လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဆေးလောက ဖြစ်ရပ်မှန် ငါးရပ်



Photo: ဆေးလောက ဖြစ်ရပ်မှန် ငါးရပ်
Sunday, November 17, 2013

ဖြစ်ရပ်မှန်(၁)။ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်စေတယ်။

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်စေကြောင်း ၁၉၃၉ ခုနှစ်များ ကတည်းက တွေ့ရှိထားခဲ့ကြတယ်။ ဒါပေမဲ့ ဆရာဝန်အများစုနဲ့ ဆေးလိပ် ကုမ္ပဏီများက လက်မခံခဲ့ကြဘဲ ၁၉၆ဝ ပြည့်နှစ်ရောက်မှ လေထုညစ်ညမ်းမှုကြောင့် ကင်ဆာဖြစ်ပွားတတ်ကြောင်း တွေ့ရှိခဲ့တဲ့ အတွက် ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်စေကြောင်း အားလုံး လက်ခံလာကြတာ ဖြစ်တယ်။

ဖြစ်ရပ်မှန်(၂)။ ဗက်တီးရီးယားကြောင့် အစာအိမ်အနာ ဖြစ်စေတယ်။

သြစတြေးလျ သမားတော်များဖြစ်တဲ့ ဒေါက်တာ ရော်ဘင်ဝါရင်နဲ့ ဒေါက်တာ ဘာရီမာရှဲတို့ဟာ အစာအိမ်အနာနဲ့ ဟယ်လီကိုဘက်တာ ပိုလိုရီ ဆက်စပ်မှုရှိကြောင်း ၁၉၈၂ ခုနှစ်ကတည်းက တွေ့ရှိထားခဲ့တယ်။ ဒါပေမဲ့ ဆေးပညာရပ်ဝန်း က စိတ်ဖိစီးမှု၊ အစားအစာနဲ့ အစာအိမ် အချဉ်ဓာတ်များလို့ ဖြစ်တာကိုပဲ လက်ခံ ကုသပေးနေကြတယ်။ ၁၉၉ဝ ပြည့်နှစ် ၎င်းတို့နှစ်ဦး ဆေးပညာဆိုင်ရာ နိုဘယ်လ် ဆုရပြီးနောက်ပိုင်းကျမှသာ အိပ်ခ်ျပိုင်လိုရီ ရောဂါပိုးကြောင့် အစာအိမ်အနာ၊ အစာအိမ်ကင်ဆာ ဖြစ်ကြောင်း လက်ခံကာ ဆေးညွှန်း ပေးခဲ့ကြတယ်။

ဖြစ်ရပ်မှန်(၃)။ အက်စပရင်ဟာ နှလုံးရုတ်တရက် တိုက်ခိုက်ခြင်းကို နည်းစေတယ်။

အမေရိကန် ကယ်လီဖိုးနီးယား သမားတော်လော့ရင့် ကလေဗန်က အက်စပရင်ဟာ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရမှုကို နည်းစေကြောင်း ၁၉၅ဝ ပြည့်နှစ်များဆီက တွေရှိခဲ့တယ်။ အဲဒီအဆိုဟာ နှစ်ပေါင်း ၄ဝ ကျော်ကြာ နှစ်ဆယ်ရာစု ဝင်ခါနီးမှသာ နှလုံးထိန်းချုပ်ရေး စင်တာမှ အက်စပရင်စားဆေးကို နေ့စဉ် တစ်လုံးစားပေးရင် နှလုံးတိုက်ခိုက် ခံရမှု နည်းစေတယ်လို့ ဆေးအညွှန်း ပေးလာကြတာမို့ သိပ်မကြာသေးဘူး ဆိုရပါမယ်။

ဖြစ်ရပ်မှန်(၄)။ X-ray ရောင်ခြည်ဟာ လူကိုအန္တရာယ်ဖြစ်စေတယ်။

X-ray ဓာတ်မှန်ရိုက်ရင် X-ray ရောင်ခြည်က လူကိုကင်ဆာ ဖြစ်စေတယ်လို့ ၁၉၁၁ ခုနှစ်များကတည်းက ပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ လက်မခံခဲ့ဘဲ လူသားတို့ ကုန်ပစ္စည်း ရှာဖွေရေးတွေနဲ့ လူဝင်၊ လူထွက်တွေ လက်နက်ခဲယမ်း ရှာဖွေတဲ့နေရာတွေမှာ အတားအဆီးမဲ့ သုံးခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်ရောက်မှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ဓာတ်မှန် အကြိမ်ကြိမ် ရိုက်ခဲ့ရာ သွေးကင်ဆာ ဆန်ဆန် ဖြစ်ပွားကြောင်း တွေ့ရှိရတဲ့ အခါမှသာ ဓာတ်မှန်ရိုက်ရင် အဖုံး၊ အကာအကွယ်များနဲ့ ရောင်ခြည်သင့်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင် လာကြတာတွေ့ရသလို မလိုအပ်ဘဲ ဓာတ်မှန်ရိုက်ခြင်းကို ဆန့်ကျင်လာကြတယ်။

ဖြစ်ရပ်မှန်(၅)။ ပယ်ပယ်လိုမား ဗိုင်းရပ်စ်ကြောင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွား ရတယ်။

ဂျာမန်ဗိုင်းရပ်စ် ပညာရှင် ဒေါက်တာဟာရပ် ဖူဟန်ဆန်က အိပ်ခ်ျပီဗွီကြောင့် သားအိမ်ခေါင်း ကင်ဆာဖြစ်စေကြောင်း ၁၉၇ဝ ပြည့်နှစ် များဆီကတည်းက ပြောခဲ့တယ်။ ဒါပေမဲ့ ၂ဝဝ၈ ခုနှစ် ဆေးပညာနိုဘယ်လ်ဆု ချီးမြှင့်ပြီးမှသာ အိပ်ခ်ျပီဗွီ ဗိုင်းရပ်စ်ဟာ သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေကြောင်း ပြောဆိုလာကြတာ၊ ကင်ဆာ မဖြစ်အောင် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးများ ထိုးလာခဲ့ကြတာ ဖြစ်တယ်။


မြ၀တီ
ဖြစ်ရပ်မှန်(၁)။ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်စေတယ်။
ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်စေကြောင်း ၁၉၃၉ ခုနှစ်များ ကတည်းက တွေ့ရှိထား ခဲ့ကြတယ်။ ဒါပေမဲ့ ဆရာဝန်အများစုနဲ့ ဆေးလိပ် ကုမ္ပဏီများက လက်မခံခဲ့ကြဘဲ ၁၉၆ဝ ပြည့်နှစ်ရောက်မှ လေထုညစ်ညမ်းမှုကြောင့် ကင်ဆာဖြစ်ပွားတတ်ကြောင်း တွေ့ရှိခဲ့တဲ့ အတွက် ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်စေကြောင်း အားလုံး လက်ခံလာကြတာ ဖြစ်တယ်။
ဖြစ်ရပ်မှန်(၂)။ ဗက်တီးရီးယားကြောင့် အစာအိမ်အနာ ဖြစ်စေတယ်။
သြစတြေးလျ သမားတော်များဖြစ်တဲ့ ဒေါက်တာ ရော်ဘင်ဝါရင်နဲ့ ဒေါက်တာ ဘာရီမာရှဲတို့ဟာ အစာအိမ် အနာနဲ့ ဟယ်လီကိုဘက်တာ ပိုလိုရီ ဆက်စပ်မှုရှိကြောင်း ၁၉၈၂ ခုနှစ်ကတည်းက တွေ့ရှိထားခဲ့တယ်။ ဒါပေမဲ့ ဆေးပညာရပ်ဝန်း က စိတ်ဖိစီးမှု၊ အစားအစာနဲ့ အစာအိမ် အချဉ်ဓာတ်များလို့ ဖြစ်တာကိုပဲ လက်ခံ ကုသပေးနေကြတယ်။ ၁၉၉ဝ ပြည့်နှစ် ၎င်းတို့နှစ်ဦး ဆေးပညာဆိုင်ရာ နိုဘယ်လ် ဆုရပြီးနောက်ပိုင်း ကျမှသာ အိပ်ခ်ျပိုင်လိုရီ ရောဂါပိုးကြောင့် အစာအိမ်အနာ၊ အစာအိမ်ကင်ဆာ ဖြစ်ကြောင်း လက်ခံကာ ဆေးညွှန်း ပေးခဲ့ကြတယ်။
ဖြစ်ရပ်မှန်(၃)။ အက်စပရင်ဟာ
နှလုံးရုတ်တရက် တိုက်ခိုက်ခြင်းကို နည်းစေတယ်။
အမေရိကန် ကယ်လီဖိုးနီးယား သမားတော်လော့ရင့် ကလေဗန်က အက်စပရင်ဟာ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရမှုကို နည်းစေကြောင်း ၁၉၅ဝ ပြည့်နှစ်များဆီက တွေရှိခဲ့တယ်။ အဲဒီအဆိုဟာ နှစ်ပေါင်း ၄ဝ ကျော်ကြာ နှစ်ဆယ်ရာစု ဝင်ခါနီးမှသာ နှလုံးထိန်းချုပ်ရေး စင်တာမှ အက်စပရင်စားဆေးကို နေ့စဉ် တစ်လုံးစားပေးရင် နှလုံးတိုက်ခိုက် ခံရမှု နည်းစေတယ်လို့ ဆေးအညွှန်း ပေးလာကြတာမို့ သိပ်မကြာသေး ဘူး ဆိုရပါမယ်။
ဖြစ်ရပ်မှန်(၄)။ X-ray ရောင်ခြည်ဟာ လူကိုအန္တရာယ်ဖြစ်စေတယ်။
X-ray ဓာတ်မှန်ရိုက်ရင် X-ray ရောင်ခြည်က လူကိုကင်ဆာ ဖြစ်စေတယ်လို့ ၁၉၁၁ ခုနှစ်များကတည်းက ပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ လက်မခံခဲ့ဘဲ လူသားတို့ ကုန်ပစ္စည်း ရှာဖွေရေးတွေနဲ့ လူဝင်၊ လူထွက်တွေ လက်နက် ခဲယမ်း ရှာဖွေတဲ့နေရာတွေမှာ အတားအဆီးမဲ့ သုံးခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်ရောက်မှ ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ယောက်ကို ဓာတ်မှန် အကြိမ်ကြိမ် ရိုက်ခဲ့ရာ သွေးကင်ဆာ ဆန်ဆန် ဖြစ်ပွား ကြောင်း တွေ့ရှိရတဲ့ အခါမှသာ ဓာတ်မှန်ရိုက်ရင် အဖုံး၊ အကာအကွယ်များနဲ့ ရောင်ခြည်သင့်မှု အနည်းဆုံး ဖြစ်အောင် လုပ်ဆောင် လာကြတာတွေ့ရသလို မလိုအပ်ဘဲ ဓာတ်မှန်ရိုက်ခြင်းကို ဆန့်ကျင်လာကြတယ်။
ဖြစ်ရပ်မှန်(၅)။ ပယ်ပယ်လိုမား ဗိုင်းရပ်စ်ကြောင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွား ရတယ်။
ဂျာမန်ဗိုင်းရပ်စ် ပညာရှင် ဒေါက်တာဟာရပ် ဖူဟန်ဆန်က အိပ်ခ်ျပီဗွီကြောင့် သားအိမ်ခေါင်း ကင်ဆာဖြစ် စေကြောင်း ၁၉၇ဝ ပြည့်နှစ် များဆီကတည်းက ပြောခဲ့တယ်။ ဒါပေမဲ့ ၂ဝဝ၈ ခုနှစ် ဆေးပညာနိုဘယ်လ်ဆု ချီးမြှင့်ပြီးမှသာ အိပ်ခ်ျပီဗွီ ဗိုင်းရပ်စ်ဟာ သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေကြောင်း ပြောဆိုလာကြတာ၊ ကင်ဆာ မဖြစ်အောင် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးများ ထိုးလာခဲ့ကြတာ ဖြစ်တယ်။

မြ၀တီ

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>