(Written by: ဖြိုးဝေ)
“တစ်ရက်ကို ကွမ်းယာအတွက် ကုန်ကျစရိတ်က ၁၅၀၀ ကျပ်လောက် ရှိတယ်။ မိုးလင်းမိုးချုပ်တင် မဟုတ်ဘူး။ အိပ်ရာဝင်တော့လည်း ပါးစပ်ထဲမှာ ငုံမထားရရင် တစ်ခုခု လိုနေသလိုပဲ” ဟုပြောရင်း ကားပြတင်းမှန်မှ ကွမ်းတံတွေးအား ဖွီးခနဲ ထွေးထုတ်လိုက်သည်။ ထွေးထုတ်လိုက်သည့် အရှိန်ကြောင့် ဘေးမှကပ်မောင်းသည့်ကားကို သွားစဉ်လေသည်။ ပြဿနာဖြစ်လေမည်လား တွေးဆမိသော်လည်း တစ်ဖက်ယာဉ်မှာလည်း ကွမ်းသွေးခြောက်ဗရပွ၊ ကျွန်တော်စီးလာသည့် အငှားယာဉ်သည်လည်း ကွမ်းသွေးဗရပွ။
မြန်မာတို့၏ ဓလေ့တစ်ခု ဖြစ်ခဲ့သည့် ကွမ်းစားခြင်း ဓလေ့သည် ရှေးယခင်ကတော့ အန္တရာယ်ကင်းစွာ စားသုံးခြင်း၊ စည်းကမ်းရှိစွာ စားသုံးခြင်းဆိုသည့် ပြယုဂ်များဖြင့် ထည်ဝါခဲ့ဟန်တူသည်။ အိမ်တိုင်းအိမ်တိုင်းတွင် ကွမ်းအစ်ကြီးများဖြင့် နေအိမ်သို့ လာရောက်သည့် ဧည့်သည်များအား တည်ခင်းသလို ကျေးရွာတစ်ရွာ၏ အလှဆုံးဖြစ်သော အမျိုးသမီးငယ်သည် နေထိုင်သည့်ရပ်ရွာ၏ အလှူပွဲ၊ မင်္ဂလာရှိသော ပွဲများအတွက် ကွမ်းတောင်ကိုင်ဆိုသော ဂုဏ်ပုဒ်ဖြင့် ထည်ဝါမှုရှိကြောင်း ညွှန်းဆိုနေသည်ဟု ခံစားမိပါသည်။
ထို့ပြင် “တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာကဆေး၊ ကိုင်းထုံးဖြူ၊ပြည်ရှား၊ သာဝါးလို့ထွေး” ဟူသော ဖိုးသူတော်ဦးမင်း၏ ကွမ်းဖွဲ့ကဗျာလေးသည် ကျန်းမာရေးနှင့် ညီညွတ်သော စား၍အကောင်းဆုံးသော ဒေသထွက်ကုန်များကို ညွှန်းဆိုခဲ့ခြင်း ဖြစ်မည်ထင်သည်။
ယခုအခါ သမယတွင်မတော့ အိန္ဒိယနိုင်ငံက ၀င်လာသည့် ကွမ်းစားဆေးများဖြစ်သည့် ဆစ်ဂနယ်၊ နိုင်တီတူး၊ ဖော်တီဖိုက်၊ ဘုရင်မ၊ ကွမ်းပေါင်းထုပ် စသည့် အသည်းနှင့် ကျောက်ကပ်အား အဓိက ထိခိုက်စေမည့် ဓာတုဆေးဝါးများအား အသုံးပြုလာကြသည်။ ထိုဆေးဝါးများသည် လျှာကင်ဆာ၊ ပါးပေါက်နာကဲ့သို့သော အနာဆိုးများကိုလည်း အထောက်အပံ့ ဖြစ်စေလေသည်။ ထိုသို့သော ရောဂါများအပြင် ကွမ်းစားသုံးသူများအတွက် ကျောက်တည်၍ ခွဲစိတ်ကုသရပါက ခွဲစိတ်ကုသ ကုန်ကျစရိတ်သည် ကျပ် ၁၀ သိန်းနှင့်အထက် ရှိနေကြောင်းလည်း အသိပေးလိုပါသည်။ ကွမ်းစားသူ ကံမကောင်း၍ လျှာကင်ဆာကဲ့သို့သော ကင်ဆာများ စွဲကပ်လာပါက စုဆောင်းရှာဖွေ ထားသမျှသည် ဆေးဖိုးနှင့် ၀ါးခတွင် တစ်တပ်တစ်အား ပါဝင်သွားမည် ဖြစ်ကြောင်းလည်း ထပ်ဆင့်အသိပေးလိုပါသည်။
မြန်မာနိုင်ငံတွင် အံ့သြစရာကောင်းသော ကိစ္စမှာ ကွမ်းတံတွေးထွေးခြင်း အလေ့အထ ဖြစ်မည်ထင်သည်။ ဘုရားပေါ်လည်း ကွမ်းသွေးထွေးကြသည်။ တိုက်ခန်းထောင့်တွေလည်း မရှောင်၊ ကားပေါ်ကလည်း တဗျစ်ဗျစ်နှင့် ‘အရည်မရ အဖတ်မရ’ ဆိုသော အဓိပ္ပာယ်တစ်ခုအား ပေါ်လွင်အောင် သရုပ်ပြုနိုင်လွန်းပေသည်။
မြန်မာနိုင်ငံ၏ မဖွံ့ဖြိုး၊ မတိုးတက်ဆိုသော နေရာများအား သွားရောက်လေ့လာကြည့်ပါ။ ခေတ်မီအသုံးအဆောင်များ မြင်ချင်မှ မြင်ရမည် ဖြစ်သော်လည်း ကွမ်းသွေးနှင့် ကွမ်းယာဆိုင်ကတော့ နေရာအနှံ့မှာ ရှိနေပါသည်။ မွေးရပ်မြေဖြစ်သည့် ပခုက္ကူ မြို့တွင် ယခင်က လမ်းမပေါ် ကွမ်းတံတွေးထွေးလျှင် ဒဏ်ငွေတပ်မည်ဆိုသည့် ကြော်ငြာဆိုင်းဘုတ်များ ရှိခဲ့ဖူးသည်။ အဆိုပါ ဆိုင်းဘုတ်သည်လည်း ယခုမတော့ ကွမ်းသွေးများ ဖုံးလွှမ်းလေပြီလား မသိ။ လမ်းများ၏ နေရာအနှံ့တွင် ကွမ်းတံတွေးများသာ ကြီးစိုးနေလေသည်။
ကျွန်တော်၏ ငယ်ဘ၀အသိတွင် အိန္ဒိယလူမျိုးများသည် ကွမ်းစားသည်ဟု သိခဲ့သည်။ တကယ်လည်း သူတို့စားသည်ကို မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်စာရင်း၏ ကွမ်းသီးတင်ပို့သည့် နိုင်ငံများမှာ အိန္ဒိယနှင့် မလေးရှားနိုင်ငံ ဖြစ်နေခြင်းက သက်သေခံနေသည်။ ပြီးခဲ့သည့် မတ်လက အိန္ဒိယနိုင်ငံရှိ နယူးဒေလီမြို့သို့ သွားရောက်စဉ်က မသွားမီ ကျွန်တော့်အတွေးသည် အိန္ဒိယနိုင်ငံ၏ သန့်ရှင်းမှုနည်းသော လူနေစရိုက်ကြောင့် ကွမ်းသွေးဗရပွကို မြင်ရမည်ဟု ယူဆခဲ့မိသည်။ နယူးဒေလီသို့ တကယ်ရောက်ချိန်တွင်မတော့ ကျွန်တော်၏ ယူဆချက်သည် အထင်နှင့်အမြင်ပါ စင်အောင်လွဲနေကြောင်းကို ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ မြို့ကြီးများ၏ ကွမ်းတံတွေး ဗရပွ လမ်းများနှင့် ခြားနားနေသော နယူးဒေလီ လမ်းမကြီးများက ပြောင်ပြနေသလိုလို။
ကွမ်းယာဆိုင်များစွာအား တွေ့နေရပြီး ကွမ်းတံတွေးများ လမ်းပေါ်တွင် မတွေ့ရသည်ကို အခဲမကျေသော ကျွန်တော်သည် နယူးဒေလီ၏ ကွမ်းသွေးကွက်အား ‘မတွေ့မနေ ရှာမယ်။ မြန်မာလူမျိုးတွေမှ စည်းကမ်းမဲ့တာ မဟုတ်ဘူး။ အိန္ဒိယလူမျိုးတွေလည်း စည်းကမ်းမဲ့တယ်ဆိုတာ သက်သေပြရမယ်’ ဟု မလျှော့သော လုံ့လဖြင့် ကြိုးပမ်းရှာဖွေခဲ့သည်။ နောက်ဆုံးမတော့ ရည်ရွက်ချက် ပြည့်ပါသည်။ ပြန်ခါနီး နောက်ဆုံးညနေတွင် မြန်မာနိုင်ငံသားများ စုပေါင်းနေထိုင်ပြီး အိန္ဒိယနိုင်ငံ အနောက်ပိုင်း Vikas Puri တွင် တည်ရှိသည့် Burma Center Delhi တိုက်ခန်းတွင် ကွမ်းသွေးကွက်များအား တွေ့လိုက်ရလေသည်။ အိန္ဒိယနိုင်ငံ၏ လူ့အဆင့်အတန်းအောက် ရောက်နေသည့် စီရပူရိ ဧရိယာတွင်ပင် အိန္ဒိယနိုင်ငံသားများထွေးသည
မြန်မာလူမျိုးများ၏ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသော ဓလေ့သည် ကမ္ဘာကျော်သော ဓလေ့ဆိုချေက လွန်အံ့မထင်ပေ။ စင်ကာပူနိုင်ငံတွင် ကွမ်းစားပြီး လမ်းဘေး၊ ရေမြောင်းများတွင် ကွမ်းသွေးထွေးသဖြင့် ဒဏ်ရိုက်ခံရသော မြန်မာနိုင်ငံသားများ အကြောင်းကို စင်ကာပူပြန် သူငယ်ချင်းများထံမှ မကြာခဏ ကြားရတတ်သလို ထိုင်းနိုင်ငံတွင်လည်း မြန်မာလူမျိုးများစားသော ကွမ်းသွေးကွက်အား တွေ့နိုင်ပေသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလက ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တွင် မြန်မာတို့စားသုံးသည့် ကွမ်းယာကြောင့် ကွမ်းတံတွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစားသုံးမှု လျှော့ချရေးအတွက် ကွမ်းကမ်ပိန်တစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းဖော်ပြချက်တစ်ခုမှာ ဖတ်ခဲ့ရသည်။ ထိုသတင်းတွင် မြန်မာတွေကျင်လည်ရာ နေရာတွေမှာ မြန်မာတွေ ထွေးထားတဲ့ ကွမ်းသွေးကွက်တွေကို ဆေးကြောခြင်းတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သူ့စာထဲမှာ ရေးထားတဲ့အထဲက ရှက်တတ်ရင် ရှက်စရာကောင်းသလောက် မရှက်တတ်ရင်တော့ ကိုရီးယားရဲ့ လမ်းတစ်ခုက ငါတို့နိုင်ငံသားတွေ အမည်တပ်ပေးတာလို့ ပြောနိုင်ပါတယ်။ စာထဲမှာ ရေးထားတာက မြန်မာတွေထွေးတဲ့ ကွမ်းတံတွေးတွေကြောင့် ဘူဖျောင်းစာတိုက်ဘေးလမ်းကို
ကျွန်တော်ယခုကဲ့သို့ ရေးသားနေခြင်းသည် ကွမ်းစားခြင်းအား တိုက်ဖျက်နေခြင်း၊ ကဲ့ရဲ့နေခြင်း မဟုတ်ပါ။ သင်ကြိုက်နှစ်သက်၍ သင့်ကိုယ်ပိုင်ငွေဖြင့် ရောဂါဝယ်ယူနေခြင်းကိုလည်း ကျွန်တော်မတားမြစ်ပါ။ လူအများအား စိတ်ညစ်ညူးစေသည့် မြန်မာလူမျိုးများ၏ စည်းကမ်းမဲ့ ပြယုဂ်ဖြစ်စေပြီး နေရာအနှံ့တွင် ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေသည့်၊ မြို့တော်အလှအား ပျက်ပြားစေသည့် ကွမ်းသွေးများအား ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ဖြင့်
No comments:
Post a Comment