လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကျုပ်တို့ဆီမှာဗျာ


ကျုပ်တို့ဆီမှာဗျာ.....
ဒီမိုကရေစီ... နိုင်ငံရေးသမားတွေ ..ဥပဒေ ပြင်ဖို့လုပ်နေချိန်...
အာဏာ ရသူတွေက ၁၁ ဘီလီယံ ကို ကြေးနီတောင်က ၀မ်ပေါင် နဲ့ ရခိုင်က ကုလားဇတ်ထုတ်
ထပ်ရောတယ်...
စာရေးဆရာတွေ သရဲအကြောင်းရေးတော့
ဘုန်းဘုန်းက ကုလား အကြောင်း...တွေးတယ်..
ဆရာဝန်တွေ ကားပွဲစားလုပ်ပြီး အဆိုတော် အဖြစ်သီချင်လည်းဆိုရော..
ကွမ်းရာဆိုင်က မာမူကြီးက ဆေးကုတယ် ဆေးပေးတယ်...(တကယ်ကျွမ်းပါသည်)

လယ်သမားတွေ ဆန္ဒပြတယ်....
စစ်သားက လယ်ထွန်တယ်....လယ်သိမ်းတယ်..
လယ်ယာ ၀န်ကြီးက လယ်သမား ကို တနပ် လျော့စားခိုင်းတယ်
ဓါးမြက ကြီးကြီးကျယ်ကျယ်ပြောတတ်တော့...
တိုင်းရင်းသားလက်နက်ကိုင်ဖြစ်လာတယ်...
ခွဲထွက်ေ၇း တွေ ပြောတယ် ..ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ဖယ်ဒရယ်တွေ ဖြစ်လာတယ်
သရုပ်ဆောင်မင်းသားက လူရွှင်တော်လုပ်နေချိန်မှာ...
လူကြမ်းတွေ ဆိုက်ကားနင်းကြတယ်....
ကျောင်းသားတွေ လက်ဘရည် ဆိုင်ထိုင်... ဘောလုံးပွဲလောင်းနေချိန်မှာ
ကျောင်းသူတွေက ဖုန်းပြောဖို့နဲ့ မနက်ဖြန်ဘာဝတ် ရမလဲ စဉ်းစားတယ်...
အင်ဂျင်နီယာတွေ ကျူရှင်ပြနေတော့....
ဘွဲ့ရတွေ ဘက်ထရီပြင်တယ်...တီဗီပြင်တယ်..
၁၀ တန်း အောင်တွေ..ကားစပယ်ရာ လုပ်တယ်..
ကျောင်းဆရာ မတွေ..နှလုံးထိုးတယ်..သုံးလုံးထိုးတယ်
နိုင်ငံစီးပွား တိုးတက်မှု့ နုန်းက အနိမ့်ဆုံးစာရင်းဝင်နေပေမယ့်..
သန်းကြွယ်သဋ္ဌေး တွေ နှစ်စဉ် ပေါ်ထွက်နေတယ်..
ကျွန်းသစ် သဘာဝဓါတ် ငွေ့ ကျောက်မျက် ရတနာတွေ မျိုးစုံထွက်နေပေမယ့်
အုပ်ချုပ် သူ အစိုးရ ကြွေး ပတ်ချာလည် ၀ိုင်းနေတယ်..
“အဲဒီမှာ... ကလေးတွေအတွက် စာသင်ခုံတွေ အလုံအလောက်မရှိပေမဲ့
အလုပ်လက်မဲ့တွေအတွက် ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။
အဲဒီမှာ... ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ရောင်းကောင်းရောင်းဝယ် ဈေးကွက်မရှိပေမဲ့
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့ အပေါင်ဆိုင်တွေ ရှိတယ်။
ပြီးတော့... သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့ တရားဥပဒေ ရှိတယ်။
ရေဒီယိုနဲ့ ကောလဟာလ ပေါင်းထားတဲ့ မျှော်တလင့်လင့် နိုင်ငံရေး ရှိတယ်။
စာပေစိစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိတယ်။
အမှားတွေ ပျောက်မလားလို့ တံတားတွေ ဆောက်ထားတာ ရှိတယ်။
မြို့ပြင် လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ် ကင်းစောင့်နေတဲ့ အေးချမ်းစွာ ပညာသင်ကြားရေး ရှိတယ်။
ပြီးတော့... အိမ်ထဲက အိမ်ပြင် မထွက်ရဲတဲ့ လူတစ်ယောက်နဲ့
တရုတ်တန်းဖြစ်သွားတဲ့....ရတာနာပုံ နန်းတော်တစ်ခုရှိတယ်...
ကျန်တာ တွေ သူငယ်ချင်း တို့ပဲ.. ဆက်ရေးပေးစေလိုပါတယ်...

‪#‎Burmarpyithar‬

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>