လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ရန်ကုန်

ရန်ကုန်

ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက (၁၇၅၅) ခုနှစ်၊မေလ (၂) ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ ပထမဆုံးအမည်မှာ ဥက္ကလာပ မြို့ပါ။

ရန်ကုန်မြို့ရဲ့ ပထမဆုံးမြေကွက်အကျယ်မှာ အကျယ်အ၀န်းနှစ်မိုင်ပတ်လည်ခန့်သာရှိပြီး ယနေ့ခေတ်အမှတ်အသားဖြင့်ဆိုလျှင် မြောက်ဘက်တွင် ဆူးလေစေတီတော်၊ တောင်ဘက်တွင်ရန်ကုန်မြစ်၊အရှေ့ဘက်တွင် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းဆုံးဝန်းကျင်၊ အနောက်ဘက်တွင် လမ်း (၃၀) ခန့်အထိဖြစ်ပြီး၊ (၁၇၅၅) ခုနှစ်၊ မေလ (၂) ရက်နေ့တွင် စတင်ခဲ့ပါတယ်။မြို့တည်ဆောက်ရာတွင် လက်ဝဲသုန္ဒရ(ဦးနေ)နှင့် ဝေဌုရာဇာ
တို့ ပူးတွဲတာဝန်ယူခဲ့ပါတယ်။

ရန်ကုန်ဘူတာကြီးအား (၁၉၄၇)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၅၄)ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပါတယ်။

ရန်ကုန်မြို့၏ပထမဆုံးမြို့တော်ဝန်မှာ ဦးဇေယျနန္ဒဖြစ်ပြီး၊ (၁၇၅၅)ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ခန့်အပ်ခြင်းခံရပါတယ်။

 ပထမဦးဆုံးအခမဲ့လူထုစာကြည့်တိုက်မှာ (ဘားနက်) အခမဲ့စာကြည့်တိုက် (Bernard Free Library) ဖြစ်ပြီး၊ Sir Charles Edward Bernard က ရန်ကုန်မြို့ (ယခုရန်ကုန်ဆေးရုံကြီးရှေ့ အထက(၁)လသာကျောင်းနေရာ) တွင် (၁၈၈၃) ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်အား (၁၉၂၀)ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးပညာဆည်းပူးခဲ့သော အမျိုးသမီးနှစ်ဦးမှာ မန္တလေးမြို့မှ ဦးကျော်ရန်သမီး မထား နှင့် မော်လမြိုင်မြို့ စတီးလ်ဘရားသားစ် (Steel Brothers) စာရေးဆရာကြီး ဦးကောင်း၏ သမီး မမေစု တို့ဖြစ်ကြ ပါတယ်။

 ရန်ကုန်တက္ကသိုလ်၏ပထမဆုံးအဓိပတိမှာ မြန်မာနိုင်ငံ၊ ဒုတိယဘုရင်ခံ (ဆာ-ရယ်ဂျီနယ်လ်xကာရက်ဒေါက်) (Sir Regin- ald Craddock) ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်၏ပထမဆုံးဘွဲ့နှင်းသဘင်ကို (၁၉၂၁)ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီခန်းမ (Jubilee Hall) အဆောက်အဦးကြီးတွင် ကျင်းပခဲ့ပါတယ်။ ထိုဘွဲ့နှင်းသဘင်ပွဲတွင် လယ်တီဆရာတော် အားဂုဏ်ထူးဆောင် ဥပဒေပါရဂှုဘွဲ့ ဆက်ကပ်ခဲ့ပါတယ်။

 ရန်ကုန်သမ၀ါယမ ဒီဂရီကောလိပ်ကို (၁၉၉၇)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါတယ်။

 ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဝိဇ္ဖာဂုဏ်ထူးတန်းကို ပါမောက္ခဦးဖေမောင်တင်က (၁၉၂၅) ခုနှစ်တွင် စတင်ခဲ့ပါတယ်။

 ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးတက္ကသိုလ်ကျောင်းသားလူရွှင်တော်မှာ ကိုဘိုးကြွေ(ပုသိမ်)ဖြစ်ပါတယ်။

 ရန်ကုန်အဝေးသင်တက္ကသိုလ် (ယခင် တက္ကသိုလ်စာပေးစာယူ) အား (၁၉၉၂)ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ပြီး၊ပထမဆုံးပါမောက္ခမှာ ဦးမျိုးညွန့်ဖြစ်ပါတယ်။

 မြန်မာပထမဆုံးကျောင်းသားသပိတ်အစည်းအဝေးကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ရွှေကျင်တိုက်၊ ဦးအရိယဘုန်းတော်ကြီး ကျောင်းတွင် (၁၉၂၀)ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့က ကျင်းပခဲ့ပါတယ်။

 မြန်မာနိုင်ငံတွင်ဖွဲ့စည်းခဲ့သော ပထမဆုံးမြန်မာအမျိုးသမီးအသင်းမှာ ရန်ကုန်မြို့ မော်တင်လမ်းရှိ ဦးကြူးဖိနပ်ဆိုင်၏ အပေါ်ထပ်၌ (၁၉၁၉)ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့က ဖွဲ့စည်းခဲ့သော မြန်မာအမျိုးသမှး ကုမ္မာရီအသင်းဖြစ်ပါတယ်

အသင်း၏ပထမဆုံးဥက္ကဌမှာ ဒေါ်စုစု (ရိက္ခာတော်ရ စည်ပင်သာယာရေးအရေးပိုင် ဦးဘိုးသောင်၏ဇနီး)ဖြစ်ပြီး၊အတွင်းရေး မှုးမှာ ဒေါ်စောတင် (ဖိနပ်ဆိုင်ပိုင်ရှင် ဦးကြူ၏ဇနီး) နှင့် ဒေါ်လှမေ (ဒီဒုတ်ဦးဘချို၏ဇနီး) တို့ဖြစ်ကြပါတယ်။

စုဆည်းထားသူကိုမင်းကိုကိုကိုကျေးဇူးတင်ပါတယ်ရှင် :)

ရန်ကုန်

ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက (၁၇၅၅) ခုနှစ်၊မေလ (၂) ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ ပထမဆုံးအမည်မှာ ဥက္ကလာပ မြို့ပါ။
ရန်ကုန်မြို့ရဲ့ ပထမဆုံးမြေကွက်အကျယ်မှာ အကျယ်အ၀န်းနှစ်မိုင်ပတ်လည်ခန့်သာရှိပြီး ယနေ့ခေတ်အမှတ်အသားဖြင့်ဆိုလျှင် မြောက်ဘက်တွင် ဆူးလေစေတီတော်၊ တောင်ဘက်တွင်ရန်ကုန်မြစ်၊အရှေ့ဘက်တွင် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းဆုံးဝန်းကျင်၊ အနောက်ဘက်တွင် လမ်း (၃၀) ခန့်အထိဖြစ်ပြီး၊ (၁၇၅၅) ခုနှစ်၊ မေလ (၂) ရက်နေ့တွင် စတင်ခဲ့ပါတယ်။မြို့တည်ဆောက်ရာတွင် လက်ဝဲသုန္ဒရ(ဦးနေ)နှင့် ဝေဌုရာဇာ
တို့ ပူးတွဲတာဝန်ယူခဲ့ပါတယ်။
ရန်ကုန်ဘူတာကြီးအား (၁၉၄၇)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး
(၁၉၅၄)ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပါတယ်။
ရန်ကုန်မြို့၏ပထမဆုံးမြို့တော်ဝန်မှာ ဦးဇေယျနန္ဒဖြစ်ပြီး၊ (၁၇၅၅)ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ခန့်အပ်ခြင်းခံရပါတယ်။
ပထမဦးဆုံးအခမဲ့လူထုစာကြည့်တိုက်မှာ (ဘားနက်) အခမဲ့စာကြည့်တိုက် (Bernard Free Library) ဖြစ်ပြီး၊ Sir Charles Edward Bernard က ရန်ကုန်မြို့ (ယခုရန်ကုန်ဆေးရုံကြီးရှေ့ အထက(၁)လသာကျောင်းနေရာ) တွင် (၁၈၈၃) ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်အား (၁၉၂၀)ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးပညာဆည်းပူးခဲ့သော အမျိုးသမီးနှစ်ဦးမှာ မန္တလေးမြို့မှ ဦးကျော်ရန်သမီး မထား နှင့် မော်လမြိုင်မြို့ စတီးလ်ဘရားသားစ် (Steel Brothers) စာရေးဆရာကြီး ဦးကောင်း၏ သမီး မမေစု တို့ဖြစ်ကြ ပါတယ်။
ရန်ကုန်တက္ကသိုလ်၏ပထမဆုံးအဓိပတိမှာ မြန်မာနိုင်ငံ၊ ဒုတိယဘုရင်ခံ (ဆာ-ရယ်ဂျီနယ်လ်xကာရက်ဒေါက်) (Sir Regin- ald Craddock) ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်၏ပထမဆုံးဘွဲ့နှင်းသဘင်ကို (၁၉၂၁)ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီခန်းမ (Jubilee Hall) အဆောက်အဦးကြီးတွင် ကျင်းပခဲ့ပါတယ်။ ထိုဘွဲ့နှင်းသဘင်ပွဲတွင် လယ်တီဆရာတော် အားဂုဏ်ထူးဆောင် ဥပဒေပါရဂှုဘွဲ့ ဆက်ကပ်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးပညာဆည်းပူးခဲ့သော အမျိုးသမီးနှစ်ဦးမှာ မန္တလေးမြို့မှ ဦးကျော်ရန်သမီး မထား နှင့် မော်လမြိုင်မြို့ စတီးလ်ဘရားသားစ် (Steel Brothers) စာရေးဆရာကြီး ဦးကောင်း၏ သမီး မမေစု တို့ဖြစ်ကြ ပါတယ်။
ရန်ကုန်တက္ကသိုလ်၏ပထမဆုံးအဓိပတိမှာ မြန်မာနိုင်ငံ၊ ဒုတိယဘုရင်ခံ (ဆာ-ရယ်ဂျီနယ်လ်xကာရက်ဒေါက်) (Sir Regin- ald Craddock) ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်၏ပထမဆုံးဘွဲ့နှင်းသဘင်ကို (၁၉၂၁)ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီခန်းမ (Jubilee Hall) အဆောက်အဦးကြီးတွင် ကျင်းပခဲ့ပါတယ်။ ထိုဘွဲ့နှင်းသဘင်ပွဲတွင် လယ်တီဆရာတော် အားဂုဏ်ထူးဆောင် ဥပဒေပါရဂှုဘွဲ့ ဆက်ကပ်ခဲ့ပါတယ်။
ရန်ကုန်သမ၀ါယမ ဒီဂရီကောလိပ်ကို (၁၉၉၇)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဝိဇ္ဖာဂုဏ်ထူးတန်းကို ပါမောက္ခဦးဖေမောင်တင်က (၁၉၂၅) ခုနှစ်တွင် စတင်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးတက္ကသိုလ်ကျောင်းသားလူရွှင်တော်မှာ ကိုဘိုးကြွေ(ပုသိမ်)ဖြစ်ပါတယ်။
ရန်ကုန်အဝေးသင်တက္ကသိုလ် (ယခင် တက္ကသိုလ်စာပေးစာယူ) အား (၁၉၉၂)ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ပြီး၊ပထမဆုံးပါမောက္ခမှာ ဦးမျိုးညွန့်ဖြစ်ပါတယ်။
မြန်မာပထမဆုံးကျောင်းသားသပိတ်အစည်းအဝေးကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ရွှေကျင်တိုက်၊ ဦးအရိယဘုန်းတော်ကြီး ကျောင်းတွင် (၁၉၂၀)ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့က ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်ဖွဲ့စည်းခဲ့သော ပထမဆုံးမြန်မာအမျိုးသမီးအသင်းမှာ ရန်ကုန်မြို့ မော်တင်လမ်းရှိ ဦးကြူးဖိနပ်ဆိုင်၏ အပေါ်ထပ်၌ (၁၉၁၉)ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့က ဖွဲ့စည်းခဲ့သော မြန်မာအမျိုးသမှး ကုမ္မာရီအသင်းဖြစ်ပါတယ်
အသင်း၏ပထမဆုံးဥက္ကဌမှာ ဒေါ်စုစု (ရိက္ခာတော်ရ စည်ပင်သာယာရေးအရေးပိုင် ဦးဘိုးသောင်၏ဇနီး)ဖြစ်ပြီး၊အတွင်းရေး မှုးမှာ ဒေါ်စောတင် (ဖိနပ်ဆိုင်ပိုင်ရှင် ဦးကြူ၏ဇနီး) နှင့် ဒေါ်လှမေ (ဒီဒုတ်ဦးဘချို၏ဇနီး) တို့ဖြစ်ကြပါတယ်။
စုဆည်းထားသူကိုမင်းကိုကိုကိုကျေးဇူးတင်ပါတယ်ရှင် 
@@@@

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/

အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>