လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

Network လမ်းကို စတင် လျှောက်လှမ်း တော့မယ် ဆိုရင် !!!









ဒီနေ့ နည်းပညာ ခေတ်ကြီး ထဲမှာ Company လုပ်ငန်း ရှင်တွေ အနေနဲ့ မိမိ တို့ရဲ့ လုပ်ငန်းလည် ပတ်မှုနှုန်းကို
မြှင့်တင်ဖို့ အတွက် (သို့မဟုတ်) လုပ်ငန်းရဲ့ လိုအပ်ချက် အရ စသည်ဖြင့် အကြောင်းပြချက် အမျိုးမျိုးနဲ့ ရုံးတွင်း
မှာ Local Area Network (LAN) ချိတ်ဆက် အသုံးပြုလာ ကြပါတယ်။

Cable (သို့မဟုတ်) Wireless နဲ့ စသည်ဖြင့် ချိတ်ဆက် အသုံးပြုလာ ကြတာကို တွေ့ရပါတယ်။ စာရေးသူ ပြော
ချင်တာ ကတော့ Company တစ်ခု (သို့) လုပ်ငန်း တစ်ခုမှာ Network Installation စတင် လုပ်ဆောင်တော့
မယ်ဆိုရင် Company ဘက်ကရော၊ လာရောက် Install လုပ်ပေးမယ့် Service Provider ဘက်ကရောသိထား
သင့်တဲ့ အချက် ကလေးတွေ ရှိတယ်ဆိုတာကို ပြောချင်တာပါ။

စာရေးသူ ကိုယ်တိုင်က Network Installation ပိုင်းနဲ့ ပတ်သက်ပြီး service ပေးနေတဲ့သူ တစ်ယောက် ဖြစ်
တဲ့ အတွက် ဒီနေ့ မြင်တွေ့နေ ရတဲ့ ပြသနာ တချို့လေးတွေကို တင်ပြ ရင်းနဲ့ပဲ ဒီ အကြောင်း အရာ လေးကို
စာဖတ်သူများ အတွက် ရေးသားတင်ပြပေး လိုက်ပါတယ်။

ကျွန်တော့်တို့ နည်းပညာ လောကမှာ Network Installation လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အရိုးရှင်းဆုံး ပြော
ရမယ်ဆိုရင် အဓိက အားဖြင့် အခြေခံ အပိုင်း (၃) ပိုင်း ရှိပါတယ်။ အဲဒါတွေကတော့ …..

(၁) Planning
(၂) Implementing
(၃) Maintaining ဆိုပြီး ဖြစ်ပါတယ်။ ကောင်းပါပြီ။

ကျွန်တော်တို့ စတင်လေ့လာကြည့်ကြရအောင်ပါ။

Planning
Planning ဆိုတဲ့ လုပ်ငန်းစဉ် မှာတော့ Network တစ်ခု စတင် မချိတ်ဆက်ခင် မိမိတို့ တပ်ဆင်ချိတ်ဆက်
မယ့် လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် စီစဉ်ရေးဆွဲရပါတယ်။ ဘယ်လို ပစ္စည်းမျိုးတွေကို အသုံးပြုသင့်
တယ်။ ဘယ်လို နည်းပညာကို သုံးပြီး တပ်ဆင်သင့်ပါတယ် စသည်ဖြင့် ဒါတွေကို နှစ်ဦး နှစ်ဖက်ညှိ့နှိုင်းရ
တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီအပိုင်းကို လုပ်ဆောင်တဲ့သူဟာ Technician လောကရဲ့
အခေါ်အဝေါ်အရ Network Architect (သို့မဟုတ်) Network Design လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ နိုင်
ငံမှာတော့ ဒါမျိုးတွေ မရှိ ပါဘူး။ ကုမ္မဏီတွေ ဘက်ကလဲ နား မလည်တော့ ဟို ဖုန်းဆက် ၊ ဒီ ဖုန်းဆက်နဲ့
နောက်ဆုံးတော့ ဈေးသက်သာတဲ့ Service Provider နဲ့ နှစ်ပါးသွား လိုက်ကြပါတယ်။

နောက်ဆုံးတော့ ဘယ်ကပဲ နှစ်နာလဲ။ Network Install လုပ်ခြင်းခံလိုက်ရတဲ့ စက်ရုံ ၊ အလုပ်ရုံ ၊ ကုမ္ပဏီ
တွေဘက်ကပဲ နှစ်နာရပါတယ်။ တကယ်တော့ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ အရာတစ်ခုပါ။ Network တော့
ချိတ်လိုက်တာပဲ။ ဒါပေမယ့် စတင် Install လုပ်စဉ်ကတည်းက Planning မရှိပဲ ထိထိမိမိမဖြစ်တဲ့အတွက်
ချိတ်ဆက်ခြင်း ခံရတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ လည်း အလုပ်မတွင်ကျယ်ခြင်း၊ လုပ်ငန်းရပ်ဆိုင်းသွားခြင်း
စသည်ဖြင့် ပြသနာတွေ အမျိုးမျိုး ရင်ဆိုင်ရတယ်။

နောက်ဆုံး ဘယ်လောက်ထိ ဖြစ်လာလဲ ဆိုတော့ Network ချိတ်ဆက် အသုံးပြုတာ ဘာမှလဲ မထူးပါဘူး
ဆိုတဲ့ စကားလုံးတွေ ထွက်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ Network သမားတွေလဲ သိက္ခာ
ကျပါတယ်။

တကယ်တော့ ဒီ Planning အပိုင်းဟာ အရမ်းအရေးကြီးပါတယ်။ Service Provider အနေနဲ့လည်း မိမိတို့
့ရဲ့ Client Company ကို သေချာစွာရှင်းပြပေးနိုင်ရပါမယ် Network တစ်ခု စတင်ချိတ်ဆက်တဲ့အခါ Cable ကြိုးတပ်ဆင်တာကအစ နံရံထဲကို ၀ှက်ပြီး ကြိုးသွယ်တန်းမှာလား ၊ အပေါ်ယံ ထွမ်းကင်း နဲ့ သွယ်တန်းမှာ
လား။ EMI (Electromagnetic Interference ) RFI (Radio Frequency Interference) စသည့်အခြေခံ
အချက်တွေ၊ Network Cable တွေကို လျှပ်စစ်ကြိုးတွေနဲ့အတူ မသွယ်တန်းသင့်တဲ့ အချက်တွေ။ နံရံထဲက
ဝှက်ပြီးကြိုးသွယ်တန်းမယ်ဆိုလဲ Plenum grade ပါတဲ့ Network Cable ကြိုးမျိုးတွေကို အသုံးပြုသင့်တဲ့အ
ချက်တွေ စသည်ဖြင့် အခြေခံ အချက်တွေကအစ သေချာအောင် planning လုပ်ဖို့ လိုအပ်ပါတယ်။

တကယ်တော့ Network တစ်ခု မှာ Cable Installation လုပ်ငန်းစဉ် ဆိုတာ အရမ်း အရေးကြီး ပါတယ်။
Network Cable ဆိုတာ Electronic Cable လို ဖြတ် ဆက်ပြီး သုံးရတာ မဟုတ်ပါဘူး။ အဆောက် အဦး
တစ်ခု အတွင်းမှာ အားလုံး Setup လုပ်ပြီးသွားခါမှ Network Cable တွေ အစအဆုံး ပြန် Install လုပ်ဖို့
ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အရာတစ်ခုပါ။ နောက်တစ်ခုကတော့ Network ထဲမှာ အသုံးပြုမယ့်
Device တွေကို သေချာစွာ Planning လုပ်ဖို့ လိုပါတယ်။ Hosts အရေ အတွက် ၁၅ လုံး လောက်နဲ့ File
Sharing လောက် အသုံးပြုမယ့် လုပ်ငန်းအသေးတစ်ခုကို Management Switch တွေ Management
Router တွေ သွားပြီးတပ်ဆင်ပေးဖို့ မလိုအပ်ပါဘူး။

Company အနေနဲ့ ဘယ်လို လုပ်ငန်းမျိုးတွေ လုပ်မယ့် Company မျိုးလဲ။ ဘယ်လို service တွေကို အဓိ
က သုံးမှာလဲ။ စသည်ဖြင့် Company ရဲ့ Requirement အပေါ်မူတည်ပြီး Planning လုပ်ငန်းစဉ်ကို သေ
ချာစွာ အစီတကျ ဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ အကြံပြုချင်ပါတယ်။ နောက်တစ်ချက်
ကတော့ Network တစ်ခုမှာ Backup System က အရမ်း အရေးကြီးပါတယ်။ Server တစ်လုံး Down
တာနဲ့ လုပ်ငန်းတစ်ခုလုံး ရပ်သွားတာမျိုးတွေ အပြင်မှာ တကယ်လက်တွေ့ မြင်တွေ့နေရပါတယ်။

Network တစ်ခုမှာ Backup System ရှိကို ရှိနေရပါမယ်။ အဲဒီအတွက် လုပ်ငန်းရဲ့ အနေအထားအပေါ်
ကြည့်ပြီး ဘယ်လို system မျိုးကို အသုံးပြု ရမလဲ စသည်ဖြင့် သေချာအောင် Planning လုပ် ထားဖို့ လို
အပ်ပါတယ်။ တကယ်တော့ ဒီ အကြောင်း အရာတွေကို အသေးစိတ် ချရေးမယ်ဆိုရင် စာအုပ် တစ်အုပ်
တောင် ထုတ်ဝေလို့ရနိုင်ပါတယ် ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဒီနေ့ခေတ် လူငယ်တွေ မြင်သာအောင်
အပေါ်ယံ သဘောတရားလေးတွေကိုသာ ရေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေ အနေနဲ့
လည်း ရှေ့ကလူတွေက ဖြစ်သလို လုပ်သွား ကြတာတွေကို လိုက်ပြီး အတု မယူကြဖို့၊ တိုးတက်နေတဲ့
နည်းပညာ ခေတ်ကြီး ထဲမှာ မိမိ ကိုယ်တိုင် အင်တာနက်မှာ Study လုပ်ကြဖို့၊ တကယ်နားလည် တတ်
ကျွမ်းတဲ့ ဆရာတွေဆီမှာ သေချာ စနစ်တကျ သင်ယူလေ့လာဖို့ အကြံပေးချင်ပါတယ်။

Implementing
ဒုတိယလုပ်ငန်းစဉ် တစ်ခုအနေနဲ့ကတော့ Implementing အပိုင်းပဲ ဖြစ်ပါတယ်။ ဒီအပိုင်းကတော့ ကျွန်
တော်တို့ လူငယ်တွေ အတော်ကို ကျွမ်းကျင်ကြတဲ့ အပိုင်းလို့ ပြောရင် မမှားပါဘူး။ Implementing ဆို
တာ အကောင်အထည်ဖေါ်ခြင်း၊ ပြီးစီးအောင် ဆောင်ရွက်ခြင်းကို ဆိုလိုပါတယ်။

တနည်း အားဖြင့် Network တစ်ခုရဲ့ Installation and Configuration လုပ်ငန်း စဉ်ကို ပြောခြင်း ဖြစ်ပါ
တယ်။ အရမ်း ကျွမ်းကျင် ကြပါတယ်။ ဘယ်လို Server မျိုးကို Configuration လုပ်ပြ ရမလဲ။ Microsoft
မှာဆိုရင် Active Directory (AD) Exchange Server, ISA Serverလား ဒါမှမဟုတ်အခု Microsoft com
pany ရဲ့နောက်ဆုံး ထုတ် TMG Server ကိုသုံးချင်လား၊ Windows Server 2012 နဲ့ Setup လုပ်ခြင်သ
လား စသည်ဖြင့် ဘယ်လို server မျိုးကို Configuration လုပ်ပေး ရမလဲ။ ကျွန်တော် အကုန် လုပ်တတ်
တယ်ဆိုတာမျိုးကြီးပါပဲ။

နောက် တစ်ခု Open Source မှာ ဆိုလည်း Squid Proxy, Ipcop, Zentyal, Pfsense, Smoothwall,
Vyatta စသည်ဖြင့် ဘယ်ဟာကြိုက်လဲ၊ ဘယ် server ကို သုံးချင်လဲ။ နည်းပညာကို ကျွမ်းကျင် တာက
တော့ ကောင်း ပါတယ်။ ဒါပေမယ့် ဒီ server တွေကို Install လုပ်တက်ရုံ ၊ Configuration လုပ်တတ်
ရုံနဲ့ မပြီးသေးပါဘူး။ ဒီလို server မျိုးတွေကို ဘယ်လို လုပ်ငန်းမျိုးတွေမှာ အဓိက အသုံးပြုရမလဲ သူ့အ
တွက် Hardware Specification ဘယ်လောက်လိုအပ်မလဲ ဆိုတဲ့ အချက်တွေကို သေချာ နားလည်
အောင်သိ့ထားဖို့လဲ လိုအပ်ပါတယ်။

ကိုယ်လုပ်တတ်တိုင်း တွေ့သမျှ Network တွေကို အသုံးပြုလို့ မရဘူး ဆိုတာကို သေချာ တက်သိ့နား
လည်ထားဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ Network တစ်ခုတပ်ဆင်ပြီးသွားပြီဆိုတာနဲ့ လုပ်ငန်း
ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး Motorning system ကို အသုံးပြုပါ။ morotring လုပ်တယ်ဆိုတာ Net
work ကို အသုံးပြုရခြင်းရဲ့ ကောင်းကျိုးတစ်ခုလို့ ပြောရင် မမှားပါဘူး။

Maintaining
နောက်ဆုံး တစ်ခု ကတော့ Maintaining အပိုင်းပါ။ ဒီအပိုင်း မှာတော့ Network Installation လုပ်တဲ့
Provider နဲ့ Install လုပ်ခြင်း ခံခဲ့ရတဲ့ Company လုပ်ငန်းရှင် နှစ်ဦး နှစ်ဖက် စလုံး အပေါ်မှာ မူတည်
တယ်လို့ ကျွန်တော်တော့ ထင် ပါတယ်။ Network တစ်ခု Install လုပ်ပြီး သွားရင် ကိုယ့် တာဝန် ပြီး
သွားပါပြီလို့ မထင်လိုက်ပါနဲ့။ တချို့ကျတော့လဲ မသိ့ချင်ယောင် ဆောင်နေကြတယ်။ ကိုယ်နဲ့ လွတ်ရင်
ပြီးရောပေါ့။ ကိုယ် လုပ်တဲ့ လုပ်ငန်း တစ်ခုကို တာဝန်ယူ ရဲရပါမယ်။ လုပ်ငန်း ရှင်တွေ အနေနဲ့ လည်း
ကိုယ့် company ရဲ့ Network ပိုင်းတာကို တာဝန်ယူထားတဲ့ Provider ကို Install လုပ်ပြီးသွားရင် ရ
ပြီဆိုပြီး လက်လွတ်စဖွယ် အဆုံးမသတ်လိုက်ပါနဲ့။ မိမိ လုပ်ငန်းလည်ပတ်မှုနှုန်းအတွက် ရေရှည်ကို
ကြည့်ပါ။

Network ရဲ့ resources တွေကို ကောင်းကောင်း အသုံးပြုနိုင်ဖို့အတွက် Network တစ်ခု ချိတ်ဆက်ပြီးရုံနဲ့
မပြီးသေး ပါဘူး။ Network တစ်ခု ချိတ်ဆက်ပြီးသွားရင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ ကျန်ရှိ နေပါ
သေးတယ်။ အဲဒါတွေကို Maintaining လုပ်ငန်းစဉ်တွေလို့ ခေါ်ဆိုပါတယ်။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင်
Network ရဲ့ Performance ကို Test လုပ်ဖို့၊ Server ရဲ့ system event logs တွေကို ပြန်လည်စစ်ဆေးဖို့၊
Network ထဲမှာ မလိုအပ်တဲ့ traffic တွေ သွားနေသလား ဘယ်လို Attach မျိုးတွေ ရှိနေလဲ Network ထဲ
မှာဝင်ရောက်လာနိုင်တဲ့ Virus, worm, Trojan, malware, spyware စသည်ဖြင့် နောက်ဆက်တွဲ ပြသ
နာတွေကို Maintaining, Cleaning, Troubleshooting, Updating စသည်ဖြင့်အစဉ်သဖြင့် လုပ်ပေးနေဖို့ ကျန်ရှိနေပါသေးတယ်။ Network သမားတွေအနေနဲ့လည်း မိမိတို့ရဲ့ Client Company ကို Install လုပ်ပြီး
ရင် ပြီးရောဆိုပြီး လက်လွတ်သဖွယ်မထားခဲ့ပါနဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ လည်း မိမိတို့ရဲ့ လုပ်ငန်း လည်
ပတ်မှုနှုန်း ကောင်းမွန်ဖို့ အတွက် Network Installation လုပ်ငန်းစဉ် တစ်ခုဟာ အရမ်းကို အဓိကကျပြီး အရေးကြီးတယ်ဆိုတာကို စာရေးသူ အနေနဲ့ ထပ်ပြောလိုပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတစ်ခုမှာ IT ဂဏ္ဍနဲ့ ပတ်သက်လို့ အမြဲဂရုတစိုက်ရှိပါ။
ယနေ့ခေတ်က အရင်တခေတ်တခါတုန်းကလို လက်မထိပ်ကို အပ်စိုက် တူနဲ့ထုပြီး လက်မတွန့်သူကို သူရဲ
ကောင်းရွှေးတဲ့ခေတ် မဟုတ်ပါဘူး။ ခါးပတ်နက်ရမှ ၊ အားကောင်းမောင်းသန် ဖြစ်မှ၊ ခန္တာကိုယ်အလေးချိန်
ဘယ်လောက်ရှိမှ ဆိုတာမျိုးတွေ ခေတ်မရှိတော့ပါဘူး။ လက်ရုံးချင်းယှဉ်တဲ့ခေတ် မဟုတ်တော့ပါဘူး။ အွန်
လိုင်းကနေ Cyber Attach လုပ်ပြီး တိုက်ခိုက်တဲ့ ခေတ်ဖြစ်နေပါပြီ ကမ္ဘာပေါ်မှာ Cyber Wars တွေ Cyber Crimes တွေများစွာဖြစ်ပေါ်နေတာကိုလည်း စာဖတ်သူတို့ ကြားဖူးမယ်ထင်ပါတယ် ဒီနေ့ မြန်မာပြည်မှာလဲ
ရှိလာပါပြီ။

Trojan တစ်ကောင် ဒါမှမဟုတ် spyware တစ်ကောင်လောက်နဲ့ ခင်ဗျား ကုမ္မဏီတစ်ခုလုံးကို ကြိုးကိုင်ပစ်
လိုက်နိုင်တဲ့ အချိန်အခါမျိုးတွေ ရောက်ရှိနေပါပြီ။ သိပ်မကြာတော့တဲ့ အချိန်တစ်ခုအတွင်းမှာ ကျွန်တော်တို့
နိုင်ငံဟာလဲ အများကြီး ပြောင်းလဲမှုတွေ ရှိလာနိုင်တဲ့အတွက် Network သမားတွေအနဲ့လည်း အရင်တုန်း
ကလို မဟုတ်ပဲ ဘယ်လို နေရာမျိုးမှာ မဆို Standard ရှိရှိ လုပ်ကြဖို့၊ Security နဲ့ ပါတ်သက်လို့ အထူးဂရု
စိုက်ကြဖို့ လိုအပ် ပါတယ်။ Network သမား တစ်ယောက် ပီပီ Standard ရှိရှိ လုပ်ဖို့ ဆိုတာက တစ်ခြားမ
ဟုတ်ပါဘူး၊ အလွယ် ကူဆုံးနဲ့ အမြင်သာဆုံး တစ်ခုပြော ရရင် ကုမ္မဏီ တစ်ခုမှာ Network တစ်ခု Install လုပ်ပေးလိုက်တယ်။ အကြောင်း တစ်ခုခုကြောင့် ကိုယ်မလာနိုင်တော့ အချိန်မှာ တခြား Network သမား
တစ်ယောက် ရောက်လာခဲ့ရင်လဲ ရှိနေပြီးသား Network ကို update တန်းလုပ်နိုင်တဲ့ အခြေနေ တစ်ခု
မှာ ဖြစ်နေရပါမယ်။

ဒီနေ့ခေတ် အလုပ်ရုံ၊ စက်ရုံ၊ Company တွေအနေနဲ့ရော Network သမားတွေအနေနဲ့ရော Network တစ်
ခုကို စတင် Install မလုပ်ခင်မှာ ကတည်းက ဘယ်လိုတွေ ပြင်ဆင် ထားသင့်တယ်၊ Network Engineer
တစ်ယောက် အနေနဲ့လည်း မိမိတို့ Client Company ကို Network တစ်ခု setup မလုပ်ခင် ကြိုတင်ပြင်မှု
တွေ ပြုလုပ်နိုင်ဖို့ အတွက် ကျွန်တော့် အနေနဲ့ တစိတ်တပိုင်း ရေးသား တင်ပြရင်း ဒီနေရာမှာပဲ နိဂုန်းချုပ်
လိုက်ပါတော့မယ်။

ကြိုးစားပါဦးမည် …….

credit to original writer ………..

post by Myint Htay Aung

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>