အမေ..
အဝေးရဲ့ တစ်နယ်မှာ သားငယ်တစ်ယောက်
အဆွေးသောက ဒဏ်ချက်တွေ
ခံရတဲ့ရက်တွေမှာ မပြေလည်တဲ့
ဘ၀ရဲ့ အခက်ခဲ့တွေ ကြော်ဖြတ်ချင်တဲ့
စိတ်ဆန္ဒ အေးစက်ခါ တွေဝေမိတယ်
အမေ..
တွေဝေနေတဲ့ သားငယ်ရင်
အားအင်ဖြစ် အမေ့ရင်ခွင်
တစ်ခါလောက်ဖြစ် ခိုဝင်ချင်တယ်
အမေ..
စိုပြေနေတဲ့ အမေ့ရဲ့ မေတ္တာနန်း
ပန်းလှတဲ့ သားငယ်စိတ်
လှမ်းရမဲ့ ဘ၀လမ်း ကြမ်းတမ်းခြင်းအတွက်
တက်ကြွတဲ့ ခြေလှမ်းအစုံနဲ့ လှမ်းတက်ချင်လို
ခမ်းနားလှတဲ့ အမေ့ရဲ့နန်း တစ်မှေးလောက်ဖြင့်
အိပ်စက်ခွင့်ကြုံချင်တယ်
အမေ...
ငိုရင်မှာ တောင်းတပေမဲ့ အကြောင်းမလှတဲ့
ဘ၀ရဲ့ ကံက အမေနဲ့အဝေးကို
သားငယ်ကို လွင့်စေတယ်
အမေ...
ခြေဖြတ်လိုမရတဲ့ ဘ၀ရဲ့အမောတွေ
ပြေပျက်စေဖို့ အမေ့ရဲ့
နားဝင်ပီယံရှိလှတဲ့ စကား သားငယ်နားမှာ
တစ်ခါလောက်တော့ ကြားချင်တယ်
အမေ...
နွှမ်းရင်မှာ မလန်းလှလို့
အဝေးနယ်က အမေကို ဦခိုက်ရင်း
တမ်းတစဲ လွမ်းလို့နေစဲပါ..
အမေ...
ကျန်းမာပါစေ..........လေးစားလျှက်ပါဗျာ.....(7)(7)(2013)nk.....
No comments:
Post a Comment