လွန်ခဲ့တဲ့ နှစ်အနည်းနဲ့ ယှဉ်ရင် အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေဟာ
ကျွန်ုပ်တိုရဲ့နေ့ စဉ်ဘဝတွေမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုလို
ဖြစ်လာပါတယ်။ မရှိမဖြစ်လိုအပ်ချက်ကတဆင့် ဆေးစွဲသလိုစွဲလန်းတဲ့ အဆင့်အထိ
ရောက်သွားခဲ့ရင်တော့ အကျိုးဆုတ်ယုတ်မှုတွေ အများကြီးဖြစ်စေနိုင်လို့ 
ဆိုရှယ်မီဒီယာ တွေကို လိုအပ်တာထက် အသုံးမချမိဖို့ လိုပါတယ်။
၁) အကြောင်းအရင်းနားလည်အောင်ကြိုးစားပါ။
ဆိုရှယ်လ်နက်ဝေါ့ခ်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ တွီတာတို့ မှာ ၄၊ ၅
နာရီလောက်ကြာအောင် Refresh ခဏခဏလုပ်ပြီးအချိန်ပြည့် အသုံးပြုနေပါသလား။
ဒီလိုအကျိုးမရှိတဲ့လုပ်ရပ်တွေအတွက် အချိန်ကုန် နေရတဲ့
အကြောင်းအရင်းကိုသင်သိပါသလား။ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ဆိုရှယ်မီဒီ
ယာကို အသုံးပြုနေတာမဟုတ်ဘဲ အကြောင်းမရှိ ဆိုရှယ်လ်နက်ဝေါ့ခ်ကို
အမြဲမပြတ်ဝင် ရောက်ကြည့် ရှုနေရင်တော့ သင့်ရဲ့ မသိစိတ်က
ဆိုရှယ်လ်မီဒီယာအပေါ် တဖြည်းဖြည်းစွဲလန်း