လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ခေါင်း ခါး ခြေ လက် ဤလေးချက် မပျက်စေရ

"ခေါင်း ခါး ခြေ လက် ဤလေးချက် မပျက်စေရ သုခုမ"ဆိုတဲ့စကားပုံဟာ မြန်မာ့သဘင်သည်လောကရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ဆိုရိုးတစ်ခုပါ။အနုသုခုမ ပညာတစ်ရပ်ကိုလေ့လာလိုက်စားမဲ့သဘင်သည်တစ်ယောက်ဟာ ခေါင်း ခါး ခြေ လက်စတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုအချိုးညီညီပေါင်းစပ်ပါမှ ကောင်းမွန်ပြေပြစ်တဲ့ကချိုးကကွက်ကိုဖော်ထုတ်နိုင်ပါလိမ့်မယ်လို့ဆိုလိုရင်းပဲဖြစ်ပါတယ်။ထို့အတူမခြား အလားသဏ္ဍန်တူစွာပဲ မြန်မာ့ရိုးရာလက်ဝှေ့ပညာဟာလည်း အနုသုခုမပညာတစ်ရပ်လို့တင်စားပါရစေ။အပျော့နဲ့အမာ ဆန့်ကျင်ဘက်ဂုဏ်နှစ်ရပ်ကွဲပြားပေမဲ့ ခေါင်း ခါး ခြေ လက်တို့ကို အသုံးပြုခြင်းကတော့တူညီလို့နေပါတယ်။
                  မြန်မာ့ ရိုရာလက်ဝှေ့ကတော့ ခေါင်းခါးခြေလက် တင်မက ဒူး တံတောင် လက်ရုံး လက်ဖျံတို့အပြင် အချုပ် အသိုင်း အကိုင် အပေါက်စသည်တို့ကိုပါမိမိရဲ့ဉာဏ်စွမ်းရှိသလိုတွဲဖက်အသုံးပြုရပါတယ်။တစ်ဖက်လူရဲ့အားသာချက် အားနည်းချက် မိမိနှစ်သက်တဲ့သတ်ကွင်းသတ်ကွက်တွေဖြစ်ပေါ်လာအောင်လည်းဖွင့်ပေးတန်ဖွင့်ပေးရပါတယ်။တချို့လက်ဝှေ့ကျော်တွေက တစ်မတ်ပေးပြီးတစ်ကျပ်ဖိုးရယူနိုင်အောင်ကြိုးစားကြပါတယ်။တစ်ချို့ကတော့တစ်ကျပ်ပေးလိုက်ပြီးတစ်မတ်တန်လောက်အခွင့်အရေးလေးကိုလဲယူကြရပါတယ်။ဥပမာ ပြစရာလက်ဝှေ့ကျော်သူရဲကောင်းတွေ့မရှောင်ကိုမျက်စိထဲမြင်မိပါတယ်။ပြိုင်ဖက်ကစားဖော်ဟာ လူကောင်လည်းကြီးအားအင်လည်းကွာတဲ့အခါတွေ့မရှောင်ဟာ ဖွင့်ပြီးဝင်လေ့ရှိပါတယ်။လက်သီးတစ်ချက်ထိုးရဖို့ တံတောင်တစ်ချက်တိုက်ရဖို့အခွင့်အရေးကို ကဲကြိုက်သလိုလုပ်ကွာ ဆိုတဲ့ပုံစံနဲ့အများကြီးထိုးကျွေးလိုက်ရပါတယ်။နောက်မဆုတ်တတ်တဲ့သတ္တိနဲ့မာဂုဏ်မြင့်မားတဲ့အတွက်ေရာခြေကန်ချက်တွေလက်သီးချက်တွေပြင်းထန်တဲ့အတွက်ပါတွေ့မရှောင်ဟာလူကောင်းသေးပေမဲ့သူ့ထက်ကြီးမားတဲ့ပြိုင်ဘက်လက်ဝှေ့ကျော်တွေအတွက်အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ရပါတယ်။နောက် အချုပ်အသိုင်း အကိုင်အပေါက် ဖျတ်လတ်တက်ကြွနေတဲ့ပြိုင်ဖက်ကိုကြိုးဝိုင်းထဲမှာစိတ်ဓါတ်ရောလူကိုပါရိုက်ချိုးပစ်လိုက်နိုင်တဲ့သတ်ကွက်ပါ။ကျွန်တော်တို့နှောင်းပိုင်းမျိုးဆက်တွေထဲမှာတော့ လက်ဝှေ့ကျော် စောငမန်း နုပျိုစဉ်က ကစားလေ့ရှိပါတယ်။
                  မာဂုဏ်နဲ့လက်သီးတစ်ပေါက်ထဲကိုပဲအားထားပြီးအသုံးပြုသူကတော့အခွင့်အရေးအများကြီးဆုံးရှုံးနေရတယ်လို့ဆိုချင်ပါတယ်။မြန်မာ့ရိုးရာလက်ဝှေ့ဆိုတာလက်သီးတစ်ခုတည်းသုံးခွင့်ရှိတာမဟုတ်ပါဘူး။ထိုင်းလက်ဝှေ့ကျော်တွေထက် ခေါင်း တစ်လုံးပိုသုံးခွင့်ရှိပါတယ်။ကိုယ်ကလက်သီးထိုးဖို့ပဲအာရုံစိုက်နေချိန်မှာပြိုင်ဖက်ရဲ့ခြေကန်ချက်တွေ ဒူး တံတောင်တွေကြောင့်အချိန်မရွေးလဲပြိုသွားနိုင်ပါတယ်။ဒါကြောင့်ရိုးရာလက်ဝှေ့ကိုမြတ်နိုးကြတဲ့ပညာရှင်တွေနဲ့နောင်မျိုးဆက်သစ်လူငယ်များပါအသုံးပြုခွင့်ရှိတဲ့ ခေါင်း လက်သီး ခြေခတ် ဒူး တံတောင် အပြင် အချုပ်အသိုင်း အကိုင်အပေါက်စသည်တို့ကို အသုံးပြုနိုင်အောင်ကြိုးစားလေ့ကျင့်ကြစေချင်ပါတယ်။
                   ရမြေင့်တော့ကြာတင့်သလိုအားကစားဂုဏ်မြင့်တော့လူမျိုးဂုဏ်တင့်ပါတယ်။မြန်မာ့ရိုးရာလက်ဝှေ့ဂုဏ်ကိုအဘက်ဘက်ကမြှင့်တင်ရင်း ကမ္ဘာ့အလယ်မှာမြန်မာဟေ့လို့ဝံ့ကြွားနိုင်အောင် ဝိုင်းဝန်းဖေးမကြပါစို့လို့ ဆန္ဒပြုတိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ Admin.Myu Mim Lwin
"ခေါင်း ခါး ခြေ လက် ဤလေးချက် မပျက်စေရ သုခုမ"ဆိုတဲ့စကားပုံဟာ မြန်မာ့သဘင်သည်လောကရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ဆိုရိုးတစ်ခုပါ။အနုသုခုမ ပညာတစ်ရပ်ကိုလေ့လာလိုက်စားမဲ့သဘင်သည်တစ်ယောက်ဟာ ခေါင်း ခါး ခြေ လက်စတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုအချိုးညီညီပေါင်းစပ်ပါမှ ကောင်းမွန်ပြေပြစ်တဲ့ကချိုးကကွက်ကိုဖော်
ထုတ်နိုင်ပါလိမ့်မယ်လို့ဆိုလိုရင်းပဲဖြစ်ပါတယ်။ထို့အတူမခြား အလားသဏ္ဍန်တူစွာပဲ မြန်မာ့ရိုးရာလက်ဝှေ့ပညာဟာလည်း အနုသုခုမပညာတစ်ရပ်လို့တင်စားပါရစေ။အပျော့နဲ့အမာ ဆန့်ကျင်ဘက်ဂုဏ်နှစ်ရပ်ကွဲပြားပေမဲ့ ခေါင်း ခါး ခြေ လက်တို့ကို အသုံးပြုခြင်းကတော့တူညီလို့နေပါတယ်။
မြန်မာ့ ရိုရာလက်ဝှေ့ကတော့ ခေါင်းခါးခြေလက် တင်မက ဒူး တံတောင် လက်ရုံး လက်ဖျံတို့အပြင် အချုပ် အသိုင်း အကိုင်

အပေါက်စသည်တို့ကိုပါမိမိရဲ့ဉာဏ်စွမ်းရှိသလိုတွဲဖက်အသုံးပြုရပါတယ်။တစ်ဖက်လူရဲ့အားသာချက် အားနည်းချက် မိမိနှစ်သက်တဲ့သတ်ကွင်းသတ်ကွက်တွေဖြစ်ပေါ်လာအောင်လည်းဖွင့်ပေးတန်ဖွင့်ပေးရပါတယ်။
တချို့လက်ဝှေ့ကျော်တွေက တစ်မတ်ပေးပြီးတစ်ကျပ်ဖိုးရယူနိုင်အောင်ကြိုးစားကြပါတယ်။တစ်ချို့ကတော့တစ်ကျပ်ပေးလိုက်ပြီး
တစ်မတ်တန်လောက်အခွင့်အရေးလေးကိုလဲယူကြရပါတယ်။ဥပမာ ပြစရာလက်ဝှေ့ကျော်
သူရဲကောင်းတွေ့မရှောင်ကိုမျက်စိထဲမြင်မိပါတယ်။ပြိုင်ဖက်ကစားဖော်ဟာ လူကောင်လည်းကြီးအားအင်လည်းကွာတဲ့အခါတွေ့မရှောင်ဟာ ဖွင့်ပြီးဝင်လေ့ရှိပါတယ်။လက်သီးတစ်ချက်ထိုးရဖို့ တံတောင်တစ်ချက်တိုက်ရဖို့အခွင့်အရေးကို ကဲကြိုက်သလိုလုပ်ကွာ ဆိုတဲ့ပုံစံနဲ့အများကြီးထိုးကျွေးလိုက်ရပါတယ်။နောက်မဆုတ်တတ်တဲ့သတ္တိနဲ့မာဂုဏ်မြင့်မားတဲ့
အတွက်ရောခြေကန်ချက်တွေလက်သီးချက်တွေပြင်းထန်တဲ့အတွက်ပါတွေ့မရှောင်ဟာလူကောင်းသေးပေမဲ့
သူ့ထက်ကြီးမားတဲ့ပြိုင်ဘက်လက်ဝှေ့ကျော်တွေအတွက်အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ရပါတယ်။နောက် အချုပ်အသိုင်း အကိုင်အပေါက် ဖျတ်လတ်တက်ကြွနေတဲ့ပြိုင်ဖက်ကိုကြိုးဝိုင်းထဲမှာစိတ်ဓါတ်ရောလူကိုပါရိုက်ချိုးပစ်လိုက်နိုင်တဲ့သတ်ကွက်ပါ။
ကျွန်တော်တို့နှောင်းပိုင်းမျိုးဆက်တွေထဲမှာတော့ လက်ဝှေ့ကျော် စောငမန်း နုပျိုစဉ်က ကစားလေ့ရှိပါတယ်။
မာဂုဏ်နဲ့လက်သီးတစ်ပေါက်ထဲကိုပဲအားထားပြီးအသုံးပြုသူကတော့အခွင့်အရေး

အများကြီးဆုံးရှုံးနေရတယ်လို့ဆိုချင်ပါတယ်။မြန်မာ့ရိုးရာလက်ဝှေ့ဆိုတာလက်သီးတစ်ခုတည်း
သုံးခွင့်ရှိတာမဟုတ်ပါဘူး။ထိုင်းလက်ဝှေ့ကျော်တွေထက် ခေါင်း တစ်လုံးပိုသုံးခွင့်ရှိပါတယ်။ကိုယ်ကလက်သီးထိုးဖို့ပဲအာရုံစိုက်နေချိန်မှာပြိုင်ဖက်ရဲ့ခြေကန်ချက်တွေ ဒူး တံတောင်တွေကြောင့်အချိန်မရွေးလဲပြိုသွားနိုင်ပါတယ်။ဒါကြောင့်ရိုးရာလက်ဝှေ့ကိုမြတ်နိုးကြတဲ့
ပညာရှင်တွေနဲ့နောင်မျိုးဆက်သစ်လူငယ်များပါအသုံးပြုခွင့်ရှိတဲ့ ခေါင်း လက်သီး ခြေခတ် ဒူး တံတောင် အပြင် အချုပ်အသိုင်း အကိုင်အပေါက်စသည်တို့ကို အသုံးပြုနိုင်အောင်ကြိုးစားလေ့ကျင့်ကြစေချင်ပါတယ်။
ရမြေင့်တော့ကြာတင့်သလိုအားကစားဂုဏ်မြင့်တော့လူမျိုးဂုဏ်တင့်ပါတယ်။မြန်မာ့ရိုးရာလက်ဝှေ့ဂုဏ်

ကိုအဘက်ဘက်ကမြှင့်တင်ရင်း ကမ္ဘာ့အလယ်မှာမြန်မာဟေ့လို့ဝံ့ကြွားနိုင်အောင် ဝိုင်းဝန်းဖေးမကြပါစို့လို့ ဆန္ဒပြုတိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ Admin.Myu Mim Lwin

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>