှု အလွန်မြန်ဆန်ပြီး ငွေကြေးဓနခိုင်မာလာတဲ့ အရှေ့အလယ်ပိုင်းဟာ ကွန်မြူနစ်အပြီးမှာ အမေရိကန် အစိုးရိမ်ရဆုံးပြဿနာ ဖြစ်လာခဲ့ပြန်တယ်၊ ဒါကြောင့် မူလကတည်းက ရှိထားနှင့် ပြီးဖြစ်တဲ့ ]ဆွန်နီ-ရှီးအိုက်} ကိုအခြေခံပြီး အကြမ်းဖက်နဲ့ မွှေခိုင်းလိုက်တော့ အရှေ့အလယ်ပိုင်း စစ်မီးတောက် လာခဲ့တယ်၊ စစ်ကြောင့် ပျက်စီးပြီး စီးပွားရေးကျမယ်၊ စစ်ကြောင့် လူမျိုးအင်အား နည်းသွားတယ်၊ လူဦးရေ ကျဆင်းလာမယ်၊
ဒါပေမဲ့ ကွန်မြူနစ်ဖြိုခွဲတုန်းကလို ထင်သလောက် ခရီးအဆုံးအထိ အမေရိကန်တွေ လျှောက်နိုင်ခဲ့ ဟန်မတူဘူး၊ မဟာမိတ် တူရကီက ပူတင်နဲ့ပေါင်းသွားပြီး၊ မဟာမိတ် ဖိလစ်ပိုင်ကလည်း အမေရိကန်ကို ခွာစစ်-ဆင်လိုက်ခဲ့ပြန်တယ်၊ အရှေ့ဥရောပရော၊ အနောက်ဥရောပရောမှာ အမျိုးမျိုးသောနည်းလမ်းတွေနဲ့ ဝင်နေတဲ့ အစွန်းရောက်အစ္စလာမ်တွေ အကြမ်းဖက်မှုတွေလုပ်လာတာ ခပ်စိပ်စိပ်ဖြစ်နေပြီး၊ အစ္စလာမ်ဦးရေ တိုးပွားမှုက မူလ လူမျိုးဘာသာကို အကြီးအကျယ် ခြိမ်းခြောက်နေခဲ့ပြီ၊ ကမ္ဘာ့စီးပွားရေးကလည်း အကောင်းကြီး မဟုတ် သေးဘူး၊ တချို့ပညာရှင်တွေ ခန့်မှန်းထား၊ သုံးသပ်တာကတော့ ဥရောပဟာ နောက်ဆုံး ခံစစ်စည်းအထိ ရောက်နေပြီဖြစ်လို့၊ ကွန်မြူနစ်တွေနဲ့တုန်းက ]စစ်အေး} နဲ့ အပြီးသတ်နိုင်ခဲ့ပေမယ့် အခုတကြိမ်မှာတော့ လူဦးရေအရ၊ ဘာသာရေး အရ ခြိမ်းခြောက်လာမှုမှာတော့ ]စစ်ပူ} နဲ့ ရင်ဆိုင်ရမယ့်အခြေအနေ ရောက်လာ ခဲ့ပြီလို့ ဆိုလာပါတယ်၊
၉/၁၁ ဖြစ်ရပ်ဟာ အရှေ့အလယ်ပိုင်းစစ်ပွဲတွေ ဆင်နွှဲနိုင်အောင်လို့ ဖန်တီးတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့မယ် ဆိုရင်တောင် သမိုင်းတစ်ခု၊ မှတ်တမ်းဖြစ်ရပ်တစ်ခု ဖြစ်သွားတာကလွဲလို့ အရှေ့အလယ်ပိုင်းမှာ လိုချင်တဲ့ရလဒ် မထွက်နိုင်သေးတဲ့အတွက် ဗေဒင်ဆရာအတွက်မှားတဲ့ ]နက္ခတ်အမှား} တစ်ခုပါလို့ ထောက်ပြသူတွေလည်း ရှိလာ နေတာ တွေ့လာရပါပြီ၊ လည်လွန်းတဲ့ဘီး မှန်ပေမယ့် ခရီးမရောက်ဘဲ၊ ဆူးတောရောက်နေတဲ့ ဘီးတစ်ခု၊ ဝင်ရိုး ပြတ်သွားနိုင်တဲ့ ဘီးတစ်ဘီး ဖြစ်လာနေပြီလို့ သုံးသပ်နေသူတွေလည်း ရှိလာပြီဖြစ်ပါကြောင်း။

 Nay Zin Latt
 နေဇင်လတ်
၂၂-၉-၂ဝ၁၆ (၁၇၆၆)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>