လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဝက်သားပြုတ်ချက်

ဝက်သားကို ဆီပြန်အနှစ်တွေနဲ.ချက်ရင်..တစ်ခါတလေ..လူကြီးများရော..
ကလေးငယ်တွေကပါ..မစားချင်ကြပါဘူး..ဒီတော့..သူတို.အတွက်ဒီလိုလေး
စီစဉ်ပေးကြည့်ကြပါလား..။ 

ဝက်သားပြုတ်ချက်
************

ဝက်ပေါင်သား............၃၀ ကျပ်သား
ကြက်သွန်နီ................၁ လုံး( နုပ်နုပ်စဉ်း)
ခရမ်းချဉ်သီး...............၄ လုံး(.........။....)
ကြက်သွန်ဖြူ...............၃ တက်( ညှက်အောင်ထောင်း)
ငရုတ်သီးစိမ်း...............၃ တောင့် ( ၂ ခြမ်းခွဲ )
နံနံပင်........................အနည်းငယ်
ချင်းသေးသေး.............၁ တက်
ဆား+ ပာင်းခတ်မှုန်. ....သင့်ရုံ

ဝက်သားတွေကို ရေဆေးပြီး.. ၂လက်မအရွယ်လောက်တုံးပါ။ တုံးထားတဲ့
ဝက်သားတွေကို ဆား၊ သကြားအနည်းငယ်၊ ပာင်းခတ်မှုန်.တို.နဲ့နယ်ပြီး
ချင်းကို ဓါးပြားရိုက်ကာ..ရေမြုပ်ရုံလေးထည့်ပြီး..ရေခမ်းအောင်ပြုတ်ပါ။

ထိုစဉ်အတွင်း..လိုအပ်သည်များကိုပြင်ဆင်ပါ။

ရေခမ်းအောင်ပြုတ်ထားတဲ့ဝက်သားတွေကိုလည်း..မထူမပါးလေးလှီးပေးပါ

ဒယ်အိုးတစ်လုံးမှာ..ကြက်သွန်နီကိုဆီသတ်ပြီး..အနည်းငယ်နွမ်းလာလျှင်
ကြက်သွန်ဖြူထည့်ပေါင်းပါ။

နနွင်းမှုန်.အနည်းငယ်နဲ.အရောင်တင်မှုန်.လေးလည်းထည့်ပြီးဆီသတ်ပါ။

အတန်ငယ်နွမ်းသွားလျှင်တော့..ခရမ်းချဉ်သီးတွေထည့်ပေါင်းပြီး..ရေအနည်း
ငယ်ဝိုက်ထည့်ကာ..အဖုံးပိတ်ပြီးချက်ပါ။

ဆား၊ ပာင်းခတ်မှုန်.တို.နဲ.အရသာဖြည့်စွက်ပါ။

(၁၀) မိနစ်လောက်ကြာပြီဆိုရေခမ်းပြီး..ဆီပြန်လာပါလိမ့်မယ်...ထိုအချိန်မှ
ပါးပါးလှီးထားတဲ့ဝက်သား၊ ငရုတ်သီးစိမ်းတောင့်လေးများထည့်ပြီး..
(လိုအပ်ပါက ) ရေအနည်းငယ်ထပ်ဖြည့်ပြီး..ပြန်ပြီးဆီပြန်လာအောင်ချက်ပါ။

နောက်ဆုံးမှ..နံနံပင်လေးများထည့်ပေါင်းပါ..။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/

အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>