မာဆက်(KTV) မီးရောင်စုံအောက်က မြန်မာမိန်းခလေး ဘဝ

ပထမဦးစွာတင်ပြမှာက ကာရာ အိုကေခန်းမများ..တွင် ကျင်လည်ကြသော မိန်းကလေးများ၏ ဘ၀ အကြောင်းဖြစ် ပါသည်..။
ထိုမိန်း ကလေးများသည်အသက်အားဖြင့်  (17 နှစ်မှ30)၀န်းကျင်သာရှိကြပါ
ထိုအခါတွင် အထည်ချုပ် လုပ်ငန်းများမှမိန်းကလေးတော်တော်များများအလုပ်လက်မဲ့ ဖြစ်ခဲ့ ရပါသည်..။ ထိုမိန်းကလေး များ သည် မိမိ ဘ၀ ရပ်တည်ရေး နှင့် အခြားအလုပ်များပြောင်းလဲ လုပ်ကိုင်ရန်အတွက် အလုပ်ရှားပါးမှု့  တို့  ကြောင့်  အ၀င်လွယ် အထွက် လွယ်ငွေရလွယ်သော ကာရာအိုကေခန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြရင်း ယခုတိုင် ရုန်း မထွက်နိုင်သူ အများအပြားရှိနေ ကြ ပါသည် ။ နေထိုင်ကြသည့်  ပုံစံများကတော့  အလျှင်းသင့်  သူများနှင့်  တိုက်ခန်း များစပ်တူဌားရမ်း နေထိုင်ကြခြင်း၊ဆိုင်များမှစီစဥင်္ပေးသောအဆောင်များတွင်နေထိုင်ကြခြင်းများစသည်ဖြင့် နေ ကြ ပါသည်။စားရေးသောက်ရေးအနေနှင့်  ကတော့  မနက်ခင်းပိုင်းတွင်မိမိငွေဖြင့် ဝယ်စားညစာ အတွက်မူ လာ ရော က် ကြ သောဧည့်  သည် များထံမှကျွေး သမျှ ဖြင့်  ချို့  ချန် ကာ ရသမျှ ငွေ ကိုစုပြီး အဝေးမှမိဘ များကိုထောက် ပံ့ ကြပါသည် ။
အလုပ်ချိန်မှာ ညနေ(5း00)လောက်မှစတင်ကာည(2း00)လောက်ထိရှိကြပါသည် ။ထိုဘ၀များတွင် ကြာရှည် ကျင်လည် ခဲ့ ကြသည့်  မိန်းကလေးအများစု မှာ ကျင်လည်ရာပါတ်ဝန်းကျင် ၏ရိုက်ခတ်မှု့  ကြောင့်  စိတ်အလိုလိုက်ရင်း အရက်စွဲ ၊ကြေးစားဘ၀ ၊ငွေ ကြေးချမ်းသာသူများ၏လပေးစနစ်ဖြင့်  အငယ်အနှောင်းဘ၀များဖြင့်  သာနိဂုန်းချုပ်ရပါတော့  သည် ။
(မှတ်ချက်)
ထိုလုပ်ငန်းများသည် ယခင်က မြို့  ကြီးများဖြစ်ကြသော ရန်ကုန် ၊မန္တလေး ၊မော်လမြိုင်စသော မြို့  ကြီးများတွင် အဓိ က ဈေးကွက် ဖြစ်ခဲ့ သော်လည်း ယခုအခါတွင် ရုံးဌာန များ ပြောင်းရွှေ့  ဖွင့်လှစ်ရာ နေပြည်တော် တွင် ဆိုင်များ တိတ်တိတ်ပုန်းတိုးချဲ့ ကာအောင် ပွဲ ခံ လျှက်ရှိနေပါသည် ။
ဒီဆောင်းပါလေးအား သင်ဖတ်ပြီးရှယ်ပေးခြင်းဖြင့် မြန်မာ အမျိုး သမီးမိန်းကလေးတွေ ရဲ့ ဘ၀ ကိုယ် ကယ် တင်ပါ
ဒီနေရာ မှ ကူးယူဖော်ပြသည်
တိတ်တိတ်ပုန်းတိုးချဲ့ ကာအောင် ပွဲ ခံ လျှက်ရှိနေပါသည် ဆိုတာနားမလည်ဖူး
ReplyDelete