လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

သင်သွေးလှူ၊ သွေးသွင်းတော့မည်ဆိုလျှင် ဒါတွေကို သိထားပေးပါ


               


- ဆေးရုံတက်တဲ့ လူဆယ်ယောက်မှာ တစ်ယောက်ဟာ သွေးသွင်းရပါတယ်။
- အိန္ဒိယနိုင်ငံသား ၆၀%ဟာ သွေးလှူဖို့အတွက် သင့်တော်ပါတယ်။ ဒါပေမယ့် အဲဒီဦးရေရဲ့ ၁%သာ သွေးလှူနေကြပါတယ်။

- အသက်၁၈နှစ်အထက်နဲ့ အသက် ၅၈နှစ်အောက် ကျန်းမာသူတိုင်းဟာ ကိုယ်အလေးချိန် 40kg ရှိရင် သွေးလှူလို့ရပါတယ်။

- သွေးလှူတဲ့သူ ၉၀%ဟာ အမျိုးသားတွေပဲ ဖြစ်ပါတယ်။

- ကိုယ်အလေးချိန်ရဲ့ ၇%ဟာ သွေးဖြစ်ပါတယ်။ ကိုယ်အလေးချိန် 1kg ရှိတိုင်း သွေး 70ml ရှိတယ်ဆိုတဲ့ သဘောပါ။

- သွေးဟာ ကိုယ်ထဲမှာ ၁၀ပိုင့် လောက်ရှိပြီးသွေးတစ်ခါလှူရင် ၁ပိုင့် လောက်ပဲ ထုတ်ရတာဖြစ်ပါတယ်။
- ကျန်းမာသူတိုင်း သုံးလတစ်ကြိမ် သွေးလှူလို့ရပါတယ်။

- သွေးအုပ်စု – အေ၊ဘီ၊အေဘီနဲ့ အို လေးမျိုးကို Dr.Karl Land Steinerက ၁၉၀၁ခုနှစ်မှာ စတင် တွေ့ရှိခဲ့ပါတယ်။

- တကမ္ဘာလုံးမှာ အများဆုံး သွေးအုပ်စုကတော့ O+ ပဲဖြစ်ပြီး အိန္ဒိယ နိုင်ငံမှာတော့ B+ က အများဆုံးဖြစ်ပါတယ်။

- အေဘီအပေါင်း သွေးအုပ်စုဟာ ဘယ်သွေးအုပ်စုကိုမဆို လက်ခံနိုင်ပြီး အိုအနုတ်သွေးကတော့ ဘယ်သွေးအုပ်စုကိုမဆို လှူဒါန်းနိုင်တဲ့ သွေးအုပ်စုဖြစ်ပါတယ်။

- သွေးတစ်ခုလုံးရယ်၊ သွေးနီဥရယ်ဟာ သက်တမ်း ပျမ်းမျှ၃၅ရက်ရှိပြီး သွေးဥမွှား (platelets) လေးတွေ သီးသန့်သွင်းရမယ်ဆိုရင်တော့ သုံးရက်ကနေ ငါးရက်အတွင်း အသုံးပြုရပါတယ်။


သက်ကို

http://myawadynews.blogspot.com/2013/11/blog-post_7433.html

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>