လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ထမင်းကြော် မွှေးမွှေးလေး

ထမင်းကြော်
ဒီထမင်းကြော်လေးက မာမာ့သမီးလေးကြော်ထားတာပါ သူကျောင်းပိတ်တဲ့ရက်တွေမှာထမင်းချက် ဟင်းချက် မုန့်လုပ်ရတာကိုဝါသနာပါတဲ့အလျှောက်မီးဖိုဆောင်ထဲဝင်ဖြစ်ပါတယ် တစ်ခါတရံသူစားချင် တာကိုသူ့ဘာသာသူချက်တတ်သလို ကျမတို့စားချင်တာလေးတွေကိုလဲသူ့စိတ်ကူးနဲ့သူချက်ပေး တတ်ပါတယ်။
အခုထမင်းကြော်လေးကိုလဲသူ့စိတ်ကူးနဲ့သူကြော်ထားတာပါ ဒါပေမဲ့အရမ်းစားလို့ကောင်းပါတယ် မာမာကတော့သူကြော်ထားတာလေးစားပြီး သူ့ထမင်းကြော်ကိုနံမည်ပေးလေးတစ်ခုပေးမိခဲ့ပါတယ်
လျာပေါ်ဝဲထမင်းကြော်လေးလို့ပေါ့နော် စားလိုက်တိုင်အရသာကောင်းပြီးလျာပေါ်မှာအရသာရှိရှိလေးရ တာကြောင့်မို့လို့ပါ။
သူကြော်တဲ့နည်းလေးပြောပြပါ့မယ်

  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တစ်လုံး
  • ပြောင်းဖူးစေ့ - ထမင်းစားဇွန်း သုံးဇွန်း
  • ထမင်း - တရုတ်ဟင်းရည်သောက်ပန်းကန် တစ်လုံးစာ
  • ခပ်သေးသေးလှီးထားသောပဲသီး - ဆယ်တောင့်
  • အနေတော်လှီးထားသောကြက်သား - 150g 
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ကြက်ဥ - တစ်လုံး
  • ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြော်ရန်အတွက်
  • ဆီကိုအပူပေးပြီးဆီပူလာပါကကြက်သွန်နီကိုညိုသွားတဲ့ထိကြော်ပေးပါ
  • ကြက်သားကိုလေးမိနစ်လောက်ထဲ့ကြော်ပေးပါ
  • ကြက်သားကျက်သွားပါကပဲသီးနှင့်ပြောင်းဖူးတို့ကိုထဲ့ပြီးမိနစ်ဝက်လောက်ကြော်ပေးပါ
  • ထမင်း ကြက်ဥ ဆား အရသာမှုန့်နှင့်ပဲငံပြာရည်တို့ကိုထဲ့ပြီးမွှေပေးပါ
  • အားလုံးသမသွားပါကငရုတ်ကောင်းမှုန့်ထဲ့ပြီးမွှေပေးကာနှစ်မိနစ်လောက်ကြော်ပေးပြီးရင်ရပါပြီ

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>