လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

စိတ်ဝင်စားစရာအချက်များနဲ့မြန်မာပြည်


 မြန်မာ သက္ကရာဇ် (၁၁၈၁ - ၁၁၉၉)  

ဘကြီးတော်လက်ထက်မှာခွေးတွေအသည်းကွဲခဲ့ဖူးပါတယ်။ တော်သလင်းလမှာ ခွေးတွေအူလွန်း ၊ ဆူလွန်းလို့ မခံမရပ်နိုင်တဲ့အတွက်ကြောင့် ဘုရင့်အမိန့်တော်နဲ့ခွေးတွေကို ဖမ်းပြီး (အင်းဝမြို့တော်၏ တစ်ဖက်ကမ်း) စစ်ကိုင်းမြို့ဘက်သို့ ပို့ဖူးပါတယ်။

ဘုရင့်အမိန့်တော်နဲ မန္တလေးက ခွေးတွေကိုဖမ်းပြီးစစ်ကိုင်းကိုပို့တာမှာ ခွေးတွေသားတကွဲ၊ မယားတကွဲဖြစ်ခဲ့တာကို ဗန်းမော်ဆရာတော်ကြီးက ခွေး တွေ ဒုက္ခရောက်ပုံကို ကဗျာစပ်မိလို့ယုံကြည်ချက်ကြောင့်နယ်နှင်ဒဏ်ပေးခြင်းခံရဖူးပါတယ်။ဗန်းမော်ဆရာတော်ကို မန္တလေးမှာ နေထိုင်ခွင့်ရုတ်သိမ်းပြီး ဗန်း မော်ကိုပြန်ပို့ခံရပါတယ်။

ဗန်းမော်ဆရာတော်ကြီးဟာ ယုံ ကြည်ချက်ကြောင့် ဆက်ပြီး ကဗျာစပ်တာမှာဘုရင်က"

ကောင်း ကောင်းမွန်မွန်တရားမှတ်နေပါ။ ဟိုလူ့ ကဗျာစပ်၊ ဒီလူ့ကို ကဗျာစပ်မလုပ်ပါနဲ့တဲ့ ဘုရား။" ဆိုပြီးပြောဖူးပါတယ်။

ခွေးလေးတွေရဲ့အခွင့်အရေးကိုဖော်ထုတ်တာမှာ ရှင်အိန္နောဘာသဓဇ ဆိုတဲ့ဘွဲ့နှင့် ဖိုးသူတော် ပြုလုပ်ဖူးတဲ့ ဖိုးသူတော် ဦးမင်းလဲပါပါတယ်။ ဖိုးသူတော် ဦးမင်းဟာရဲကျောက်ဆောင်ဆိပ်ဆီကို လာတာမှာ စစ်ကိုင်းဘက်ကို့ ပို့ဖို့ ကြိုးနဲ့ချည်ပြီး လှေပေါ်ကို တင်ထားတဲ့ ခွေးထီးကြီးတစ်ကောင်ကိုတွေ့ပါတယ်။ ခွေးမနှစ်ကောင်က ကမ်းထိပ်မှနေပြီးခွဲခွါရမှာကိုသိသလိုအူပြီး ခွေးထီးကြီးကလည်း လှေထဲက ပြန်အူပါတယ်။ဒါကို ဖိုးသူတော်ဦးမင်းက မြင်ရကြားရပြီးသနားသွားတာနဲ့လေးဆစ်ကို ချက်ချင်း စပ်ဆိုလိုက်တာမှာကဗျာရဲ့အစွမ်းကြောင့် ခွေးတွေ တစ်ကျွန်းပိုတဲ့ဒဏ် ၊ အဝေးပို့ဒဏ်ကနေလွတ်မြောက်သွားဖူးပါတယ်။

ခွေးလေးတွေ တစ်ကျွန်းပို့တဲ့ဒဏ် ၊ အဝေးပို့တဲ့ဒဏ်ကနေ လွတ်သွားစေတဲ့ကဗျာလေးကတော့

သည်နှစ်တွင် ၊ ကြုံပြန်ရ ၊ ကျားမနှင့်ဂမ္ဘီ ။
မောင်ကြီး ကြိုးတွေသိုင်းလို့ ၊ စစ်ကိုင်းဆို ဇေယျာမြို့ ကူးပို့ပြန်ပြီ။
ယင်းရဲကျောက်ဆောင်ဆိပ်က ၊ လွမ်းစိတ်နှင့် မယ်တို့ဆီ မျှော်ပြီကွယ့်ဝူး။
မောင်နဲ့တူပင် ၊ မကြီးကို လှေဝယ်တင်လို့ ၊ ပို့ပြန်လျှင် မနေစိမ့်ပါနှင့် ၊ သောတာပန် ဆိုတဲ့ ဆိပ်ကို လှိုင်းတိတ်မှကူး။

ဒီခေတ်ပိုင်းမှာတော့ခွေးလေးတွေနဲ့ပတ်သက်ပြီးသနားစရာကောင်းတဲ့အဖြစ်ကယူနန်ဖက်မှာ ခွေးသားရောင်းတဲ့ဆိုင်တွေအတွက်ရောင်းစားခံရတာပဲဖြစ်ပါတယ်။မန္တလေးနားကပလိပ်ဖက်မှာခွေးတွေကိုဖမ်းထားပြီးစီးပွါးဖြစ်တဖက်နိုင်ငံပို့ရောင်းစားတာတွေရှိတယ်လို့သတင်းတွေကဆိုပါတယ်။သာမန်အရွယ်အစားခွေးလေးတွေဟာ ၁၅၀၀၀ကနေ၂၀၀၀၀ ထိယူနန်ဖက်မှာဈေးရရှိတယ်လို့သိရပါတယ်။

စိတ်ဝင်စားစရာကောင်းတာဟာမြန်မာပြည်မှာတိရစ္ဆာန်တွေရဲ့အခွင့်အရေးကို
ယခင်ခောတ်အစောပိုင်းကထဲကလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒီ့အပြင်ကဗျာဆရာတွေဟာ
အင်မတန်အရေးပါတဲ့အုပ်ချုပ်ရေး၊တရားစီရင်ရေးတွေမှာတနည်းတဖုံဩဇာ
သက်ရောက်စေခဲ့တာကိုလဲထင်ရှားစွာတွေ့ရှိရတာပဲဖြစ်ပါတယ် ။ခေတ်အလိုက်နှိုင်းယဉ်ကြည့်ရင်ယခင်မင်းတွေလက်ထက်တုန်းကတဖက်ကမ်းကိုပို့ဖို့ပဲ
အမိန့်ထုတ်ပြန်ခဲ့ဖူးပါတယ်။ရာဇဝင်တင်တဲ့ကဗျာတပုဒ်ကြောင့်ခွေးလေးတွေပြန်လည်ပြီး
တကျွန်းဒဏ်ကလွှတ်မြောက်လာခဲ့ပါတယ်။

ယခုခေတ်မှာတော့တိရစ္ဆာန်တွေကိုစီးပွါးရေးအတွက်ဖမ်းပြီးရိုက်သတ်ခုတ်ရောင်းအင်မတန်ရက်စက်တဲ့သေတွင်းထဲကိုပို့တာဟာလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတာပါ။မြန်မာပြည်မှာတာဝန်ရှိသူအုပ်ချုပ်သူအစိုးရဟာတိရစ္ဆာန်တွေအတွက်
ဒီလိုဆိုးရွားတဲ့ဖြစ်ရပ်မျိုးတွေရှိနေတာကိုဥပဒေအရတစုံတရာထိရောက်စွာမကာကွယ်နိုင်တာဟာမြန်မာပြည်ရဲ့လူ့ယဉ်ကျေးမှူထိန်းသိမ်းတာကိုပိုမိုတိုးတက်
လာစေတဲ့ပြယုဒ်လားဆုတ်ယုတ်သွားစေတဲ့ပြယုဒ်လားဆိုတာအင်မတန်
စိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။
OMO

Ref: ဂန္ထ၀င်ကဗျာလင်္ကာများ - မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ (ဦးဖိုးကျား)
Eleven Media Article - 26 July 2013

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>