လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အုပ်ချုပ်သူ အစိုးရ ရှိကြောင်း သက်သေပြပါ



အခုလို သင်္ကြန် ပိတ်ရက်အနားရောက်တိုင်း ကြုံနေကျဖြစ်တဲ့ နယ်ကနေ ရန်ကုန်မှာ ဝမ်းစာအတွက် လာနေကြရတဲ့ သူတွေရဲ့ ဒုက္ခ။ရက်ရှည် ပိတ်လို့ နယ်က ကိုယ့်မိသားစု ရှိတဲ့ အိမ်ကိုပြန်ကြရမယ့်အရေး အတော် ဒုက္ခ ရောက်ကြရရှာတယ်။ကားလက်မှတ် သွားဝယ်ပြန်တော့ အနားနီးမှ ရောင်းမယ်
ပြောတယ်။ ရောင်းပြီဆိုလို့ ဝယ်လိုက်ကြပြန်တော့ ပုံမှန်ဈေးနှုန်းထက် နှစ်ဆဝန်းကျင်လောက် တင်ရောင်းတယ်။ ဒါလည်း လိုချင်တဲ့ အချိန် လိုသလောက် ရတာမဟုတ်။

ရောင်းလိုက်တဲ့ လက်မှတ်မှာ ဘယ်ကားဂိတ်ကမှ ဈေးမှန် မရေးပေးဘူး။ ရေးခိုင်းလို့လည်း မရဘူး။ သူတို့ကို ပြန်ပြီး ပြဿ  နာရှာမှာ စိုးတာကိုး။ အဲဒီတော့ လွတ်လပ်တဲ့ ဈေးကွက်စီးပွါးရေးသဘောအရ သတ်မှတ်တဲ့ဈေးအပေါ်မှာ ကျေနပ်ရင် ဝယ် မကျေနပ်ရင် မဝယ်နဲ့ပေါ့။ ဒီနေရာမှာ အစိုးရဲ့ ကူညီ ထိန်းကျောင်းမှု ရှိရင် မကောင်းပေဘူးလား။ အစိုးရအနေနဲ့က လုံးဝ မလုပ်တာတော့ မဟုတ်ပါဘူး။ အခုလို ရက်ရှည် ရုံးပိတ်ရက်တွေမှာ ယာဉ်စီးခ နှုန်းထားများ ပုံမှန် ဖြစ်ရေး အတွက် စီစဉ် ညွှန်ကြားထားပါတယ် ဆိုတာမျိုးတော့ စာစောင်တွေမှာ ရေးတာ ဖတ်ရဖူးပါတယ်။ လက်တွေ့မှာတော့ တခါဖူးမှ ထိထိရောက်ရောက် စီမံပေးတာ မကြုံ ဖူးသေးပါဘူး။

ဒါ Supply နဲ့ Demand မမျှတဲ့ ကိစ္စဆိုတာ လူတိုင်းသိတယ်။ အခုလို Supply ထက် Demand များလို့ ဖြစ်ရတဲ့အပေါ် မှာ ပုဂ္ဂလိက ယာဉ်လိုင်း တွေက အခွင့်အရေးတစ်ရပ်လို သဘောထားလာပြီး စားသုံးသူနှင့် ခရီးသွား ပြည်သူအပေါ် လုပ်ချင်တိုင်း လုပ်စားနေကြတော့တာပါဘဲ။ သက်ဆိုင်ရာ က မသိတာတော့ မဖြစ်နိုင်။ ဒီလိုအခြေနေမျိုးကို ပုဂ္ဂလိက လုပ်ငန်းရှင်က သူ့ချည်းတော့ ရမ်း ရဲမှာမဟုတ်။ ဆိုင်ရာကို ပူဇော် ပသလို့သာ လုပ်လို့ ရတာပေါ့။ ဒီလောက် မဟားတရား နှစ်တိုင်း ဖြစ်နေတဲ့ ကိစ္စကို မသိပါဘူး မဟုတ်ပါဘူး ငြင်းရင်လည်း တော်တော် တာဝန်မဲ့တဲ့ အစိုးရ။

တကယ်ဆို ဒီလို Demand တက်လာနိုင်ခြေ ရှိတဲ့ အချိန်အခါတွေအတွက် သက်ဆိုင်ရာ ဖက်က ပုံမှန်ထက် ယာဉ်အစီးရေ ပိုမို ပြေးဆွဲနိုင်အောင် စီမံသင့်တာပေါ့။ လုပ်ပါတယ် ဆိုတာလောက် လာမပြောပါနဲ့။ မထိရောက် မလုံလောက်လို့ အများပြည်သူ ဒုက္ခရောက်လွန်းလို့ ပြောနေတာပါ။

ဒီလိုရက်မျိုးမှာ ခရီးသွားကြရတဲ့ ပြည်သူတိုင်းဟာ ပုဂ္ဂလိက ယာဉ်လိုင်းတွေရဲ့ စည်းလွတ်ဘောင်လွတ် လုပ်ချင်တိုင်း လုပ်တာကို ခံကြရတာပါဘဲ။ ခရီးသည် များလို့ ဈေးတက်ချင်ရင်တောင် စနစ်တကျ နဲ့ သတ်သတ်မှတ်မှတ် လုပ်ကြရင် မဆိုးပါဘူး။ အခုက အတော့်ကို တရားလွန်ကြတယ်။

အဲဒီလို အခြေနေမှာ ဒီနိုင်ငံဟာ အုပ်ချုပ်သူ အစိုးရ ရှိတဲ့ နိုင်ငံဆိုတာ ခံစားလို့ မရတော့ဘူး။ သက်ဆိုင်ရာတို့ အခုရက်များ အဝေးပြေးကားဝင်းတွေကို ခရီးသွားပြည်သူကို အဆင်ပြေ ချောမွေ့အောင် စီမံပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာကြည့် ကြစေချင်တယ်။ သင်္ကြန်ပိတ်ရက် ကားခ ဈေးပိုတောင်းလို့ ယာဉ်လိုင်း အရေးယူခံရတာတော့ မကြားမိသေးဘူး။

ကဲ အုပ်ချုပ်သူ အစိုးရ အနေနဲ့ ဒီကိစ္စ မှာ ခရီးသွားပြည်သူရော လုပ်ငန်းရှင်ရော အဆင်ပြေအောင် ဘယ်လို စီမံဆောင်ရွက်ပေးနိုင်မလဲ။ Good governance ဆိုတာကို လွန်ခဲ့တဲ့ လေးနှစ်ကျော်က စကားအနေနဲ့ ပြောတာ ကြားမိလိုက်ပါတယ်။ အုပ်ချုပ်သူ အစိုးရကို အားကိုးထိုက်တယ်ထင်လို့ အားကိုးတကြီး ပြောပြရခြင်း ဖြစ်ပါတယ်။ ခရီးသွား ပြည်သူကို လုံခြုံ ဘေးကင်း စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့ ဆောင်ရွက်ပေးကြပါ။

Hla Tun Khine

1 comment:

  1. အမှန်​ကြည့်​သင့်​တယ်​ အစိုးရအ​နေနဲ့

    ReplyDelete

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>