လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မင်းကွန်းဆရာတော်ကြီး၏ကိုရင်လေးများအပေါ်ရှုမြင်ချက်

မင်းကွန်းဆရာတော်ကြီး၏ကိုရင်လေးများအပေါ်ရှုမြင်ချက်

  တစ်နေ့ပေါ့
  နေ့လည်ပိုင်း၂နာရီလောက်စာအံနားတော့ ကျောင်းသားကိုရင်များဆော့ကစားနေကြ
  ဆရာတော်ကြီးမန္တလေးကပြန်အကြွနဲ့ဆုံတော့--

  ဆရာတော်ကြီးကဘာပြောလိုက်တယ်ထင်ပါသလဲ
  “ကိုရင်တို့ ဒီအနားမဆော့ကြနဲ့ တပည့်တော်ကျောင်းနားကပိုပြီးကျယ်တယ် အဲဒီမှာလာဆော့ကြ"တဲ့၊၊

  စပ်မိရင်ပြောနေကျ
  ကိုရင်လေးများဆော့ကစားတာကိုအပြစ်မမြင်ကရုဏာအလှ
  ပွင့်အံထွက်လာသောစကားလုံးချိုမြ
  ဘာတဲ့ကွယ်
  “ဆော့ကစားတတ်တဲ့အရွယ်ဆိုတော့ဆော့ကစားမှာပေါ့"တဲ့

  ဒီစကားလုံးအလှကိုလည်းစပ်မိရင်ပြော
  “ကိုရင်ကျောင်းသားလေးတွေဟာ တပည့်တော်တို့ ဦးဇင်းတို့အရွယ်ရောက်လာရင်    ငယ်ငယ်တုန်းကလိုဆော့ကစားပါဦ
  ဘောကန်ပါဦးလို့ပြောကြည့်
  ဘယ်လိုမှမဆော့တော့ပါဘူးဘုရာ
  အရွယ်ကစကားပြောပါတယ်ဘုရား"တဲ့
  တပည့်တစ်ပါးကိုမိန့်ကြားသောစကားအလှပါ

  တစ်ဆက်တည်းဆက်ပြောတဲ့စကား
  အလွန်ပဲမှတ်သားစရာကောင်းလှပါတယ်
  ဘာတဲ့ကွယ်
  “သူတို့လေးတွေကိုပျော်အောင်မွေးရတယ် ကျောင်းမှာကျောင်းသားရှိမှကိုရင်ဆိုတာရှိမယ်  ကိုရင်ဆိုတာရှိမှရဟန်းဆိုတာရှိမယ်
  ရဟန်းဆိုတာရှိမှ သာသနာတော်ကိုစောင့်ရှောက်မယ့်သူရှိမယ်"တဲ့

  သြော်---
  ငယ်ရွယ်စဉ်ကာလ
  ဆော့ကစားတတ်သည့်အရွယ်ပါ့
  အပြစ်မပြင်ကရုဏာအလှ
  ပျော်ရွှင်အောင်ထားရ
  မေတ္တာကြွ
  မွေးမြူ တတ်မှ
သာသနာဝန်ထမ်းများ တိုးပွားအလှပေါ့

@@@@@@@@@@

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>