လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

စတော့ရှယ်ယာအမျိုးအစား(3) မျိုး

Posted by HTI AUNG


စတာ့ကို ရင်းနှီးမြုပ်နှံမှူ လုပ်၇ာမှာ ကိုယ်ရင်းနှီးမြုပ်နှံမှူပြုလုပ်တဲ့ စတော့အမျိုးအစားကို သိဖို့ ဆိုတာအရေးကြီးပါတယ်။ စတော့ အမျိုးအစား(3) မျိုးရှိပါတယ်။
1.income stocks လို့ ခေါ်တဲ့ ပုံမှန်ဝင်ငွေ စတော့
2.Growth Stocks လို့ ခေါ်တဲ့ တိုးပွားနန်း စတော့
3.value stocks လို့ ခေါ်တဲ့ ဈေးနှီမ် စတော့ တို့ ဖြစ်ပါတယ်။

1.Income Stocks ( ပုံမှန်ဝင်ငွေ စတော့)
အများပိုင် ကုမ္မဏီအများစု က နှစ်စဉ် စာရင်းချုပ်ပြီး အမြတ်အရှူံး စာရင်း၊ ငွေဝင် ငွေထွက် စာရင်း တို့ ကို ပြည်သူ ကို ထုတ်ပြန်ကြေငြာ ရပါတယ်။ ကုမ္မဏီ အနေ နဲ့ ရလာတဲ့ အမြတ်ငွေကို ကုမ္မဏီ ရဲ့ လုပ်ငန်း မှာ ပြန်လည် ရင်းနှီးမြုပ်နှံ နိုင်သလို ရှယ်ယာပိုင်ရှင် တွေကို အမြတ်ငွေ ခွဲဝေပေးနိုင်ပါတယ်။ ကုမ္မဏီ ငယ်အများစု က ရရှိလာတဲ့ အမြတ်ငွေကို များသောအားဖြင့် ပြန်လည် မြုပ်နှံ လို တဲ့ အတွက် ခွဲဝေပေးလေ့မရှိပေမယ့် ကုမ္မဏီ ကြီးအများစု ကတော့ သူ့ ရဲ့ ရှယ်ယာပိုင်ရှင်တွေထံ အချိုးကျ ခွဲဝေပေးပါတယ်။ အဲဒီ ခွဲဝေပေးတဲ့ ငွေ ကို Dividend ခွဲဝေငွေ လို့ ခေါ်ပါတယ်။ အောက်ပါပုံ ကတော့ ကုမ္မဏီ ကြီးတစ်ခုဖြစ်တဲ့ Cocacola ကိုကာကိုလာ ကုမ္မဏီ ရဲ့ စတော့ရှယ်ယာ တန်ဖိုးပြ ပုံဖြစ်ပါတယ်


ပုံမှန်ဝင်ငွေရရှိလိုတဲ့ ရင်းနှီးမျြပ်ျနှံမှူ စီးပွားရေးလုပ်ငန်းရှင်များက ဒီလိုပုံမှန်ဝင်ငွေပေးတဲ့ စတော့ရှယ်ယာမျိုးဝယ်ထားလေ့ရှိပါတယ်။ ဘယ်လောက် ရာခိုင်နန်းရသလဲ ဆိုတာကတော့ သင့် ရဲ့ ရွေးချယ်မှူအပေါ်မှာမူတည်ပြီး 4% က နေ 10% ထိရှိနိုင်ပါတယ်။ ရေနံကုမ္မဏီ ကြီးတစ်ခုဖြစ်တဲ့ ကနေဒီရန်ပိုင် ERF စတော့ ဆိုရင် 10% နီးပါးလောက် Dividend ပေးပြီး ထူးခြားတာကတော့ သူက လစဉ် အမြတ်ငွေခွဲဝေပေးခြင်းပါ။ ဒီ ပုံမှန်ဝင်ငွေ စတော့ များ အကြောင်း ကို ကျွန်တော် နောက်ပိုင်း မှာ အကျယ်ရှင်းပြပြီး ဒီလို စတော့မျိုးဝယ်ထားယုံ နဲ့ ဘာမှ လုပ်စရာမလို ပဲ ဘယ်လို ပုံမှန်ဝင်ငွေရရှိအောင် လုပ်မလဲ ဆိုတာ ကို ရေးပြီး ဖော်ပြပေးပါ့မယ်။

2.Growth Stocks တိုးပွားနန်း စတော့
ဒီစတော့ မျိုးကတော့ ကိုယ်ဝယ်ထားတဲ့ အရင်းအပေါ်မှာ အမြတ်ငွေ ရရှိစေပါတယ်။ ရင်းနှီးမြုပ်နှံသူအများစုက ဒီလို စတော့ မျိုးကို ရှာပြီး ၀ယ်ယူရင်း နှီးလေ့ရှိပါတယ်။ ဘာလို့ လဲဆိုတော့ စတော့အမျိုးအစာ သုံးမျိုးရှိရာအနက်မှာ ဒီအမျိုးအစားက အမြတ်ငွေ အများဆုံးပေးလေ့ရှိလို့ ပါ။ ဒီလို စတော့ကို ၀ယ်ထားယုံနဲ့ အမြတ်ငွေ ဘယ်လို ရသလဲ ဆိုတော့ ကိုယ်ဝယ်ထားတဲ့ စတော့ ကဈေးတက်လာလို့ ပါပဲ ။ ကိုယ်ဝယ်တုန်းက ဥပမာ $6 ဆိုပါစို့ ။ ကိုယ်က အစုရှယ်ယာပေါင်း 500 ခု ၀ယ်လိုက်တယ်ဆိုပါစို့ ။ နောက် 3လ လောက်ကြာတော့ ကိုယ်ဝယ်ထားတဲ့ စတော့ က 6 ကျပ်ကနေ $12 ကျပ်ထိဈေးတက်သွားတယ်ဆိုရင် ကိုယ်ပိုင်ဆိုင်တဲ့ ရှယ်ရာပေါင်း 500 ကို သာပြန်ရောင်းလိုက်မယ် ဆိုရင် ကိုယ်မြုပ်နှံထားတဲ့ ငွေပမာဏရဲ့ နှစ်ဆ ပြန်ရမှာပေါ့။ ကိုယ် က ငွေ သိန်း 300 နဲ့ စတယ် ဆိုရင် လပိုင်းအတွင်း ဘာမှ သိပ်လုပ်စရာမလိုပဲ  ငွေ သိန်း 600 ရမယ် ဆိုတဲ့ သဘောပေါ့။ ဒီ လိုရဖို့ ဆိုတာ ကျွန်တော် ဥပမာပြသလောက် မလွယ်ပေမယ့်  ဖြစ်နိင်ချေအတွင်းမှာရှိပါတယ်။ ကျွန်တော် ကိုယ်တိုင်က မလုပ်နိင်သေးပေမယ့် ကျွန်တော့မိတ်ဆွေ တစ်ဦး ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကတော့ ကျွန်တော့ရှေ့ မှာတင်လုပ်ပြသွားခဲ့ ပါတယ်။

3.Value Stocks ဈေးနိမ်စတော့
ဒီစတော့ မျိုးကို ကျွန်တော် ကဈေးနိမ်စတော့လို့ ကျွန်တော် ခေါ်တာ ဘယ်လို ဘာသာပြန်ရမှန်းမသိလို့ ပါ။ အမှန်တကယ်တော့ ဈေးနှိမ်တာမဟုတ်ပါဘူး။ ပေါချောင်ကောင်း စတော့ မျိုးကို ပြောတာပါ။ ဒါပေမယ့် ပေါချောင်ကောင်း စတော့ ဆိုတာ နာမည် မကောင်းလို့ ကျွန်တော်က ဈေးနှိမ်စတော့ လို့ ခေါ်လိုက်တာပါ။ ဒီလိုစတော့မျိုးဟာ ဈေးကွက်ထဲမှာ ရှိနေတတ်ပါတယ်။

ဥပမာ  ပုံမှာပြထားတဲ့ Disney ဒစ်စနေး စတော့ ဟာဆိုလို့ ရှိရင်  အောက်တိုဘာလ တုန်းက $ 32 ကျပ်ရှိပြီး သူ့ ရဲ့ အမှန်တကယ် တန်ဖိုးရှိသင့် တာ က $ 42 ကျော်လောက်ရှိသင့် တာပါ။ အောက်တိုဘာလတုန်းက ဈေး ကျသွားတယ် ဆိုတာ အမေရိကန်နိင်ငံ ရဲ့ စီးပွားရေး အခက်အခဲ သတင်းတွေကြောင့် လက်တလော ကျဆင်းသွားတဲ့ သဘောပါ။ အဲဒီအချက်ကိုသိတဲ့ သူဟာ ဒီလပိုင်းအတွင်းမှာ ပဲ 30% အမြတ်ငွေ ကို လပိုင်းအတွင်း ရှာပေးနိင်ပါတယ်။ သိန်း100 ဖိုးဝယ်ထားရင် သိန်း 30အမြတ်ပြန်ရမယ် ဆိုတဲ့ သဘောပေါ့။ ဒီအချက်ကိုသိဖို့ ကျွန်တော်တို့ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစီစစ် ဒီကုမ္မဏီ ကို အသေးစိတ် သုတေသန ပြုလုပ်ရပါတယ်။ ဒီလို လုပ်ဖို့ နည်းပညာပိုင်းအချက်အလက်တွေကို ကျွန်တော် ဒီနေရာမှာ စာဖတ်သူ လေးမှာ စိုးတဲ့ အတွက်ကြောင့် ချန်လှပ်ထားပါတယ်။ နောက်ပိုင်းနည်းပညာပိုင်းဆိုင်ရာ ဆောင်းပါးမှာ စိတ်ဝင်စားသူများအတွက် ကျွန်တော် အသေးစိတ်ဖော်ပြပေးပါ့မယ်။ ဒီဆောင်းပါး ကို ရေးတဲ့ ကျွန်တော့ ရဲ့ ရည်ရွယ် ချက် ကတော့ စာဖတ်သူ အချက်သုံး ချက်ကို သိစေချင် လို့ ပါ။ အဲဒါကတော့ စတော့ ရှယ်ယာမှာ Income stock, growth stock, value stock ဆိုတဲ့ စတော့ သုံးမျိုးရှိကြောင်းသိစေချင်လို့ ပါ၊ အဲဒီအချက် ကိုဒီစာဖတ်ပြိး သိပြီ ခွဲခြားတတ်ပြီ ဆိုရင်တော့ကျွန်တော့ ရည်ရွယ်ချက်ပြီးမြောက်ပြီ ဖြစ်ပါကြောင်း ။    ။
အသိဥာဏ်ပညာနှင့် ပြည့် စုံ၍ အောင်မြင်ကြီးပွားစီးပွားလမ်းဖြောင့် ကြပါစေ။
ထိအောင်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>