Written by ကေတု
Thursday, 30 May 2013
မြန်မာ နိုင်ငံတော် ကြီးမှာ စစ်တီးဝိုင်း တေးသံများ၊ စစ်ချီတေးများ သီဆို၍ စစ်ကြောင်းကြီးများ ချီတက်ပြီး နိုင်ငံတော်အလံ လွှင့်ထူလျက် အလေးပြု ၍ နေကြသော စစ်သည်တော် များကို တွေ့မြင် ကြရပါတော့မည်။ ထိုနေ့ ကား မတ် ၂၇ ရက် (၆၈)နှစ်မြောက် တပ်မတော်နေ့ ဖြစ် ပါသည်။ မြန်မာပြည် အတွက် ထူးကဲသော နေ့အဖြစ် တည်ရှိ နေပါသည်။
ပြည်သူနှင့် တပ်မတော် ရင်းနှီးစွာ တွေ့ရသောနေ့၊ မိဘ ပြည်သူများ ကိုယ်တိုင် ကိုယ်ကျ တပ်မတော်သား များကို ဂုဏ်ပြုရသည့် နေ့ပင် ဖြစ်ပါသည်။ ပြည်သူနှင့် မိသားစု သွေးရင်း သားရင်းများ၊ စိတ်သန္တာန်များ ပျော်ရွှင် ချမ်းမြေ့သောနေ့၊ အောင်ပန်းများ ဝေဆာစွာ လှပနေမည့်နေ့၊ လူတိုင်း၏ ဘဝင် နှလုံးကို ပီတိဖုံးရင်း ပျော်ရွှင်ရသော နေ့ဖြစ်ပါသည်။ စိတ်များမှာ ရွှင်လန်း တက်ကြွလျက် ရှိကြသည်။ မိမိ တွေ့ရမည့် နံနက် ချိန်ခါ တပ်မတော်သား များ၏ မျက်နှာများမှာ တည်ကြည်