လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အမှိုက် ကောက်တာ ရှက်စရာ မဟုတ်ပါ



အင်္ဂလိပ် မြန်မာ ဒုတိယ စစ်ပွဲအပြီး ရန်ကုန်အပါ
အဝင် ပဲခူးကို အင်္ဂလိပ်တို့ သိမ်းယူ လိုက် ပြီဖြစ်
ကြောင်းကြေညာသည့် အခမ်းအနားကိုဗိုလ်မှူးး
အာသာ ဖယ်ယာ(Major Arthur Phayre)) က
ဦးဆောင်ပြီး ၁၈၅၂ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်
နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

သမိုင်းမှတ်တမ်းများအရဆို လျှင်တော့ပထမဆုံး
ရန်ကုန်မြူနီ စီ ပယ်အဖွဲ့ကို ၁၈၇၄ ခုနှစ်တွင် ဖွဲ့
စည်းခဲ့သည်ဟုဆိုသည်။

အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က (အင်္ဂလိပ်
မြန်မာ) ဒုတိယစစ်ပွဲ အပြီး ၂၂ နှစ်အကြာတွင် ဖွဲ့
စည်းခဲ့ခြင်း လည်းဖြစ်သည်။

အင်္ဂလိပ်တို့က ရန်ကုန်ကို သိမ်းပြီးနောက် ရန်ကုန်မြို့ အုပ်ချုပ်ရေးကို မြို့ဝန်(Town Magistrate) က တာဝန်
ယူအုပ် ချုပ်ခဲ့ရာမှ မြူနီစီပယ်အဖွဲ့ ပေါ် လာပြီးထိုအဖွဲ့ က စည်ပင်သာယာ ရေးလုပ်ငန်းများကို မြို့ဝန်ထံမှ လွှဲ
ယူခဲ့ခြင်းလည်း ဖြစ်သည်။ ပထမဆုံးမြူနီစီပယ်အဖွဲ့ တွင် အဖွဲ့ဝင် ၃၂ဦးရှိသည်။

ထို အဖွဲ့တွင် ပဲခူးကော်မရှင်နာမင်း ကြီး ကျန်းမာရေးအရာရှိ လက်ထောက်မြို့ဝန်ဆရာဝန်ကြီး အင်ဂျင်နီယာ
အလုပ်ဝန်နှင့် မြို့ဝန်တို့က ရာထူးအလျောက် အဖွဲ့ဝင်များအဖြစ် ပါဝင်ရပြီး ကျန်၂၆ ဦးကို မဟာဝန်ရှင် တော်
မင်းကြီးက ခန့်သည်။

ထို ၂၆ဦးတွင် အစိုးရအရာရှိ ၁၁ ဦးနှင့် မြို့သူ မြို့သား ၁၅ဦး ပါဝင်သည်။ ထိုအဖွဲ့တွင် မြို့ဝန်က ဥက္ကဋ္ဌဖြစ်
သည်။ ရန်ကုန် မြူနီစီ ပယ်အဖွဲ့ကို ၁၈၇၄ ခု နှစ် ဇူလိုင်လ ၃၁ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ရန်ကုန်
မြူနီ စီပယ်အဖွဲ့၏ ပထမဆုံး ဥက္ကဋ္ဌ မှာ အရေးပိုင်အီဗာဆင် (Captain Evason) ဖြစ် သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးလုပ်ငန်းများကို ပို၍ဆောင်ရွက်နိုင်ရန်အတွက် Rangoon Development
Trust Act အရ ၁၉၂ဝပြည့်နှစ် တွင် ရန်ကုန်စည်ပင် သာယာရေး အဖွဲ့ကို ဖွဲ့စည်းသည်။ ကျန်းမာ ရေးနှင့်
ညီညွတ်သော၊ ခေတ်မီ သော၊ နေချင်စဖွယ်ဖြစ်သော မြို့တော်တစ်ခုဖြစ်ရန် ဖန်တီး နိုင်ခဲ့သည်။ မူလက ရန်
ကုန်မြို့ သူ၊မြို့သားများသည် ရေတွင်း၊ ရေကန်များကိုသာ အသုံးပြု နေရာမှ အင်းလျားကန်၊ ကန်တော် ကြီး၊
လှော်ကားနှင့် ဂျိုးဖြူကန် မှရေများသုံးနိုင်ရန် ဆောင်ရွက် ခဲ့သည်။ လမ်းများကို မြေသား လမ်းမှ ကတ္တရာလမ်း
ဖြစ်အောင် လုပ်ဆောင်သည်။ မိလ္လာများကို ကားဖြင့်သယ်၍ မြစ်တွင်းသို့ စွန့် ရာမှမြို့လယ်မြေအောက် ပြွန်
လမ်း များမှတစ်ဆင့် မြစ်တွင်းသို့ ပို့နိုင်သည်အထိ စီမံသည်။ ရေနံဆီဖြင့် ထွန်းညှိရသော လမ်းမီးများအစား
လျှပ်စစ်မီးတိုင်များနှင့် လင်းထိန်စေခဲ့သည်။

၁၉၂၂ခုနှစ်ကိုရောက် တော့ ရန်ကုန်မြူနီစီပယ်အဖွဲ့က မြူနီစီပယ်ကော်ပိုရေးရှင်းဟု ပြင်ဆင်ဖွဲ့စည်းသည်။
မြန်မာတိုင်းရင်းသားများထဲမှ ဥက္ကဋ္ဌ အဖြစ်ပထမဆုံး တာဝန်ယူခဲ့သူမှာ ပညာရေးဝန်ကြီးချုပ် ဟောင်း ဆ
ရာဝန် ဦးဘရင်ဖြစ် သည်။ ဥက္ကဋ္ဌရာထူးကိုလည်း မြို့တော်ဝန်ဟု ပြောင်းလဲခေါ် ဝေါ်ခဲ့သည်။ ပထမဆုံး
ရန်ကုန် မြို့တော် ဝန်မှာ ဝတ်လုံတော်ရ မစ္စတာမွန်ရှိဆိုသူဖြစ်သည်။ ခေတ်ဟောင်းရန်ကုန်သည် မြို့တော်
ရန်ကုန်အဖြစ် အချိန်တို အတွင်းမှာပင် ပြောင်းလဲလာခြင်းလည်းဖြစ်သည်။ ထိုအချိန်က ကောက်ယူခဲ့သော
(၁၉၁၁ ခုနှစ်) သန်းခေါင်စာရင်းအရ ရန်ကုန်မြို့တော်တွင် လူဦးရေ ၂၉၃၃၁၆ ဦးရှိသည် ဟုဆို သည်။

လွတ်လပ်ရေးရပြီး နောက် ပိုင်း တော်လှန်ရေးကောင်စီ အစိုးရတက်လာသည့် ၁၉၆၂ ခုနှစ်အထိလည်း ရန်
ကုန်မြူနီစီပယ်ကော်ပိုရေးရှင်း၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို မြို့တော်ဝန်တစ်ဦးတည်းက ကျင့်သုံး ဆောင်
ရွက်လာခဲ့သည်မှာ ၁၉၇၂ခုနှစ်အထိဖြစ်သည်။ ၁၉၇၄ခုနှစ် မတ်လ ၂၅ရက်တွင် အမိန့်ကြေညာစာ အမှတ်
၃၉ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်း ပြည်သူ့ကောင်စီဥက္ကဋ္ဌကိုရန်ကုန်မြို့ တော်၏ မြို့တော်ဝန်အဖြစ်
သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။

ဤကား ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး၏ခေတ် အဆက်ဆက် တာဝန်ယူလုပ် ဆောင်ခဲ့မှုကို အကျဉ်း
မျှ တင် ပြခြင်းသာဖြစ်သည်။ ဆိုရလျှင် လွတ်လပ်ရေး မရမီ အချိန်က လူဦးရေ သုံး သိန်း ခန့်သာ ရှိသောအ
ချိန်တွင် စည်ပင်သာယာရေးလုပ်ငန်းကြီးကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဖြစ်ရာ စင်
ကာပူလိုနိုင်ငံမျိုး ကပင်မြန်မာ နိုင်ငံ ရန်ကုန်မြို့ေ တာ်၏ အခြေအနေကို အားကျခဲ့ရသည်ဟု ဆိုသည်။ သန့်
ရှင်းလှပခဲ့သော ဤမြို့တော်ကြီးကို စတင်သန့်စင်သူများသည် တံမြက်လှည်းလို အခြေခံလူတန်းစားများက
စတင်ခဲ့သည်ဟုဆိုလျှင် စာဖတ်သူတို့လက်ခံကြမည်ဟုလည်း ယုံကြည်ပါသည်။

အကယ်၍ နံနက်မိုးမလင်း မီ ကျန်းမာရေးလေ့ကျင့်ခန်း အဖြစ် လမ်းလျှောက်ဖူးသူ တစ်ဦးကသင်ဖြစ်သည်
ဆိုလျှင် တော့ နံနက်လင်းအားကြီး အချိန်မှာ တံမြက်စည်း ကိုယ်စီ ဖြင့် အမှိုက်လှည်းလေးတွေ လမ်းဘေး
မှာရပ်ပြီး အမှိုက် သိမ်းနေတာကို သင်တွေ့နိုင် မည်ဖြစ်ပါသည်။ ရံဖန်ရံခါ သူတို့ မွေးထားသော လူ မမယ်
ကလေးငယ်များ ကို ပလက် ဖောင်းပေါ်တွင် သိပ်ထားခဲ့ပြီး မိခင်ဖြစ်သူက တံမြက်လှည်းနေ သည်ကို တွေ့
ရကောင်းတွေ့ရ နိုင်ပါသည်။ သည်လိုမှ မဟုတ်လျှင်လည်း အသက်အရွယ် အတော်လေး ကြီးရင့် နေသည့်
လူကြီးပိုင်း တံမြက်လှည်းသူ လည်း ဖြစ်ချင်ဖြစ်ပါလိမ့် မည်။

ယနေ့ ရန်ကုန်မြို့လူဦးရေ မှာခြောက်သန်းကျော်ပြီဟု သိရ ပါသည်။ တစ်နေ့ လျှင် လူဦးရေ သုံးသန်းခန့် မြို့
တော်တွင်း ဝင်ထွက်သွားလာနေသည်ဟုလည်း စာရင်းများအရ သိရသည်။ သူတို့တစ်တွေ စားခဲ့၊ သောက်
ခဲ့သော စားကြွင်း စား ကျန်တွေ၊ အမှိုက်တွေ၊ လမ်း ပေါ်မှာ ပစ်ချခဲ့သော စွန့်ပစ် အပိုပစ္စည်းတွေက လမ်းမ
တွေပေါ်မှာ ဟိုတစ်စ သည်တစ်စ သည်အမှိုက်တွေကို အများ တကာ အိပ်ပျော်နေချိန်မှာ သူ တို့သိမ်းဆည်း
ပေးနေကြသည်။ နံနက်လင်း၍ လူများပျား ပန်းခတ် လှုပ်ရှားလာသည့်အခါ မြို့တော်ကြီးမှာ သန့်ရှင်းနေပြီ
ဖြစ်သည်။ ညဘက်ပိုင်းတွင် လည်း အမှိုက် သိမ်းနေကြသည့် သန့်ရှင်းရေး လုပ်သားတွေကို မြို့တော် အနှံ့
တွေ့နေကြရသည်။ သူတို့ဘဝတွေ ဘယ်လိုရှင်သန်ရပ်တည်သလဲဆိုသည်ကတော့ မေးခွန်းထုတ်ပြီး ဆန်း
စစ်ကြည့်မည့်သူ အတော်လေးနည်းမည်ဟုထင်ပါသည်။

စည်ပင်အရာရှိတစ်ဦးက ပြောဖူးသည်။ ” ရန်ကုန်မှာ သန့် ရှင်းရေးလုပ်သားရဖို့ အတော် ခက်သွားပြီဗျ။ ဘာ
လို့လဲဆိုရင်တော့ သာမန်အလုပ် ကြမ်းသမား တစ်ယောက်က တစ်နေ့လုပ်ရင် ဥပမာဗျာ ဆောက်လုပ်ရေး
ဆိုက်တစ်ခုမှာ ဝင်လုပ်ရင်တောင် လေး၊ ငါးထောင်ရနေတာဆိုတော့ သန့်ရှင်းရေး မလုပ်ကြတော့ဘူး။ အ
မှိုက် အိတ်တွေနဲ့ စနစ်တကျ စွန့်ပစ် ဖို့စည်းကမ်းချက်ထုတ်ခဲ့ဖူးတယ်။ အဲဒီအမှိုက်အိတ်တွေကိုဖြေပြီး သူတို့
လိုချင်တာရှာခွင့်မရှိဘူး ရှာရင်အရေးယူမယ် ပြောတာကိုး။ ဒါကလည်း အမှိုက်တွေမပွအောင်ထုတ်တဲ့ စည်း
ကမ်းပါ။ ဒါပေမဲ့ တစ်ဖက်မှာက သူတို့ရတဲ့ ဝင်ငွေဆိုတာက အဲဒီ အိတ်တွေထဲမှာ ပြည်သူတွေ စွန့်ပစ်လိုက်
တဲ့ အထဲက ပြန် ရောင်းလို့ရတဲ့ ကော်၊ ပလတ် စတစ်၊ ကြေးလိုဟာမျိုးတွေ ရှာဖွေပြီး ပြန်ရောင်းရတဲ့ ဝင်ငွေ
ကိုလည်း မှီခိုရတာဆိုတော့ အခု နောက်ပိုင်းသန့်ရှင်းရေးဝန်ထမ်း ရဖို့မ လွယ်ဘူး” ဟု ပြောခဲ့သည်။

လူဦးရေ ၆ သန်းကျော်ရှိ သော ရန်ကုန်မြို့တော်ကြီးမှာ အမှိုက်က တစ်နေ့လျှင် တန် ၁၆ဝဝ ကျော် ထွက်ရှိ
နေသည်။ ဝန်ထမ်း ၄ဝဝဝ ရှိသည်ဆို လျှင်ပင် တစ်ဦးလျှင် အမှိုက် တန်ဝက်ခန့် သိမ်းဆည်းနေရ မည်ဖြစ်
ရာ မည်သို့မျှ ဝန်ထမ်း ဦးရေ လောက်ငမှုရှိရန် လွယ် ကူမည်မဟုတ်ပေ။ အမှိုက်သိမ်းဝန်ထမ်း သန့်ရှင်းရေး
လုပ်သား ရရှိမှု ကိစ္စနှင့် စပ်လျဉ်း၍ မန္တလေး မှလာသော သတင်း တစ်ပုဒ် ကိုလည်း ဖတ်ရှုခဲ့ရဖူးသည်။
မန္တလေးမြို့တော်တွင် ကျူး ကျော်နေထိုင်သူ မိသားစုများ အလုပ်အ ကိုင်လို အပ်ပါ က စည် ပင်ဝန်ထမ်းအ
ဖြစ် ခန့်အပ်ပြီး နေအိမ်စီစဉ်ပေးမည်ဆိုသည့် သတင်းဖြစ်သည်။

ထိုသတင်း အရ သန့်ရှင်းရေးလုပ်သား တစ်ဦးလျှင် ယာယီဝန်ထမ်း လစာ တစ်လ ကျပ် ၃၃ဝဝဝ၊ ထောက်
ပံ့ကြေး ကျပ် ၃ဝဝဝဝ၊ အညစ်အကြေးကိုင်တွယ်ခ ကျပ် ၁၂ဝဝဝ၊ စုစုပေါင်း ကျပ် ၇၅ဝဝဝ ရရှိမည်ဟုလည်း
သိ ရသည်။ မန္တလေး လက်ရှိ လူဦး ရေက တစ်သန်းခန့်ရှိသည်။ ရပ်ကွက်ပေါင်း ၉၆ ခုမှ ထွက် ရှိသောအ
မှိုက်က တန်ချိန် ၅ဝဝ ခန့်ရှိသည်။ အမှိုက်သိမ်း ဝန် ထမ်းက ၁၄ဝဝ ခန့်ရှိသည်ဟု ဆိုသည်။

သို့ဆိုလျှင် အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုသော မြန်မာ စကားပုံသည် မူလအဓိပ္ပာယ်အရ အမှိုက်လေး
တစ်စကစခဲ့သောမီးသည် တိုင်းပြည်မင်းလုပ်အုပ်ချုပ် သူ တို့ နေ ထိုင်သော နန်းတော် ပြာသာဒ်အထိပင်
ကူးစက်လောင် ကျွမ်းသည်ဟုဆိုလိုရင်းဖြစ်သည်။ ဆင့်ပွားအနက်ကတော့ ” ဘယ်ဟာမဆို သေးသေးမွှား
မွှားဟု အထင်မသေးပါနှင့်။ထိုသေးသေးမွှားမွှား ပြသနာသည်ပင် ကြီးကြီးမားမားဖြစ်လာနိုင်ပါသည်” ဆို
သော အနက်လည်း ရပါသည်။

လူတိုင်းကိုယ်စီမှာ တာဝန်ရှိ

” အမှိုက်ကောက်တာ ရှက် စရာမဟုတ်ပါ။ စည်းကမ်းမဲ့ အမှိုက်စွန့် တာသာ ရှက်စရာပါ” ဟု မကြာခဏ
ဖတ်ရ၊ မှတ်ရဖူးပါသည်။ မိမိတို့ အသိစိတ်ဓာတ် ကိုယ်စီဖြင့် ဝိုင်းဝန်း ထိန်းသိမ်း ကြမှသာ မြို့တော်တွေ
သန့်ရှင်း ပါမည်။ မြို့တော်တွေ သန့်ရှင်း ပါမှ မြို့တော်နေပြည်သူတွေ ကျန်းမာရေး ကောင်းမည်ဟု လည်း
ဆိုချင်ပါသည်။သေးသေးမွှား မွှားလေး တွေကို တစ်ဦးချင်း တာဝန်ယူ ဖြေရှင်းခြင်းဖြင့်သာ ပြသနာ ကြီး
ကြီးမားမားဖြစ်လာမည့် အရေးကို ကာကွယ်နိုင်ကြ မည် ဟု လည်း ဆိုချင်ပါသည်။

သိန်းအေး

ရည်ညွှန်း-
(၁) အင်တာနက်ဝက်ဘ်ဆိုက်များ
(၂) ရန်ကုန်တိုင်း၏ ဖြစ်စဉ်သမိုင်းစာတမ်း (၁၉၈၂)

ပေါ်ပြူလာမြန်မာသတင်းဂျာနယ်မှကူးယူမျှဝေသည်။

@SimonRau

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>