လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

သွေးများရဲ့  စိတ်နေသဘောထားများ A , B , AB , O

သွေးများရဲ့  စိတ်နေသဘောထားများ A , B , AB , O
________________________________________

  A သွေး

  A သွေးများသည် ခံစားချက် ပြင်းထန်ပြီး တစ်ယောက်ထဲ နေနေ ရင်တောင်မှ
  ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျခြင်းများ ဖြစ်ပေါ်နေတတ်ပါတယ်

  တခြားလူများကို ကိုယ့်ရဲ့  စကားများ လုပ်ဆောင်ချက်များကို
  ပြန်လည်ငြင်းဆိုနေမယ် ဆိုရင် သူအလိုလို ဒေါသ ဖြစ်နေတတ်ပါတယ်

  ခံစားချက် ပြင်းထန်လွန်းလို့  တစ်ခါတလေမှာ အစွန့် ရောက်တယ်လို့  အများက မြင်ကြပါတယ်

  သူတစ်ပါးကို ကူညီခြင်းစိတ် အပြည့်အဝ ရှိနေတတ်ပါတယ်
  ကိုယ့်လမ်းကို တည့်တည့် လျှောက်တတ်တဲ့ သွေးများ ဖြစ်ပါတယ်

  ကိုယ့်ဘက်က မကျေနပ်စရာ အကြောင်းများ ရှိလာပြီးဆိုရင်
  ဒဲ့ ရှင်းတတ်တဲ့ အကျင့်မျိုးလည်း ရှိနေပါတယ်

  ဘယ်လောက်ပဲ ခံစားနေရပါစေ ဘာမှမဖြစ်သလို့ နေတတ်တဲ့
  အကျင့်ရှိတာကြောင့်

မိဘများက အေသွေးများကို

  အချိန်တိုင်း သားသမီးကို စိတ်ပူနေတတ်ပါတယ်

  စိတ်ထဲမှာ တစ်ခုခု မတင်မကျ ဖြစ်နေပြီးဆိုရင် လွတ်လွတ်လပ်လပ်
  ပေါက်ကွဲတတ်ကြပါတယ်

  သို့ ပေမဲ့ သူရဲ့  ပေါက်ကွဲခြင်းဟာ တခြား လူတစ်ယောက်ကို ထိခိုက်နစ်နာချင်စိတ် လုံးဝ မရှိပါဘူး ဟု  ဆိုထားလေသည်။

___________________________________________________

  B သွေး

  B သွေးများသည် သူတို့ အပေါ် ဂရုစိုက်ခြင်း ကြင်နာခြင်းများကို
  လိုချင်တောင်းတနေတတ်ပါတယ်

  တစ်ယောက်ထဲ နေနေတဲ့ အချိန်မျိုးမှာ ငါ့ကို ဘယ်သူကတော့ တကယ်မခင်ဘူး ဘယ်သူကတော့ ငါ့  ကို ပြစ်ထားနေတယ် ဆိုတဲ့ အတွေးမျိုး တွေးနေတတ်ပါတယ်

  တစ်ခါတလေမှာ တစ်ယောက်ထဲ စဉ်စားနေရင် မျက်ရည် ကျနေတတ်ပါတယ်

  ဘီသွေးရဲ့ စိတ်ဟာ နုညံ့ခြင်းကို ဖော်ပြနေပါတယ်
  ဒေါသ စိတ်ကို ထိန်းချုပ်နိုင်ကြပါတယ်

  ဝမ်းနည်းတတ်တဲ့ စိတ်ကိုတော့ မထိန်းချုပ်နိုင်ပဲ
  စိတ်လွတ်ကိုယ်လွတ် ငို ချတတ်ပါတယ်

  ဘီသွေးတို့  ရဲ့  စိတ်ဟာ အာရုံအများကြီး မထားကြပါဘူး
  ဒီတစ်ယောက်ကို ချစ်နေမယ် ဆိုရင် ဒီတစ်ယောက်ကို ချစ်နေတတ်ကြပါတယ်
  သဘောကတော့ သူတို့  ခင်မင် နေတဲ့ လူတွေ အပေါ်ဆိုရင်

  ဘယ်လောက်ပဲ သူတို့  အပေါ် အနိုင်ကျင့်နေပါစေ
  စိတ်ဆိုးခြင်း မရှိပဲ ခွင့်လွတ်တတ်တဲ့ စိတ်နဲ့  ပေါင်းသင်းနေထိုင်တတ်ကြပါတယ

  သူတို့ ကို ပြစ်ထားလိုက်ရင်တော့ အဲ့ဒီလူ သေချာ ပေါက် ရစ်ခံရပါပြီး

  ဂရုစိုက်ခြင်းကို လိုချင်တောင်းတနေတဲ့ အတွက်ကြောင့်

  မသိသလို့  လုပ်ပြီး ပြစ်ထားတတ်တဲ့ လူများကို နင်က ငါ့ကို ဘာလို့ မခေါ်တာလဲ နေနိုင်လိုက်တာ ငါ့မှာဖြင့်  နင်ကို ဘယ်လောက်ခင်လိုက်ရတာ နင်ကတော့ ငါ့ ဆို ပြစ်ထားနေတယ်ဟု ပြောဆိုတတ်ကြပါတယ်

  တကယ်တော့ ဘီသွေး အများစု ကလေးဆိုး တစ်ယောက်လို ဆိုးချင်ကြတာပါ
  သဘော ကောင်းသည် သွေးဟု ပြောဆို၍ ရပါသည်။

_____________________________________________________

  AB သွေး

  AB သွေးများသည် A သွေး စိတ်နေသဘောထား စိတ်နှင့် ဘီသွေး စိတ်နေသဘောထား စိတ်တို့   အခြေခံထားသည် အတွက်ကြောင့်

  စိတ်ဆိုးရင်လည်း ဘယ်လို့ လူမှ လိုက်၍ မမှီပါ

  သဘောကောင်းရင်လည်း ဘယ်လို့ သွေးမှ လိုက်မမှီအောင် ကောင်းလွန်းကြပါတယ်

  ဒေါသ ထွက်နေတဲ့ အချိန်မျိုးမှာ အေဘီသွေးများရဲ့  မျက်နှာဟာ နီရဲနေတတ်ပါတယ်

  ခံစားချက် ပြင်းထန်လွန်းလို့  အေဘီ သွေးများကို မိမိ မိဘများက
  အရိပ် တကြည့်ကြည့် ကြည့်နေကြပါတယ်

  သူငယ်ချင်း အပေါင်းအသင်းများကို အများကြီး မထားတတ်ပေမယ့်
  သူတို့  ပေါင်းသင်းနေတဲ့ သူငယ်ချင်းများကိုတော့

  အထူးဂရုစိုက်ပြီး နေထိုင်တတ်ကြပါတယ်

  မိမိရဲ့  ရည်မှန်းချက် ဘဝ ပန်းတိုင်ကို မှန်သော ဘက်မှ လျှောက်လှမ်းတတ်သော စိတ်မျိုး နေကြပါတယ်

  ဘယ် အလုပ်ကို လုပ်သည် ဖြစ်စေ ဇွဲရှိရှိလုပ်ဆောင်တတ်ပြီး
  မိမိ လုပ်လိုက်တဲ့ အလုပ်ကိုလည်း အောင်မြင်နေမှ စိတ်တိုင်းကျနေတတ်ပါတယ်

  အချစ်ရေးမှာတော့ အချစ်အရမ်းကြီးကြပါသည် ။

___________________________________________________

  O သွေး

  O သွေးများသည် ဒေါသ ထွက်လာပြီးဆိုရင် ဘယ်လို့  လူမျိုးကိုမှ
  သိပ်ပြီး ဂရု မစိုက်တတ်ပဲ ပြောဆိုတတ်ကြပါတယ်

  တစ်ယောက်ထဲ နေရတဲ့ ဖီလ်မျိုးကို ကြိုက်နှစ်သက်ကြပါတယ်
  ကိုယ်မှန်တယ် ထင်ရင် မှန်တဲ့ အတိုင်း လုပ်ဆောင်တတ်ကြပါတယ်

  ခံစားချက် တအားပြင်းထန်ကြပါတယ် စိတ်ကူးထားတဲ့ အကြောင်း ကိစ္စမျိုး ရှိလာရင်လည်း မဖြစ်ဖြစ်အောင်  လုပ်ဆောင်တတ်ကြပါတယ်

  ကိုယ့်က ရည်မှန်းထားတဲ့ ခရီးတစ်ခုဖြစ်ဖြစ် လုပ်ဆောင်မယ် အလုပ်တစ်ခု ဖြစ်ဖြစ် ပျက်သွားတယ်  မသွားဖြစ်တော့ဘူးဆိုရင်

  အရမ်း ဒေါသ ထွက်တတ်ကြပါတယ်

  အိုသွေးများရဲ့  စိတ်ဟာ နုညံ့ခြင်း သနားကြင်နာတတ်ခြင်း
  ဒေါသစိတ် ကြီးခြင်းဆို၍ ရှိကြပါတယ်

  စိတ်ထား နုညံ့နေပြီးဆိုရင် ဘာဆိုဘာမှ မပြောပဲ တစ်ယောက်ထဲအေးဆေး နေထိုင်တတ်ပြီး

  ဒေါသ ဖြစ်လာပြီးဆိုရင်လည်း ဘယ်လို့ လူမျိုးကိုမှ ဂရုမစိုက်ပဲ
  လွတ်လွတ်လပ်လပ် ပေါက်ကွဲတတ်ပါတယ်

  သနားကြင်နာတတ်တဲ့ စိတ်ဟာ ဘယ်လောက် ရှိနေသလဲ ဆိုရင်
  ကိုယ့်စားမယ့် မုန့်  ကိုယ်ဝတ်မယ့် အဝတ်အစားကိုတောင်

  ပေးတတ်ကြပါတယ်

  တစ်ခါတလေမှာ ဒေါသ စိတ်ကြောင့် အမှားများဖြစ်တတ်ပါတယ်

  တစ်ခါ တလေမှာတော့ တစ်ယောက်ထဲ ဝမ်းနည်းနေပြီး

  ကိုယ့်ရဲ့ ဘဝကို အားမလို အားမရဖြစ်နေတတ်တဲ့ အိုသွေးများ ဖြစ်ပါတယ်

  အချစ်ရေးမှာတော့ အနည်းငယ် ကံခေသူများ ဖြစ်ကြပါသည်။

  _____________________________________________

  အို သွေး ညီကိုမောင်နှမများ အိုသွေး အကြောင်းတွေ ကြည့်ပဲ
  ရေးသားနေသော စာပေများ ခံစားချက်များကိုပဲ

  ဖတ်ချင်ပါတယ် ဆိုရင်တော့ အိုသွေးများ အကြောင်း ရင်ဖွင့်ကြမယ် ဆိုသော ဂရုကို လာရောက်  ဖတ်ရှုကြပါ

  ကြိုက်နှစ်သက်တယ် ဆိုမှ အဖွဲ့ ဝင်ပါ

  အို သွေးအကြောင်း ဖတ်ချင်တဲ့ သူငယ်ချင်းများကတော့
  ဒီလင့်ကနေ ဝင်ရောက် ဖတ်နိုင်ပါသည်

https://www.facebook.com/groups/Obloods/

  ကူးယူဖော်ပြချင်တဲ့ သူငယ်ချင်းများကလည်း ဗဟုသုတဘဏ် သို့ မဟုတ် K2 ဆိုသော  နာမည်ကို ရေးသား ဖော်ပြခြင်းဖြင့် ကူညီပေးကြပါ

  ဗဟုသုတဘဏ်

  K2             @@@@@@@@@@@   ဗဟုသုတဘဏ်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>